ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Tuesday, December 16, 2025

Kaafir (2025) (ဇာတ်ကား🖊 တွေး၊ညွှန်း)

Kaafir (2025) (ဇာတ်ကား🖊 တွေး၊ညွှန်း)
သောက်ကျိုးနဲလောကကြီးနဲ့
ကံများပြောပါတယ်

ကဲဗျာ ခင်များတို့ပဲစဉ်စားကြည့်
မြုံနေတယ်ယူဆပြီး ယောက်ျားကပစ်လို့ နောက်တယောက်ယူသွားတယ် 

ဒါကြောင့်စိတ်ညစ်ညစ်နဲ့မြစ်ထဲခုန်ချပြီး သတ်သေပါတယ် 
ရှင်သေမင်းကြီးက အလွယ်တကူလက္ခံလိုက်ပြီးတာကိုး မဟုတ်ရဘူး တဖက်နိုင်ငံအထိမျောပါသွားစေသတဲ့

တော်သေးရဲ့မမှတ်နဲ့ 
နိုင်ငံခိုးဝင်သူအဖြစ်လောက်သာမဟုတ်ဘဲ အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်လို့ ထောင်ဒါဏ် ၁၅ လ ချမှတ်လိုက်တယ်

ဒီမှာ ထောင်စောင့် ဇွတ်အတင်းပေးလိုက်တဲ့ အဓမ္မလက်ဆောင်ကြောင့် ထောင်သူစစ်စစ်မျိုးဆက်သစ်သမီးလေးကိုပါ သူမရဲ့ကံမျိုးစေ့ အမွေပေးလို့ မွေးကတည်းက အကျဉ်းစံရသူလေး ဖြစ်ရ‌လေသပေါ့ 😅

အံမယ် ကံဆိုးမှုများစွာထဲက သူမကို စစ်မှန်တဲ့အချစ်နဲ့ မြဲမြဲစွဲထားတဲ့ လက်တစုံပေါ်လာတယ် အကျဉ်းထောင်ကြီးလေ 😄 တနှစ်နဲ့သုံးလပါပြောပြီး ၇နှစ်ကြာတဲ့အထိ ခွဲမသွားပါနဲ့ဆိုပြီး ထွေးပိုက်ထားလိုက်တာ တနင့်တပိုး

ဒီလိုနဲ့ ဒီလိုနဲ့ပေါ့ဗျာ

အကြောင်းပေါင်းသင့်လို့လွတ်မြောက်လာအပြီး အိမ်ပြန်မယ်အလုပ်မှာ တိုင်းတပါးဖွားမို့ သမီးလေးကိုတော့ လက္မခံနိုင်ဘူးဆိုတဲ့ ချစ်စဖွယ်အမိနိုင်ငံက စီမံသူလူကြီးများရဲ့ မေတ္တာလက်ဆောင်အထူးဆုကြီးကို ထပ်ဆင့်ရရှိသွားရင်းက...

ပြောပါတယ် 

ကံများပြောပါတယ်
မယူချင်ဘူးဆိုလည်းမရဘူး
ပြန်ပေးရင်လည်းလက်မခံဘူး

အေး .. 
အေးအေးဆေးဆေး အလိုက်သင့်နေမယ်ဆိုတော့လည်း မဟုတ်ရပြန်ဘူး

ကဲ.... ဒီသောက်ကျိုးနဲလောကကြီးနဲ့
ဘယ်လိုလုပ်ကြမတုန်း

စိတ်ညစ်နေရင်ဒီကားကြည့်ကြဗျာ 
သတ်သေပြီးအရှုံးပေးထွက်ပြေးခွင့်ကိုမပေးလို့ သောကအဖုံဖုံထပ်ရမှာမုချလို့ အာမခံပါတယ် 😁
Kaafir ကို Google translate မှာတော့ သစ္စာမဲ့တယ်လို့ ဘာသာပြန်ပေးပါတယ်
Directed by Sonam N.air ဆိုနမ်
Starring Dia Mirza ဒီယာ မရ်ဇာ
               Mohit Raina မိုဟစ် ရေန်နာ
https://t.me/kolayinde1/919?single
။              
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
သန်းထွန်းလေး ☆ အင်းတဲရွာ

 


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး