ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Saturday, November 15, 2025

Super Over (2021)

 



Super Over (2021) 

Directed by Praveen Varma

 .

ဒီကားလေးနေရင်း မြတ်စွာဘုရား သိင်္ဂါလလုလင်ကို ပြောပြတာလေးက ချက်ခြင်းစိတ်ထဲရောက်လာတယ်


လုလင်ဟာ မဆုံးပါးခင်ကဖခင်ကြီးရဲ့အမှာစကားအတိုင်း မနက်တိုင်း အရပ်ခြောက်မျက်နှာကိုရှိခိုးနေတတ်တာကိုး


ဒါကိုတွေ့တော့ဘုရားကပြောတယ် လောကမှာကြီးပွားချင်ရင် ခုငါပြောတဲ့အရပ်မျက်နှာခြောက်ပါးကိုလည်းအလေးဂရုပြုသင့်တယ်တဲ့


အရပ်မျက်နှာ တခုချင်းစီကို မိဘ ဆရာသမား ဇနီးမယား သားသမီး လက်အောက်ငယ်သား မြတ်သောအကျင့်သီလရှိသူ စသည်ဖြင့်စီလို့ သူတို့ကို အလေးထားရင် လောကီလောကုတ်နှစ်ပါးစလုံး ကြီးပွားစေနိုင်တယ်တဲ့


ဒါကိုနောက်ပိုင်းမှာ ဆရာတော်ကြီးတွေက မှတ်သားရလွယ်အောင် လင်္ကာလေးတွေစီထားပေးတယ်

မိဘဝတ်တို့ သားသမီးဝတ်တို့ ဆရာ့ဝတ်တို့ဆိုတာလေ


ဒီမှာဘုရားက ပစ္စည်းဥစ္စာ ပျက်စီးဆုတ်ယုတ်နိုင်တဲ့ အကြောင်းတွေကိုလည်းပြောပြတယ် 


ဒီထဲကမှ လောင်းကစားခြင်းပြုသူမှာ 

ဆိုးကျိုးခြောက်ပါးသက်ရောက်စေတတ်တယ်တဲ့


ဘုရားပြောပြထားတာလေးကို ကျွန်တော်တိုဘက်က ဆရာတော် ဦးဗုဓ် (ညောင်ကန်) က လင်္ကာလေးစီပေးထားတယ်


အောင်မူ ရန်ပွား၊ 

ရှုံးသား စိုးရိမ်၊ 

စည်းစိမ် လျော့ပါး၊ 

တရားသဘင်မဝင်သက်သေ၊ 

မိတ်ဆွေနှိပ်ဆို၊

မလိုထိမ်းမြား 

ထို(၆)ပါးကား ပျော်ပါးကြွေအန် အပြစ်တည်း။

....


ဒီသဘောအတိုင်းပါပဲ

ဒီကားမှာ သူငယ်ချင်းသုံးယောက်လောင်းကစားရင်းနိုင်တဲ့ ငွေ ၁.၇ ဘီလီယံနဲ့ ဒုက္ခပင်လယ်ဝေရပုံကိုပြသွားတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပါ

https://t.me/kolayinde1/412?single

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်


သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး