ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Tuesday, August 12, 2025

Tourist Family (2025) မေတ္တာသည်သာအရာရာ




Https://www.youtube.com/@thantunlayinde 

----------

မိသားတစု ရွှေ့ပြောင်းရောက်ရှိလာတယ်

အများအခေါ်အရ ဒုက္ခသည်ပေါ့


ကျပ်တည်းတဲ့ စားဝတ်နေရေး သားသမီးတို့အနာဂါတ်အရေးအတွက် ပိုမိုကောင်းမွန်မယ်လို့ယုံကြည်ရာကို ရွေးချယ်ခဲ့တာလို့ ဖခင်ကဆိုပါတယ်


တမြေမှာအဆင်ပြေချောင်လည်နေတဲ့ တအူတုံဆင်းမောင်အရင်းကို အားကိုးရာပြုလို့ လာရောက်ခဲ့ကြတာလို့ ဇနီးသည်ကဆိုတယ်


ဝမ်းရေးအတွက် ခက်ခဲစွာဖြေရှင်းနေရတဲ့ဖခင်ကိုမြင်တွေ့လို့ မိသားစုဝန်ကို ကိုယ်စားထမ်းရွက်လိုတဲ့ သားကြီး 

သူ့ကတော့ ချစ်ရသူနဲ့ခွဲ၍မသွားလို


ပြီးတော့ လေးတန်းအရွယ်လောက် သားတကောင်ရှိတယ် သူကတော့ ကလေပီပီပဲ ရောက်ရာမှာပျော်အောင်နေတယ် 

သင့်အောင်ပေါင်းတယ် 


သူတို့မိသားစု အိမ်နီးချင်းတဖက်နိုင်ငံကို ပင်လယ်ပြင်ဖြတ်လို့ ခိုးဝင်ကာမှ ရဲမှူးအိမ်မှာ ငှားနေမိသည့်အဖြစ်


M. Sasikumar ဆာဆီကူးမားရ် ရဲ့ Ayothi (2023) ကားလိုပါပဲ 

မေတ္တာသည်သာအရာရာအောင်နိုင်ရာ၏ ဆိုတဲ့ သတင်းစကားပါးတဲ့ နှစ်လိုဖွယ်ဇာတ်ကားပါ


ရဲမှူးကြီးသမီး အလှလေးကတော့ 

Yogalakshmi ယိုဂလပ်ခ်ျမီး'ပါ


directed by Abishan Jeevinth အဘီသျှန် ဂျီဗီ

အန္ဒိယဘရိတ်ကီ'လို့ ခေါ်ကြတဲ့ Yogi Babu ကြီးလည်ပါသဗျ

ကြည့်ရန်

https://t.me/kolayinde1/32

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ
 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး