ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Tuesday, July 8, 2025

Running Man episode 58


Running Man episode 58

Https://www.youtube.com/@thantunlayinde 

.

၅၈

Guest : Shin Se Kyung, Cha Tae Hyun. 

Location : Jeju Island

.

ပြောရမယ်ဆိုရင် ထိုင်းဒုတိယအပိုင်းလိုပါပဲ ရှေ့အပိုင်းရဲ့အငွေ့အသက်တချို့ယူလို့ နောက်အပိုင်းကစားတာ


ဒီမှာတော့ ဧည့်သည်တို့အတွက် နံနက်ခင်းကော်ဖီဝိုင်းမစ်ရှင်သီးခြားပေးအပ်ခဲ့ပါတယ်

ပြီးနောက်မှာတော့ နောက်ဆုံးပွဲကြီးကိုတခါတည်းကစားခဲ့ကြ


ဒီမှာထူးခြားတာက အရင်အပိုင်းကရရှိထားတဲ့ RM ရွှေဒင်္ဂါးတွေကို လောင်းကြေးထပ်ခွင့်ပေးထားတာပဲ


ကိုယ့်ကိုယ်ကိုလည်း လောင်းခွင့်ရှိသလို နောက်ဆုံးနိုင်မယ်ထင်တဲ့သူကိုလည်းလောင်းကြေးထဲ့လို့ ကူညီပေးနိုင်တယ်


သဘောက ကိုယ်တိုင်နိုင်ရင် 

ဆုကြေးအဖြစ် ရွှေဒင်္ဂါးအားလုံးရမှာဖြစ်ပြီး

ကိုယ်လောင်းထားတဲ့သူနိုင်ရင်တော့ ၁ပြားလောင်းထားရင် နောက်၁ပြားထပ်ရမှာပေါ့


ကစားမယ့်နေရာကို EV ကားနဲ့ တယောက်စချင်းစီသွားခိုင်းတာလည်းထူးခြားမှုတရပ်ပေါ့


ဆီဖိုးမကုန်တာရယ် ကမ္ဘာမြေအတွက်အဆိပ်အတောက်ဖြစ်စေတဲ့ ကာဗွန်မိုနောက်ဆိုဒ်ထုတ်လွှတ်မှုမရှိတာရယ်ကြောင့် ကောင်းကျိုးများတဲ့ရွေးချယ်စရာတခု 👍


ဒီမှာတော့ ငတိုလှိုင်'ရဲ့သား ခွေးမသားက လက်ဝါးကြီးအုပ်တင်သွင်းနေတာနဲ့ တရုတ်ထုတ်ဖြစ်တာရယ်ကြောင့် နာမည်ကောင်းမရဘူးပေါ့ 😡


ထားပါတော့

နောက်ဆုံးကစားပွဲမှာတော့ ဂျယ်ဂျူကျွန်းနေရာအနှံ့အပြားက

စာလုံးကိုးခုကိုရှာစေလို့ ဝါကျတခုကိုကိုဖော်ထုတ်ရမှာ


ဝါကျက "ဗျိုင်းလေးတွေကို ကယ်တင်ပါ " တဲ့


နာမည်ကတ်ခွာပြီးမှပဲ လိုက်ရှာနေတဲ့ စကားလုံးတွေက ကျွန်းမှာဖွက်ထားတာမဟုတ်ဘဲ သူတို့နာမည်ကတ်အောက်မှာရှိနေကြောင်းသိခဲ့ကြရတဲ့ လူလည်အပြေးသမားကြီးများ 😀


PD ကြီးတို့ထိုးလိုက်ပြန်တဲ့ဆေးပေါ့ 😀


ဒီနေရာမှာ နာမည်ကတ်ကို အရမ်းကာရောခွာလိုက်ပြန်ရင်လည်း ကိုယ့်ကိုလောင်းထားသူဖြစ်နေပြန်ရင်အခက် 


ဘာကြောင့်လည်းဆိုတော့ သူက သူကိုယ်တိုင်မနိုင်နိုင်ရင် ကိုယ့်ကိုယ့်နိုင်အောင်ကူညီပေးမယ့်သူကိုး

ဒါကြောင့်မခွာခင် စနည်းနာကြည့်ဖို့လိုတယ်


ဒါပေမယ့်လေး အမြဲလိမ်နေကျ သစ္စာဖောက်နေကျသူတွေဆိုတော့ လွယ်လဠယ်မယုံတတ်ကြတဲ့ ဗီဇစိတ်ကြောင့် ကိုယ့်ထောက်ခံသူတွေကိုမှ လိုက်ထုတ်မိနေတဲ့ 🦗 ကြီးအဖြစ် 😀


သူ့အတွက်နောက်ထပ်နာကြင်စရာက ကိုယ်လောင်းထားသူအနိုင်ရရင် လောင်းကြေးရဲ့နှစ်ဆပဲရမှာကို နားလည်မှုလွဲပြီး အနိုင်ရသူဖြစ်လိမ့်မယ်ထင်မှတ်လို့ ကျေကျေနပ်နပ်ကြီး အရှုံးခံမိလေခြင်းပေါ့ 😀


ထူးခြားတာက သူ့ဖက်ကလောင်းသူမရှိတဲ့ 🐯

သိသာလွန်းတဲ့ပစ်မှတ်မို့ ရှောင်မိကြရင်း တညီတည်းဖြစ်သွားတဲ့သဘော

.

.

🌹အထူးအချက် 

ပထမဆုံး နာမည်ကတ်အောက်ကသဲလွန်စ


ပထမဆုံး သဘာဝပတ်ဝန်းကျင်ကယ်ဆယ်ရေးအထိမ်းအမှတ် ကာဗွန်မိုနောက်ဆုဒ်ထုတ်လွှတ်မှုလျှော့ခပေးတဲ့ EV ကား သရုပ်ပြ


"ဗျိုင်းလေးတွေကို ကယ်တင်ဖို့ "

အထူးအပိုင်း

.

.

ကြည့်ရန်

Https://t.me/rmkolayinde 

.

Photo album 

https://t.me/rmkolayinde/1598

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်













































































































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး