ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Wednesday, July 2, 2025

Running Man episode 52

 

Running Man ep 52
Https://www.youtube.com/@thantunlayinde.
.
၅၂
Guest : Choi Min Soo
Location : Gyeongju's G Theme Park.
.
ထိုင်းခရီးစဉ်အပြီးမှာ ရွှင်လန်းမှုတက်ကြွမှု နဲ့ နှစ်လိုဖွယ်လေထုရနံ့ 

ယုံကြည်မှုအပြည့်ရှိနေတဲ့ ပတ်ဝန်းကျင်မျိုးနဲ့
အတော့်ကိုသက်သောင့်သက်သာ သာသာယာယာရှိခဲ့

အပိုင်း ၄၃ IU လာတဲ့အပိုင်းပြီးနောက် ဒုတိယမြောက်ခရီရှည်ကြီးနဲ့ လမ်းခရီးမှာမစ်ရှင်တွေဆောင်ရွက်ရတဲ့ကစားပွဲ
ဘယ်လောက်တောင်ရှည်လဲဆိုရင် နိုင်ငံတောင်မြောက်တဆုံးနီးပါးပါပဲ

ကွာသွားတာက အဲ့ဒီတုန်းက ကားနဲ့ အခုရထား

ဒါကြောင့်ပဲ အပိုင်း ၂၂ မှာစတင်ကစားခဲ့တဲ့ ရထားစီးမစ်ရှင်ပြုရာကနေ အပိုင်း ၃၃ အိုဂျီဟျိုလာတဲ့အပိုင်းအပြီး အဆက်ပြတ်နေတဲ့ ရထားစီးရင်း ဘူတာရုံက ကစားပွဲတေဠပြန်လည်အသက်ဝင်ခဲ့

ပထမဆုံးမိတ်ဆက်အပြီးမှာပဲ 
အန်စာတုံးပစ်လို့ ရှုံးနိမ့်သူရွေးချယ်မယ် သူတို့ကအဖွဲ့နဲ့လိုက်ပါခွင့်မရဘဲ သီးခြားအစီအစဉ်နဲ့သွားရမှာ

ထူးထူးခြားခြားပါပဲ RM သမိုင်းမှာ ပထမဆုံးအဖြစ် 🐐🐯 တို့ရှုံးနိမ့်သူအမှတ် ၁ နဲ့ ၂ မို့ အတူတူသွားရဖို့ဖြစ်လာ သူတိုကလေယာဉ်နဲ့လိုက်လာရမှာ

‌ကျန်သူတို့ကတော့ ရထားနဲ့ခရီးဆက်လာရင်း လမ်းခရီးမှာ အဆင့်ဆင့်ပြုတ်ကျကျန်ရစ်ခဲ့တဲ့ 🦗🦒
ပြီးတော့ 🐧သူက ရှုံးနိမ့်သူအမှတ် ၅ပေါ့

ရှေ့မှာအံစာပစ်သူတိုင်း ရှုံးနိမ့်ခဲ့ကြပေမယ့် အောင်နိုင်သွားတဲ့ 🐱 မလေးရဲ့ မြင့်တက်လာတဲ့ကံတရား

ပြီးတော့ ရှိုးမှာကံဆိုးသူအဖြစ် အပိုင်း ၄၃ အပြီး
ဆရာဟားသိင်္ခ'ရဲ့ 😀 ထပ်မံရည်ညွှန်းပေးခြင်းခံရတဲ့ 🦒

ဒီလိုနဲ့ နောက်ဆုံးနေရာမှာ သရဖူကိုရှာကြရမှာ
ဒီအမဲလိုက်မုဆိုးအပြေးသမားကြီးတွေကို တန်ပြန်တိုက်ခိုက်ဖို့ သားရဲကြီးတကောင်က စောင့်ဆိုင်းချောင်းမြောင်းနေဝာသူတို့မသိ သူ့အတွက်မစ်ရှင်က နံပါတ်စဉ်အတိုင်းထုတ်ပစ်ရမှာ

တနင်္လာကောင်မလေးကို ခြောက်လှန့်ဖို့ လမ်းလွဲကသွားခဲ့သူကောင်လေးက 👑 ကိုဆိုက်ဆိုက်မြိုက်ရှာတွေ့သွားတဲ့ အမှတ်တမဲ့ ကံကောင်းမှုကြီး

ဒီလိုနဲ့ နေ့မွန်းတိမ်းချိန်ကစခဲ့တဲ့ အမဲလိုက်ပွဲကြီးက ညဉ့်ဦးပိုင်းအရောက်မှာတော့ တစတစအထုတ်ခံခဲ့ကြရရင်း 

ခြောက်ခြားဖွယ်အမှောင်ထုနဲ့ သားရဲကြီးရဲ့ဘေးရန်ကြောင့် စိတ်မခိုင်တဲ့ အသည်ငယ်သူ 🐧လေးခမျာ ကိုယ့်အမည်ကတ်ကိုယ်ခွာလို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတော့တယ် 😀

ကျောက်ဆောင်ချုံပုတ်တွေပြည့်နေတဲ့ ကစားကွင်းမှာပဲ ညဉ့်နက်ချိန်အထိကစားခဲ့တာမို့ ရန်မူလာတဲ့ ခြင်ရိုင်းအုတ်ရဲ့ အန္တရာယ်ကို ကာကွယ်နေရတဲ့ ထောင်တွင်းသားများ
.
🌹အထူးအချက် 
ဒုတိယမြောက်ခရီးရှည်ကြီးမှာ ပထမဆုံး ရထားခရီးစဉ်
ပထမဆုံးနှစ်ယောက်တည်းဖြစ်သွားတဲ့ 🐐🐯
ဒုတိယအကြိမ်မြောက် ဘူတာရုံမှမစ်ရှင်များ

အပိုင်း ၄၃ အပြီး 🦒ကို 
ကံဆိုးသူအဖြစ်ထပ်မံသမုတ်ပေးခဲ့တဲ့ 🐧
RMသမိုင်းမှာ ပထမဆုံး ကိုယ့်ကိုယ်ကိုထုတ်ပစ်သူ 🐧

ပထမဆုံး သရဲအိမ်
ပထမဆုံး ကစားကွင်းအတွင်းက စီးစရာအတော်များများကစားခဲ့ခြင်း
.
.
ကြည့်ရန်
Https://t.me/rmkolayinde 
.
Photo album 
https://t.me/rmkolayinde/1471
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်





























































































































































No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး