သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, May 13, 2025

Running Man ep 2


Running Man 2 
Https://www.youtube.com/@thantunlayinde 

.
.
Guests - Lee Chun Hee , Song Jihyo and Goo Hara
.
.
ဖွင့်ပွဲကို ရှေးမင်းများညီလာခံကျင်းပရာ
နန်းရင်ပြင်က စပါတယ်

ပထမဆုံးရောက်ရှိသွားတဲ့ သစ်ကုလားအုပ်ကတော့ အထူးအခွင့်အရေးအနေနဲ့ စိတ်ကြိုက်အဖွဲ့ဖွဲ့ခွင့်ရသွားတယ်

အမျိုးသမီးဧည့်သည်နှစ်ယောက်ထဲက 
ဂူဟာရာ'က ငြင်းလိုက်ချိန်မှာ ဆုန်းဂျီဟျို'ကို အလိုလိုရွေးမိလျှက်သားဖြစ်သွားပါတယ်

နောက် အဖွဲ့သားတွေထဲက သူပထမဆုံးရွေးချယ်လိုက်သူက 
အရင်းနှီးဆုံးသူငယ်ချင်း ဆောင်းဂျွန်ကီ'လို့မထင်လိုက်ပါနဲ့ ပလေးဘွိုင်းတဖြစ်လည်း လူနောက်လေး ဟားဟား'ပါ

နောက်ပြီး ယူဂျယ်ဆော့ နဲ့ ဂယ်ရီ

အဖွင့်လာဖို့နောက်ကျနေတဲ့ ဂျီဆော့ဂျင်း'ကြောင့်လည်း မျှခြေဖြစ်သွားအောင် ပွဲစဉ် ၁ တုန်းကအတွဲဖြစ်ခဲ့တဲ့ ယူဂျယ်ဆော့နဲ့ ကင်ဂျုံကု' ကို ခွဲလိုက်တယ်ထင်တယ် 

(ဒီအကြောင်းကို သီးခြားဆောင်းပါးတခုနဲ့သုံးသပ်ပြီးပြီမို့ ဇာချဲ့မနေတော့ပါဘူး)

ဒီဝောာ့ တဖက်အသင်းမှာ ကင်ဂျုံကု ၊ ဆောင်းဂျွန်ကီ ၊ လီချန်ဟီး နဲ့ ဂူဟာရာ နောက်ဝောာ့ ဂျီဆော့ဂျင်း'ပါအားဖြည့်ခဲ့တယ်

ဒီကစားပွဲကိုဝောာ့ ပရိတ်သတ် ၄၄၀၀၀'ဆန့်တဲ့ ဆူဝမ်န် ဘောလုံးကွင်းကြီးအတွင်းမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်

ပြိုင်ပွဲတလျှောက် ဝက်ရုပ်စုဗူးတွေရှာဖွေရမှာဖြစ်ပြီး နောက်ဆုံးမှာ စုဗူးအတွင်းကငွေတွေကိုရေတွက်လို့ များတဲ့အသင်းကနိုင်ပါမယ်

ဒီဝက်ရုပ်စုဗူးလေးတွေကလည်း ဒီအပိုင်းနှစ် တပိုင်းထဲသုံးလိုက်တယ်ထင်တယ် နိုင်ငံတကာကိုပါထိုးဖောက်ဖို့ကြံရွယ်ထားတာဖြစ်လို့ မွတ်စလင်ဘာသာဝင်တို့အဖို့ စိတ်အနှောက်အယှက်ဖြစ်စေနိုင်တာမို့များ မသုံးဝောာ့တာလေလားလို့ ထင်မိတယ်

နောက်ပွဲစဉ်ကတော့ ဘောလုံးကွင်းဖြစ်တာနဲ့အညီ သံပြိုင်ဟစ်ကြွေးအားပေးသူတွေကြားက ကိုယ့်အဖွဲ့သားတွေကြားအောင်အော်ဟစ်ပြောဆိုရမှာပါ

နောက်တော့ထုံးစံအတိုင်း ဓါတ်ပုံရိုက်ပွဲပေါ့
ပြီးတော့ ရေကူးကန်အတွင်းက ဒိုင်ဗင်ပစ်ရာနေရာ

အပိုင်းသုံးနဲ့ နှစ်ပိုင်းတွဲအဖြစ်တာမို့ 
ဒီနေရာမှာရပ်နားလိုက်ပါတယ်

အပိုင်းတစ်မှာ ခပ်ကြမ်းကြမ်းကစားခဲ့တဲ့ နာမည်ကတ်ခွာပြိုင်ပွဲကတော့ ဒီအပိုင်း ၂ မှာမပါဝင်ခဲ့တာကတော့ ထူးခြားချက်ပါ

နောက်ပြီး ဆုံးဂျီဟျို ပထမဆုံးလာရောက်ခဲ့တဲ့အပိုင်းပါ
.
.
ကြည့်ရန်
https://t.me/rmkolayinde
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်











































No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး