သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Wednesday, May 14, 2025

Running Man သမိုင်းမှာ တခါတည်းသာအသုံးပြုလိုက်သည့် ပြိင်ပွဲနှင့်ပုံစံများ


RM သမိုင်းမှာ တခါတည်းသာအသုံးပြုလိုက်သည့်
ပြိင်ပွဲနှင့်ပုံစံများ
____
RM မှာ တခါတည်းအသုံးပြုလိုက်တဲ့ ပြိုင်ပွဲပုံစံတွေရှိတယ်ဗျ
အကြောင်းကြောင်းကြောင့်ပေါ့

ဥပမာ အပိုင်း ၂၅ (ကာတွန်းဇာတ်ကောင်များ) က 
ကင်ဂျုံကု'ရဲ့ ခြေမှာဆွဲပေးတဲ့ ဧရာမခြူကြီးလိုပေါ့
ခါးမှာဆိုရင်လည်းတော်သေးတယ် ခြေထောက်မှာဆိုတော့
လမ်းလျှောက်ရတာတောင်အင်မတန်ကသီတာကလား 

RM မှာက တရကြမ်းပြေးရလိုက်ရ တက်ရဆင်းရတာဆိုတော့စဉ်းစားသာကြည့် အခန့်မသင့် နှာဖူးကွဲဒူးပြဲမှာမုချ

1:01:13 ကိုကြည့်ကြည့် လှေကားအဆင်း‌မှာအတော်ဒုက္ခပေးသွားတာ ချော်များကျရင် ဦးဆက်အပွင့်ပဲရယ်

ဒါကြောင့် သူ့မို့တမင်ခက်ခဲတဲ့မစ်ရှင်တွေပေးတိုင်း 
ကင်ဂျုံကု'အမြဲပြောတတ်တယ် သူလည်းလူသားပါတဲ့

နောက်တခုက အပိုင်း ၆ က စတီးပုံးတွေကိုမှောက်လို့ ခြေအောက်မှာထပ်ပြီးသွားခိုင်းတာပါ
ဟန်ချက်ပျက်တာနဲ့ခြေကျင်းဝတ်လည်မယ့်ကိန်းရယ်

နောက်တခုက အပိုင်း ၅ က ကြပ်ညပ်နေတဲ့ဘတ်စ်ကားအတွင်းကနေ ထွက်ရတာရယ် 

အပိုင်း ၁ က
အဝတ်တန်းကို ခွရက်အတိုင်းတွန်းပြီးပြေးရတာတွေရယ်ပေါ့
ဒီမှာဆိုရင် ဂယ်ရီတယောက်အရှိန်လွန်ပြီး ဂျွန်းပါပြစ်တော့ဖိုရယ် နည်းနည်းပဲလိုဝောာ့တာ

ဒီကစားနည်းတွေက 
ထိခိုက်ဒါဏ်ရာအင်မတန်ဖြစ်လွယ်တာကိုး

သူ့ကြောင့်ကိုယ့်ထိခိုက်မိရင်လည်းခံစားရမသက်သာ
ကိုယ့်ကြောင့် သူ့ထိခိုက်သွားရင် စိတ်မချမ်းမြေ့ဖွယ်မဟုတ်လား

----

ဒါ့အပြင် အပိုင်း ၂ ၃ ၄ ၅ မှာ ဇက်တိုက်သုံးခဲ့တဲ့
ဝက်ရုပ်စုဗူးရုပ်ကို နောက်ပိုင်းတွေမှာမသုံးဝောာ့ဘူး

ဓလေ့ထုံးတမ်းတွေကြောင့်
ဝိဝါဒကွဲစရာဖြစ်မှာစိုးလို့ထင်ပါတယ် 

RM က နိုင်ငံတကာကိုပါထိုးဖောက်ဖို့ကြံရွယ်ထားတာဖြစ်လို့ 
မွတ်စလင်ဘာသာဝင်တို့အဖို့ စိတ်အနှောက်အယှက်ဖြစ်စေနိုင်တာမို့များ မသုံးဝောာ့တာလေလားလို့ ထင်မိတယ်

_______

ကိုယ်တော့ ဒီပုံစံ ဒီကစားနည်းတွေက တခါပဲအသုံးပြုလိုက်တယ်လို့ထင်တယ်

မှားရင်လည်းပြင်ပေးသွားပါအုံး
ကျန်နေသေးရင်ရင် ဖြည့်သွားပေးပါအုံးဗျ
.
.
ကြည့်ရန်
https://t.me/rmkolayinde
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်










No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး