သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, December 17, 2025

Kaantha (2025) (ဇာတ်ကား🖊 တွေး၊ညွှန်း)

 

Kaantha (2025) (ဇာတ်ကား🖊 တွေး၊ညွှန်း)


မြန်မာပြည်ကနေ ပင်လယ်ပြင်ဖြတ်လို့ ခက်ခက်ခဲခဲပြေးထွက်ခဲ့ပြီးမှ ဆရာနဲ့တပည့်ကြားညပ်လို့ ပျားတုတ်ခဲ့ရတဲ့ တက်သစ်စမင်းသမီးလေး 😅

https://t.me/kolayinde1/923

သာမန်အားဖြင့် ဇာတ်ကားကြည့်ရာမှာ ကိုယ်ကအစွဲမရှိပါဘူး နာမည်ကြီးတွေပါလည်း ကြိုက်ချင်မှကြိုက်တာရယ် 


တက်သစ်စတယောက် မပီပြင်မှုတွေရှိသည့်တိုင် ကြိုးစားဖန်တီးတယ်လို့ ယူဆရင် စိတ်နှစ်ကြည့်ပစ်လိုက်ဖို့လည်း ဝန်မလေးဘူး


အိန္ဒိယတောင်ပိုင်း မာလေယာလမ်စတား ဒူလူကက် ဆယ်မန်'က ကိုယ်တကူးတက အမြဲစောင့်ကြည့်တတ်တဲ့ သရုပ်ဆောင်အနည်းငယ်ထဲက တယောက်လို့လည်းဆိုနိုင်တယ် 


သူ့ကားတွေက ခေတ်နောက်လိုက်ပြီး ငွေအတွက် ကျော်ကြားမှုအတွက်သက်သက်မဟုတ်ဘဲ ခြားနားတဲ့အတွေးအမြင်တွေ ဆန်းသစ်တဲ့ခံစားပုံဖော်နိုင်စွမ်းတွေရတယ်လို့ ခံစားရတာကြောင့် ယူဆမိတာကြောင့် တခါတလေ ကြည့်ပြီးသားဖြစ်သည့်တိုင် ကားဟောင်းတွေလည်း ပြန်ပြန်ကြည့်ဖြစ်တယ်


ဒီကားက ဆရာနဲ့တပည့်ကြားမှာဖြစ်တတ်တဲ့ 

အမြင်မတူခြင်းတွေ 

အညှိုးအာဃာတွေ


မေတ္တာအယောင်ဆောင်သွားတတ်တဲ့ ဣိသာတွေ

မစ္ဆရိယဖြစ်သွားတတ်တဲ့ အချစ်လွန်ခြင်းတွေ


အောင်မြင်မှုတွေနဲ့ သာယာပျော်ရွှင်နေတဲ့တပည့်ဖြစ်သူကို ပတ်ဝန်းကျင်က ဝိုင်းဝန်းအားပေးချီးမြှောက်တီးခတ်နေတဲ့ လက်ခုတ်သံတွေက အတုအယောင်တွေဖြစ်တာကို သိစေလိုတဲ့ ဆရာက ပြဿနာတခုဖန်တီးပေးလိုက်တယ်


အကာအကွယ်ပေးချင်ရာကနေ အသိပညာပေးဖို့ကနေ တဖက်ကအလွယ်တကူလက်သင့်မခံချိန်မှာ ကိုယ့်စေတနာကောင်းကို နားမလည်ရကောင်းလား မသိရကောင်းလားလို့ မချင့်မရဲစိတ်မှ ဒေါသအဖြစ်ပြောင်းလဲလို့ ညှိုးသူရန်ဖက်လို တစတစ ကြီးထွားလာတဲ့ ယှဉ်ပြိုင်မှုတွေ


ဒါကိုတပည့်က သူ့အောင်မြင်မှုအတွက် မနှစ်မြိုနိုင်လို့လို့ ယူဆတယ် ယုံကြည်လောက်စရာ အကြောင်းများစွာလည်း ဖြစ်ပေါ်ခဲ့တာကို


မင်းသမီးက ဘာမှမရှိတဲ့သူမဘဝက ဆရာ့ရဲ့စောင့်ရှောက်‌ကူညီမှုကြောင့်သာ ဒီလိုဖြစ်လာရတာပါဆိုတော့ 


ဟုတ်တယ် ငါကိုယ်တွေ့ပဲလေတဲ့


ဒါပေမယ့် နင့်မှာအရာရာပြည့်စုံလာချိန်မှာတော့ သူမေတ္တာဟာမဖြူစင်တော့ဘူး စိုးမိုးချင်လာမယ် ထိမ်းချုပ်ချင်လာမယ် သင့်ရာအပ်ဖို့ဆိုတဲ့‌သဘော ကြည်ဖြူစွာထိမ်းကြောင်းတည့်မတ်ခြင်းဆိုတဲ့ မုဒိတာသဘောသူ့မှာမရှိတာ ခုသူနဲ့ငါ့အကြာဖြစ်နေတဲ့ပြဿနာတွေက နင်လည်းတွေ့နေတဲ့ အရှိတရားပဲမဟုတ်လားတဲ့


မေတ္တာနဲ့ အသိပေးလမ်းပြချင်ရာကနေ ဒေါသတွေရောယှက်လာချိန်မှာ နှစ်ဖက်စလုံးရှုံးခဲ့ရခြင်းတွေကို ဆရာနဲ့တပည့် ပမာထားလို့ပြသွားတာ သိပ်လှတယ် 


ဒါတွေက မိဘနဲ့သားသမီးမှာလည်းဖြစ်နိုင်တယ် 

အုပ်ထိမ်းသူတွေနဲ့ ငယ်သားမှာလည်းဖြစ်နိုင်တယ်

ချစ်ကြသူနှစ်ဦးကြားမှာလည်းဖြစ်နိုင်တယ်ဆိုတာ သတိချပ်ဖို့ပါ


ဆရာနောက်ဆုံးပြောသွားတဲ့စကားလိုပေါ့ 

ငါက ကျားမလေးလို ရင်သွေးတွေကို အန္တရာယ်ကင်းရာအရပ်ကို ကိုက်ချီ ရွှေ့ပြောင်းပေးချင်ခဲ့တာပါ 


ဒါပေမယ့် ကျားမလေးလို့ ရင်သွေးကို မနာကြင်အောင် ကိုက်ချီပေးတတ်တဲ့ ကျွမ်းကျင်မှုမရှိလို့ ဒီအကြောင်းတရားတွေဖြစ်လာတာတဲ့လေ

ဒီကားထဲကမင်းသမီးကတော့ မြန်မာပြည်ကနေ ပင်လယ်ကိုဖြတ်လို့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့တာပါ


ဒင်းလေးကံကောင်းသွားတယ် 😁 

ဒါ့မဆိုရင် နေဝင်းတို့ သန်းရွှေတို့ မအလတို့နဲ့ မျိုးရိုးစဉ်ဆက်စိတ်ညစ်နေရမှာ

Directed by Selvamani Selvaraj ဆေဗာမန်နီ ဆေဗာရဂ်ျ

Starring Dulquer Salman ဒူလူကက် ဆယ်မန်

               P. Samuthirakani ဆန်မူသီရာကာနီ

               Bhagyashri Borse ဘဟာဂျရသျှီ ဘော့ရှ်

               Rana Daggubati


#အရေးတော်ပုံအောင်တော့မည်

#စစ်


အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး