သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, May 24, 2025

Running Man ep 15


Running Man ep 15
Https://www.youtube.com/@thantunlayinde 
.
၁၅
.
မီးရထားပြုပြင်ထိမ်းသိမ်းရေးရုံးမှာ ကစားခဲ့တဲ့ဒီပွဲစဉ်မှာ 
ပုဂ္ဂိုလ်‌ကိုးကွယ်မှုသိပ်အားကောင်းတဲ့ အရှေ့ကမ္ဘာ တနည်းကိုးရီးယားမှာ အဝောာ့်ကို ဂယက်ရိုက်ခတ်မှုကြီးမားခဲ့တယ်

နောက်ပိုင်း ဆိုမင်'ကို hate ကြတယ်ဆိုတာ အဲ့သည်အပိုင်းပြသပြီးချိန်တုန်းက ကိုရီးယား နှုတ်ခမ်းနီမလေးတို့ရဲ့ 
ဆုန်းဂျီဟျို' အပေါ် hate ခဲ့ကြတာရဲ့ ဆယ်ပုံတပုံတောင်ရှိပါ့မလားမဆိုနိုင်ဘူး

ဘာကြောင့်လည်းဆိုတော့ အပိုင်း ၂၇ မှာ ဧည့်သည်ကောင်လေးနှစ်ယောက်အနီး ဂျီဟျို'ကို ဂျွန်ကီ'က ပြောင်းရွေ့နေစေတော့ 

ငါ့မုန်းတဲ့သူတွေ သိန်းချီသွားလိမ့်မယ်ဟ 
နင့်ပရိတ်သတ်တွေနဲ့တင်လုံလောက်နေပါပြီလို့ 
ဒီအပိုင်းရဲ့ ပြကွက်တခုကိုရည်ညွှန်းလို့ ပြန်လည်‌ပြောဆိုခဲ့ပါသေးတယ်

ထားပါတော့

ဒီအပိုင်းက ကစားပွဲနှစ်ခုပြသခဲ့ပါတယ်

၁။ ၉ယောက် ၁ယောက်ပြိုင်ပွဲပါ
ဒီလိုဆိုလိုက်ဝောာ့ သူလျှိုအပိုင်းဟလို့လည်း
မတွေးမိစေချင်ဘူး ပေါ်တင်ပါပဲ

မိန်းကလေးတယောက်နဲ့ ယောက်ျားကြီးကိုးယောက်ရဲ့ပြိုင်ပွဲ
ပုံစံက ကောင်မလေးရဲ့ရင်ခုန်သံကို ၁၃၀'ကျော်လာအောင်ပြုစားရမှာ

ပထမဆုံးပြိုင်ပွဲဝင်သူ ဂွမ်ဆူ'က မျက်လှည့်စကေးနဲ့

နောက် ဂျွန်ကီ'က နှုတ်ခမ်းနီမလေးတွေ
ကမ္ဘာပျက်မတတ်ဖြစ်သွားတဲ့ အနမ်းတပွင့်နဲ့

ဂျုံကု'က သူကျွမ်းကျင်တဲ့ သီချင်းတပုဒ်နဲ့

ဂယ်ရီ'က ရင်ခုန်သံကို စဉ်ချက်တကျပြန်စီထားတဲ့ အစစ်အမှန်စကားသံတွေနဲ့
ဒီလူကြီးမှာလည်း ကမ္ဘာမှားပြီးယှဉ်သန်ခဲ့ရခြင်းမျိုး

ဟန်ဆောင်မှုတွေနဲ့တန်ဆာဆင်ဖြေဖျော်ရာအရပ်မှာ
စစ်မှန်တဲ့ခံစားချက်တွေနဲ့ နှစ်နှစ်ကာကာမြတ်နိုးမိနေတယ်ဆိုတာ မျက်ဝန်းတွေက ဘာသာပြန်နေစရာမလိုခဲ့တာ

အံ့ဩစရာ ဂျီဟျို'ကို ရင်ခုန်သံအထွဋ်အထိတ်ရောက်စေတာ
ကြင်နာတဲ့အထိအတွေ့မဟုတ်
နူးညံ့တဲ့စကားသံတွေမဟုတ်
အထူးရည်ညွှန်းတဲ့သံစဉ်လည်းမဟုတ်
ပေါ့ပါးတဲ့စိတ်အခံနဲ့ ရင်းနှီးတဲ့ပြုမှုပြောဆိုဆက်ဆံခြင်းတွေ

ဒါမျိုးကြုံချိန်မှာ ကြည်ကြည်နူးနူးပေါ့ပေါ့ပါးပါးအားပါးတရရယ်ရင်းမောရင်း 
ပျော်ရွှင်စေတာ 
ဝမ်းမြောက်စေတာတွေက သူမအတွက် ဟန်ဆောင်နေစရာ ဖုံးကွယ်နေစရာ ထိမ်းချုပ်နေစရာမလိုတဲ့ ကြည်နူးခြင်းအစစ်အမှန် ရင်ခုန်သံမြန်စေချင်းတွေဖြစ်ကောင်းရဲ့

ဘာကြောင့်ဒီလိုပြောရလဲဆိုတော့ 
အထက်ပါအပြုအမူတွေထက် ဟားဟား'ကြောင့် 
မြန်ခဲ့ရတဲ့ရင်ခုန်သံက သိသိသာသာပိုခဲ့တာကိုး

ဒီတပိုင်းတင်မကဘူးနော် ၂၄ မှာကောပဲ

သဘောက ဒီလိုကောင်မလေးမျိုးကို 
surprised တွေ romance တွေနဲ့ ရင်ခုန်အောင် 
ပျော်ရွှင်အောင် အံ့ဩအောင် မစွမ်းဆောင်နိုင်ဘူးပေါ့

သင့်အနေနဲ့ထိုနည်းတွေနဲ့ကြိုးစားမယ်ဆိုရင် သူတို့ရဲ့မတုန်မလှုပ် အံ့ဩဟန်မပြတဲ့အမူအရာကြောင့် အားထုတ်မှုတို့ အချည်းအနှီး အရာမထင်ဖြစ်သွားပါမယ်

သူတို့က အထူးချဲ့ကားခြင်းမရှိ ပကတိအတိုင်းရိုးရိုးလေးသာ ဘဝင်တကျ သဘောကျတာ နှစ်သက်တာမျိုးဆိုတာ

အသဲသက်စေ့ကွဲဖူးသည့် စာဆိုကဝိပညာရှိကျွန်ုပ်ကမြွက်ကြားလိုက်လေသတည်း

တွံ အသင်တို့
ဂဏာဟိ မှတ်ချေလော 😄

၂။ နာမည်ကတ်ခွါခြင်း
သားကောင်များအဖွဲ့အတွက်အထူးစစ်ဆင်‌ရေးကတော့
တနာရီအတွင်း လက်ကိုင်အိတ်လေးလုံးရှာရမှာပါ

အထူးအခွင့်အရေးအနေနဲ့ အိတ်နှစ်လုံးရှာဖွေတွေ့ရှိသူက
အသင်းဖော်တယောက်ကို ပြန်လည်အသက်သွင်းခွင့်ရှိမှာပါ

အမှန်တကယ်ဝောာ့ ပွဲစဉ်သုံးခုကစားခဲ့တာဖြစ်ပြီး
အချိန်ချုံ့သည့်အနေနဲ့ ဘူကတ်ပြိုင်ပွဲကို လပ်ကီးဘောကံစမ်းခါနီးမှာ အကွက်ငယ်ဖြင့်သာပြသခဲ့တာမို့ပါ

ရှုံးတဲ့သူတွေကတော့ ဘောင်းဘီတိုနဲ့ရထားစီးရပါတယ်
ဂျီဟျို'ကတော့ နှုတ်ခမ်းမွှေးတပ်လို့ပေါ့
.
.
🌹အထူးအချက်
ဂျွန်ကီ'ရဲ့ အနမ်းတချက်ကြောင့် ဂျီဟျို့'အပေါ် ပြင်းထန်တဲ့သက်ရောက်မှုရှိသွား

ဂျယ်ဆော့'ကို လိုက်ဖမ်းချိန်မှာ ကင်ဂျုံကု'အတွက် တည်းဖြတ်သူတို့ စပါတာ' ဆိုတဲ့ အားမာန်ပါပါအသံထည့်လိုက်တဲ့ ပထမဆုံးအပိုင်း

ရှေ့အပိုင်း ၁၄ ကိုတည်လို့ ဂျီဟျို'ဆဲသဟလို့ 
ယူဂျယ်ဆော့'ပြန်ပြော
.
.
ကြည့်ရန်
Https://t.me/rmkolayinde 
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်

































































































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး