Running Man ep 1
.
.
၁ စတင်ခြင်း
Https://www.youtube.com/@thantunlayinde
.
.
Guest: Lee Hyori, Hwang Jung Eum
.
.
၂၁.၆.၂၀၁၀ လွန်ခဲ့တဲ့ ဆယ်နှစ်တာကာလ
မိုးသည်းထဲကဖွင့်ပွဲနဲ့အတူ အဖွဲ့သားယောက်ျားလေး ၇ယောက်နဲ့အတူ လာရောက်အားဖြည့်ခဲ့တဲ့ဧည့်သည်တွေက
လီဟိုရီ နဲ့ ဟွမ်ဂျူအွန်
ဖော်ရှိုးသဘောမျိုး သာမန်ကာလျှံကာအလှလာပြရုံသက်သက် ပါဝင်ခဲ့ကြတာမျိုးမဟုတ်ဘဲ
RM ကခြားနားတဲ့အစီအစဉ်တင်ဆက်မှုတွေနဲ့လာမှာပါလို့
ပရိတ်သတ်တွေကို မက်စေ့ပေးနိုင်တဲ့အထိ
ကိုယ့်ကိုယ်ကိုမညှာ ပုံရိပ်ကိုမငဲ့ဘဲ အားမာန်ပါပါကို
အဖွဲ့သားတို့နဲ့တသားတည်း တချို့နေရာတွေမှာ
ဦးဆောင်ပြီးတောင် တင်ဆက်ပေးသွားကြတာ
တခါတလေကိုယ်တောင်စဉ်းစားမိတယ် ဆုန်းဂျီဟျို'က
ဒီအပိုင်းမှာသာ ဧည့်သည်အဖြစ်ပါဝင်ခဲ့မယ်ဆိုရင်
PD တို့ သတိထားမနိုင်ပါ့မလားလို့
Ep2 မှာ သူမနဲ့တူတူလာရောက်တဲ့ကောင်မလေးရဲ့အားနည်းမှုတွေက သူမကို ထုတ်လုပ်သူဒါရိုက်တာတွေသတိထားမိသွားစေတဲ့အကြောင်းများစွာထဲက တခုများလေလားပေါ့
မိတ်ဆက်အပြီးမှာ Yong Dong Po's T ကုန်တိုက်ဆီသွားရောက်လို့
ညလုံးပေါက်ယှဉ်ပြိုင်ရမှာမို့ ဝင်ပြီးပြီးချင်းမှာပဲ ဂိတ်တံခါးကို
ပိတ်ချလိုက်ပါတယ်
လျှို့ဝှက်ကုတ်ကိုမှန်ကန်စွာဖြည့်နိုင်တဲ့အသင်းကသာ ထွက်ခွာခွင့်ရမှာဖြစ်ပြီး ရှုံးတဲ့အသင်းကတော့ ပြစ်ဒါဏ်ခံရမှာပါ
ပြီးတော့ရှိုးရဲ့ အဓိကအမှတ်အသားအဖြစ်တည်ထားတဲ့ နာမည်ကတ်ခွာခြင်းကစားပွဲနဲ့စပါတယ်
ဒီပြိုင်ပွဲရဲ့ ပထမဆုံးနာမည်ကတ်ခွာသူနဲ့ အခွာခံရသူကတော့
အခုမရှိကြတော့ဘူး ဒါကိုတော့လူသိများကြပေမယ့်
အဲ့အခိုက်အတန့်က တပိုင်းတည်းအတွင်းကို နှစ်ခါဖြစ်သွားတာ မှတ်ဟားမိကြရဲ့လားမသိ
ဒုတိယပွဲက တော်တော်လေးကိုကြမ်းတမ်းတယ် ထိခိုက်ဒဏ်ရာရတာမျိုးလည်းဖြစ်နိုင်တာမို့ ကိုယ်မှတ်မိသလောက် ခုထိအဲ့သလိုမကစားဝောာ့ဘူး
ပြီးတော့လျှို့ဝှက်ကုတ်ရှာကြတယ်
ပြီးတော့စုံတွဲဦးထုပ်ဆောင်းလို့ ပါးစပ်အမူအရာနဲ့ ဗိုလ်ကျားသေနတ်ယှဉ်ပြိုင်တယ်
နောက်အရွယ်ကောင်းအမျိုးသား၅၀'လောက်နဲ့ ဒူးတိုက်ကြက်ဖခွပ်ရမှာပါ
အဲ့ဒါပြီးကုတ်ပြန်ရှာကြတယ်
ပြီးတော့ အစောပိုင်းကာလတွေမှာ အတော်လေးအသုံးပြုခဲ့တဲ့ ဓာတ်ပုံရိုက်ပြိုင်ပွဲပါ
ဒီလိုနာမည်ကတ်ချည်းဇက်တိုက်ခွာနေတာမဟုတ်ဘဲ ကြားဖြတ်ကစားပွဲတွေက နာမည်ကတ်ခွာရာမှာ အထူးအခွင့်အရေးအတွက်ပါ
အဲ့သည်နောက်တော့ ရထားပြီးကြတဲ့ကုတ်တွေကိုအသုံးပြုလို့
ဂိတ်တံခါးတွေကိုဖွင့်ရင်း မှန်တဲ့အသင်းက လွတ်မြောက်ခွင့်ရပြီး ရှုံးတဲ့အသင်းကတော့ ပြစ်ဒဏ်ခံရပါတယ်
လျှို့ဝှက်ကုတ်ကတော့ ၆၃၁၅၂ ဖြစ်ပါတယ်
.
.
.
.
ကြည့်ရန်
https://t.me/rmkolayinde/4
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်










































































No comments:
Post a Comment