ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Sunday, January 18, 2026

Anni Manchi Sakunamule (2023) (ဇာတ်ကား🖊 တွေး၊ညွှန်း)

 


 Anni Manchi Sakunamule (2023) (ဇာတ်ကား🖊 တွေး၊ညွှန်း)
ဗမာလိုဆိုရင်တော့ "ကောင်းသောနမိတ်" တဲ့
ဒါမှမဟုတ် "မင်္ဂလာအပေါင်း ခညောင်းကြစေသတည်း " ပေါ့
......
https://t.me/kolayinde1/1063?single
..

ဇာတ်ကားနာမည် ဘာသာပြန်ကြည့်ရင်း
တခါတည်း သီချင်းတပုဒ်က အလိုလိုစိတ်ထဲရောက်လာတယ်

"အောင်တိတ် အောင်နိမိတ် အောင်ဘိသိက်သွန်းကြသနော်
ပါရမီဖြည့်ဖက် ကြင်ယာတော် " တဲ့ ထားပါတော့

ဒီကားကို ညွှန်းချင်တာက နောက်ဆုံးဇာတ်သိမ်းခန်းမှာ
ပြောလိုက်တဲ့ စကားတခွန်းကြောင့်ပါ
 
အာရာ - ဒီပြဿနာကိုရင်ဆိုင်ရတာ နင်တယောက်တည်းမို့လို့လား
             ငါကောလေ မိန်းကလေးဖြစ်တဲ့ငါတောင်ရင်ဆိုင်ရဲသေးတာ
             ဘာလို့ငကြောက်တယောက်လို ပုန်းရှောင်ထွက်ပြေးရတာလဲ

ရီရှီ - ငါတို့မတူဘူးလေ
         ငါ့အတွက်တကယ်ကိုအချိန်လိုတာပါ 

ဒီစကားလေးတခွန်းကြောင့် ဒီကားကို ကြိုက်ရတာ ကြည့်စေချင်တာပါ

ဒီကားကို အမျိုးသမီးဒါရိုက်တာ
နန္ဒီနီ ရက်ဒီ (B. V. Nandini Reddy) က ရိုက်ကူးခဲ့တာဖြစ်ပြီး
ဆန်သို့ ရှိုဘန် (Santosh Sobhan) နဲ့အတူ
မင်းသမီး မာလဗီကာ နိုင်ရာ (Malavika Nair) တို့က
ဝါရင့်သရုပ်ဆောင်တွေနဲ့တွဲဖက်လို့ ပုံဖော်ထားကြပါတယ်

Https://www.youtube.com/@thantunlayinde 

ကျွန်တော်တို့က ပြဿနာတခု အကြောင်းအရာတခုဖြစ်လာရင်
ငါဆိုရင် ငါ့တုန်းက ဘယ်လိုဘယ်ပုံစသည်ဖြင့် 
မတူညီတဲ့ ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်း 
ပင်ကိုအရည်အချင်းစရိုက်လက္ခဏာကွဲပြားတာကိုသတိမပြုမိဘဲ

ကိုယ်တိုင်ကြုံတွေ့ရင်ဆိုင်ခဲ့တာတွေပမာပြုလို့
လက်အောက်ငယ်သား မိတ်ဆွေသူငယ်ချင်း 
ညီနှမငယ် သားသမီးတွေကို မချင့်မရဲအားမလိုအားမရ ဖြစ်ကြတာမျိုး

ညံ့ရကောင်းလား 
ဖျင်းရကောင်းလား
ဒီလောက်လေးတောင် မတွေးဆရတတ်ကောင်းလား
အသိဉာဏ်မရှိဘူးလား
ဒါလေးတောင် မလုပ်တတ်ဘူးလား
ရင်မဆိုင်ရဲဘူးလား
မဖြေရှင်းတတ်ဘူးလား စသည်သည်ဖြင့် 

ငယ်သားကို တရားလွန်ဖိအားတွေနဲ့
အလွယ်တကူဘဲ အပြစ်တင်ဝေဖန်လိုက်ကြတယ်

ဒီအခိုက်အတန့်တွေ ကြုံတွေ့ခဲ့ဖူးသမျှ
ဒီကားလေးရဲ့ နောက်ဆုံးအခန်းပြောစကားက
ကိုယ့်စိတ်ကို ဘဝင်တကျ ကျေနပ်နှစ်သက်သွားစေခဲ့ပါတယ်

ပြန်ပြောပါရစေ..
"တချို့အတွက် အချိန်တကယ်ကိုလိုအပ်ပါတယ်"

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Mohenjo Daro (2016) မြစ်ညာကတာကျိုးလို့ ရွှံ့ညွန်တွေအောက်ရောက်သွားရတဲ့ ကမ္ဘာ့ဦးကမြို့တော်ကြီး ။ 💥ခုလည်းနီပေါမှာ ကြောက်စရာ

Mohenjo Daro (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း) မြစ်ညာကတာကျိုးလို့ ရွှံ့ညွန်တွေအောက်ရောက်သွားရတဲ့ ကမ္ဘာဦးကမြို့တော်ကြီး ။ မြစ်ဆုံစီမံကိန်းကို ပ...

အထူး