လီဂွမ်ဆူ နှင့် ကင်ဂျုံကု ၊ ဆုန်းဂျီဟျို တို့ရဲ့
မိတ်ဆက်ခြင်းဟာသ
.
RM ရဲ့အစောပိုင်းကာလ အဖွင့်မိတ်ဆက်ချိန်တွေမှာ မျက်နှာသစ်ဖြစ်တဲ့ လီဂွမ်ဆူ'အတွက် PDတွေက သီးသန့် Screen time လေးပေးထားတယ်
ဒါကပြိုင်ပွဲအရှိန်မြင့်လာချိန်မှာ သူ့ထက်များစွာပုံရိပ်မြင့်သူတွေကြားမှာ နည်းပါးလွန်းတဲ့ပြသချိန်တွေကြောင့် အရေးမကြီးသေးတဲ့ကာလမှာ ဖိအားမရှိသေးတဲ့အချိန်မှာ လွတ်လပ်စွာ တကိုယ်ရည်အစွမ်းပြစေခြင်းပါ
အချိတ်အဆက်နဲ့တင်ဆက်ရတာမျိုးကြတော့ လုံလောက်တဲ့အတွေ့အကြုံကမရှိသေးဘူး
ဒီတော့ ဂွင်နဲ့ဝင်ရတဲ့ပျက်လုံးမျိုးမဟုတ်တဲ့
ဒီလို တကိုယ်တော်ပျက်လုံးမျိုးက သူ့အတွက်ပိုပြီးအဆင်ပြေတယ်
ဘယ်လိုလဲဆိုတော့ တွေ့ဖူးကြပါလိမ့်မယ်
ကျွန်တော်ပြီးခဲ့တဲ့ရက်က အစ်ကိုဂျုံကု'အိမ်ရောက်တော့ ကလေးတွေနဲ့ ခါးလှည့်ကွင်းဆော့နေတယ်
အစ်မဂျီဟျို'က နင်တော့လားတွေ့မယ်လို့ ချိန်းခြောက်တယ်
စတာမျိုးပေါ့
ခပ်စိတ်စိတ်ကို ဒီပျက်လုံးခွင်တွေနဲ့ သူ့ကိုပရိတ်သတ်နဲ့ ကင်မရာနဲ့ ရင်းနှီးမှုရအောင် အံဝင်အောင် PDတို့ စနစ်တကျ အချိန်ပေးခဲ့တယ် သင်ကြားပေးခဲ့တယ်
ဒီနေရာမှာ ဘာကြောင့် သူရဲ့ပျက်လုံးခွင်တည်ရာ ရည်ညွှန်းရာက ဂျီဟျို နဲ့ ဂျုံကု'ကိုရွေးချယ်လိုက်တာလဲကလည်း စိတ်ဝင်စားစရာ
ဥပမာ စောစောကစကားကိုပဲ ဟားဟား'ကိုပြောကြည့်မယ်
အစ်ကိုဟားဟား'က ကလေးတွေနဲ့ဆော့နေတာတွေ့တယ်ဆိုရင်
ပရိတ်သတ်က ဟုတ်လောက်တယ် ဟားဟားကလည်းကလေးသာသာကို စသည်ဖြင့်တွေးမိရင် ဟာသမဖြစ်တော့ဘူး
ပြီးတော့တနည်းအားဖြင့် ဟားဟား'အရပ်ပုတာကို လှောင်တယ်လို့ထင်သွားနိုင်တာမျိုးကိုး
ဂျုံကု'ကျတော့ဒီလိုမဟုတ် လူကြည့်တော့အားကောင်းမောင်းသန် ဗလကြီးနဲ့မထင်ရဘူးနော်
ခပ်တည်တည်နေတော့ ဒါမျိုးအလုပ်ဘူးထင်နေတာဆိုပြီး
ပြုံးစိစိဖြစ်သွားကြတာမျိုးကို
ဂျီဟျို'ကိုပြောတဲ့စကား ယောက်ျားလေးတယောက်ယောက်ယောက်ကိုတည်လိုက်ရင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်သလိုဖြစ်သွားနိုင်တယ်မဟုတ်လား အနိုင်ကျင့်တယ်လို့ ထင်သွားနိုင်တယ်မဟုတ်လား
မိန်းကလေးဆိုတော့ကား gender ကွာနေတော့
အံမယ် ဂျီဟျို'ကို ခပ်မိုက်မိုက်ဟလို့ သဘောကျသွားမှာကို
ဥပမာ မိန်းကလေးသူငယ်ချင်းတယောက်ကို ယောက်ျားလေးသူငယ်ချင်းက ဒီရုပ်ခံကြီးနဲ့ဘယ်ရီးစားရလိမ့်မတုံးဟလို့ ခပ်တည်တည်ပဲပြောပြော ရယ်ပြီးပဲဆိုဆို နောကခတယ်ဆိုတာ အလိုလိုလက်ခံပြသား
အလားတူစကားကိုပဲ အလားတူရင်းနှီးတဲ့မိန်းကလေးကဆိုရင် တခေါက်ကနှစ်ခေါက်ပြောလာပြီဆိုရင်
ဘာလား ဘယ်လိုလား တွေးထင်မိတတ်ကြတာကို
ဒါက gender ကွားခြားမှုနဲ့ စကားလုံးရဲ့လားရာပြောင်းသွားတတ်ခြင်းသဘောပါ
နောက်ပြီးသူတို့ရဲ့ရေစက်ကြောင့်လည်းပါမယ်ထင်တယ်
နောက်ပိုင်းမှာဖောင်ကျလာတဲ့
အားနည်းသူ Vs အားကြီးသူ
ကံကောင်းသူ Vs ကံဆိုးသူ
ဆိုတဲ့ဇာတ်ရုပ်တွေ အဓိကပြိုင်ဖက်တွေမဟုတ်လား
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မ
ည်
.
.
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်

No comments:
Post a Comment