ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Tuesday, September 2, 2025

Yamakaathaghi (2025) အလောင်းရဲ့ဆန္ဒ


 

Https://www.youtube.com/@thantunlayinde 

ကောင်မလေးတယောက် ကိုယ့်ကိုယ်ကိုသတ်သေသွားတယ်တဲ့


ဒီလိုသတ်သေသူတွေရဲ့ခန္ဓာဟာ သူတို့မတရားညှင်းပန်းအနှိုပ်စက်ခံခဲ့ရတာတွေအတွက် တရားမျှတမှုကိုတောင့်တပြီး 

မရမခြင်းအိမ်မှသယ်ထုတ်လို့ မရနိုင်ဘူးလို့ ထိုရွာသားတို့ ယုံကြည်ကြတယ်


ကျွန်တော်တို့ရိုးရာမှာလည်း ဒါမျိုးရှိတယ်မဟုတ်လား

အစိမ်းသေလို့ခေါ်တဲ့ ရုတ်တရက်သေဆုံးခြင်းမျိုးတွေမှာ အကျွတ်မလွတ်နိုင်ဘဲရှိတယ်ဆိုမျိုးပေါ့


ကျွန်တော်တို့မှာတော့ ဝိညာဉ်ကခြောက်လှန့်တာမျိုးဖြစ်ပြီး

သူတို့ရိုးရာမှာတော့ အလောင်းကောင်ကိုက ပါဝါရှိတဲ့သဘောမျိုးပေါ့ 


ဖုတ်ဝင်တယ်ဆိုတာနဲ့ နီးစပ်ပေမယ့် တူတော့မတူပါဘူး

ကိုယ်တွေရိုးရာမှာဖုတ်က သွားလာလှုပ်ရှားစားသောက်ခြင်းသဘောရှိတာကိုး


ခုဟာကထိုကဲ့သို့လှုပ်ရှားမှုမရှိသည့်တိုင် အားကောင်းမောင်းသန်ယောက်ျားများစွာ သယ်မထုတ်ယူဖို့ကြိုးစားကြပေမယ့် မြေကမကြွ 


အတင်းကာရောလုပ်ပြန်တော့ ရုန်းထွက်ကာနံရံမှာကပ်လျှက် မတ်တပ်အနေအထားမို့ ထိပ်ထိပ်ပြာပြာဖြစ်ကြရ


သူမအပေါ်မှားမိသူတို့တောင်းပန်မှ 

သယ်မခွင့်ပြုမယ့်သဘော လိုက်ပါမယ့်သဘော

 

ဒီကားလေးက သရဲကားမဟုတ်ဘူးနော် 

ဆန္ဒတခုကြောင့် သဂြိုလ်ဖို့ခက်နေတဲ့ အလောင်းကောင်အ

ကြောင်းပါ

Directed by Peppin George Jayaseelan

Starring Roopa Koduvayur

ကြည့်ရန်

https://t.me/kolayinde1/115

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Mohenjo Daro (2016) မြစ်ညာကတာကျိုးလို့ ရွှံ့ညွန်တွေအောက်ရောက်သွားရတဲ့ ကမ္ဘာ့ဦးကမြို့တော်ကြီး ။ 💥ခုလည်းနီပေါမှာ ကြောက်စရာ

Mohenjo Daro (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း) မြစ်ညာကတာကျိုးလို့ ရွှံ့ညွန်တွေအောက်ရောက်သွားရတဲ့ ကမ္ဘာဦးကမြို့တော်ကြီး ။ မြစ်ဆုံစီမံကိန်းကို ပ...

အထူး