ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Friday, September 12, 2025

အပ်ကြောင်းထပ်


 အပ်ကြောင်းထပ်

..

အကြောင်းရာတခုတည်းကိုပဲ အဖန်ဖန်အထပ်ထပ်ပြောနေတာတာမျိုးအတွက် ဒီစကားကိုသုံးပါတယ်


အတိတ်တချိန်က ခေတ်မီဖျော်ဖြေရေးစက်ပစ္စည်းဖြစ်တဲ့ ဓါတ်ပြားစက်ကနေ ဒီအသုံးပေါ်လာတာဗျ


ဓာတ်ပြားကို ထိုစက်မှာတင်ပြီး အပ်သွားလေးထောက် ဖွင့်လိုက်ရင် အသံရဲ့ကြိမ်နှုမ်းလေးတွေကို ထိုအပ်ကထိသိပြီး အသံပြန်ထုတ်ပေးတာ


ဒီမှာအပ်လေးက လည်‌နေတဲ့ဓာတ်ပြားရဲ့ အတွင်းအပြင်ကိုရွေ့လျားမှ တပြားလုံးစာမှာပါတဲ့အသံတွေကို နားစဉ်လို့ရမှာ


ဒီလိုမှမဟုတ်ဘဲ အပ်လေးကမကစားဘဲ လမ်းကြောင်းတခုတည်းမှာသာသေနေမယ် တည်နေမယ်ဆိုရင် ထိုလမ်းကြောင်းမှာရှိတဲ့ ဖမ်းထားတဲ့ အသံတွေသာ ထပ်ပြန်တလဲလဲ ထွက်နေမှာပေါ့


ဒါကို အပ်ကြောင်းထပ်တယ်လို့ ခေါ်တာပါ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး