ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Thursday, October 23, 2025

မင်းသားနဲ့ဇာတ်လိုက် (3 idiots နှင့် အတွေးစ)

 

မင်းသားနဲ့ဇာတ်လိုက် (3 idiots နှင့် အတွေးစ)

.

အဆိုပါကားကို ကြည့်ဖူးသူတွေရှိရင် မေးခွန်းလေးတခုမေးချင်တယ် ဒီကားမှာ အဓိကမင်းသားကဘယ်သူလဲလို့


သေချာပေါက်ပြောမှာက ရန်ချို အဖြစ်သရုပ်ဆောင်တဲ့ (Aamir Kham) ပဲ မှားသလားဆိုတော့ ဘယ်မှားမလဲ ဒါအမှန်ပဲကို 


မင်းသားဘယ်နှစ်ယောက်ပါလဲမေးရင်တော့ သုံးယောက်ပါတယ် အပြိုင်က ဗိုင်းရပ်စ်ကြီးရယ် အိုးသခီးရယ်ပေါ့


ဒီမှာထပ်ပြီးမေးကြည့်မယ် 

အဓိကမင်းသားနဲ့ ဇာတ်လိုက်ဆိုတာကို ဘယ်လိုအကြောင်းနဲ့ဆုံးဖြတ်မလဲ 


မင်းသမီးနဲ့တွဲရသူလား..?

ပြကွက်ပိုပြတာခံရသူလား ...?

နာမည်ပိုကြီးသူလား ...?

ဇာတ်လမ်းအတည်ခံရသူလား ...?


ဒီကားမှာ ဇာတ်လမ်းကို ဖာဟန် နဲ့စထားပြီး

အဓိကသရုပ်ဆောင်လို့ပြောရမယ့် ရန်ချို'က နည်းနည်းကြာပြီးမှပေါ်တာမဟုတ်လား


ပြီးတော့ ဇာတ်လမ်းအစဉ်ကို သေသေချာချာပြန်တွေးကြည့် ရန်ချို' အကြာကြီးပြောက်နေတာတွေ ရာဂျူးအကြာကြီးပြောက်နေတာတွေရှိတယ် 


မင်းသမီးဆိုရင် ပြောဖို့တောင်မလို့ဘူး သီချင်းကိုဖယ်လိုက်ရင် သူမပါတဲ့ဇာတ်ကွက်က ဇာတ်ကားရဲ့ ငါးရာခိုင်နှုံးလောက်ပဲရှိမယ်ထင်တယ်


ဒီလိုဇာတ်ကွက်တွေကို သေသေချာချာပြန်စမ်းစစ်ကြည့်ရင် ဇာတ်ကားရဲ့ ကိုးဆယ်ရာခိုင်နှုံးလောက်က ဖာဟန်ကြီးကို တည်ထားတာကလား


ဇာတ်လမ်းစတာကိုက သူ့အမြင်နဲ့စတာကိုး ပြီးတော့ဇာတ်စဉ်တလျှောက်လုံးနီးပါးက သူ့အမြင်တွေများတယ် သီချင်းနဲ့ ဇာတ်ရှိန်တင်ချင်တဲ့အခန်းအနည်းငယ်သာ သူ့အမြင်သီးသန့်မဟုတ်တော့ဘဲ ပြကွက်လေးတွေချဲ့ထားတာကိုး


ဒီတော့ကဲပြော ဒီဇာတ်ကားမှာ 

ဘယ်သူကဇာတ်လိုက်လဲ ...?

ဘယ်သူကမင်းသားလဲ ...?

ဖာဟန်လား...?

ရန်ချိုလား...?

R. Madhavan ...?

Aamir Kham ...?

.

ဇာတ်ကားကြည့်ရန်

https://t.me/kolayinde1/114

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး