သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Monday, May 12, 2025

အရက်ပုန်းဆိုင်

 

အရက်ပုန်းဆိုင်

Https://www.youtube.com/@thantunlayinde 

-

ကျွန်တော်တို့ငယ်ငယ်က ရွာမှာထင်ထင်ရှားရှားအားဖြင့် အရက်ဆိုင် ယမကာဆိုင်ရယ်လို့မရှိဘူးဗျ


နောက်က ပုန်း'ဆိုတဲ့ဝေါဟာရအတိုင်း တိတ်တိတ်ပုန်းရောင်းကြဝယ်ကြတာမျိုးတော့ရှိတာပေါ့


ဒါမျိုးနဲ့စီးပွားရှာသူတွေလည်း အရပ်ထဲရွာထဲ 

တယ်လူရာမဝင်လှဘူး 

လူရာသွင်းမဆက်ဆံကြဘူး 


ထိုသူတွေကလည်း မတတ်သာလို့သာ ဒါကြီးနဲစီးပွားရှာရတာ တတ်နိုင်ရင်မလုပ်ချင်ဘူး ရှက်တယ် သိမ်ငယ်စိတ်ရှိတယ်ပေါ့


ခုများတော့ ထားပါတော့


ညနေချိန်များ မနေနိုင်သူစွဲလန်းနေသူများက ကုတ်ကုတ် ကုတ်ကုတ်နဲ့ ဘယ်ဆီမသိထွက်သွားကြရင် လူသူမကွဲတကွဲအချိန်မှာ ငိုက်စိုက်ငိုက်စိုက်နဲ့ ခြေသံဖွဖွနင်းလို့ ပြန်လာကြတယ်


ပြီးတော့ ကလေးတွေ သားသမီးတွေနဲ့ စကားမျှမဆိုတော့ဘဲ တိတ်တဆိတ် အိပ်ယာဝင်သွားကြတာကိုး

သိသွားကြရင် ရှက်လို့တဲ့


ဒါမျိုးမှီဝဲသူကိုလည်းခေါ်တာ ခွက်ပုန်း'တဲ့


မိန်းမတွေကလည်း တော့်နှယ်တော် ရပ်ထဲရွာထဲလူကြီးလုပ်နေပြီး ဘုရားနဲ့တရားနဲ့နေပါရော့လား ဒီလိုဆိုကြတယ်


မဝေးသေးသော အတိတ်ဆယ်စုနှစ်ကာလမှာတော့

ဘယ်လူကြီးကတော့ဖြင့် ဘယ်လိုပါကွာခွက်ပုန်းပါ

ဒီလိုသူတော်ကောင်းယောင်ဆောင်‌သူတွေထက် အရပ်ထဲက ဟိုအရက်သမားကမှ လေးစားစရာကောင်းသေး ဟန်မဆောင်ဘူးလေတဲ့


ဒီအတွေးအခေါ်မျိုးတော်တော်ခေတ်စားခဲ့ပါတယ်


ကိုယ်တော့ဖြင့် ဂေါပကကြီးက ပကတိအရှိအတိုင်း ပေါ်တင်ခွက်ဆွဲနေတာထက် ခွက်ပုန်းဖြစ်နေတာကိုပိုသဘောကျတယ်


ဘာကြောင့်လဲဆိုတော့ မကောင်းမှုမှန်းသိနေလို့

မကောင်းမှုကို ‌မရှောင်နိုင်လို့ပြုနေသိတိုင် လူသိမှာရှက်စိတ်ရှိနေသေးလို့ပါ


ဟိရီနဲ့ဩတ္တပ္ပဆိုတဲ့ မကောင်းမှု၌ရှက်ခြင်းကြောက်ခြင်းဆိုတဲ့

အသိစိတ်ရှိနေလိုပါ


ခုတော့ ပကတိအရှိတရားကို သဘောကျတယ်ဆိုတဲ့ ဝေါဟာရလှလှလေးရဲ့နောက်က ပုန်းဆိုတဲ့စကားလုံးလေးပြောက်လို့


မြို့လည်ရွာလည် ပေါ်တင်အရက်ဆိုင်တွေကြောင့် မကောင်းမှု၌ ယဉ်ပါးခြင်းဆိုးကျိုးကို ခံစားရတာ 

နောက်မျိုးဆက်တခုလုံးဘဲ


ဘယ်သူမှ အရက်ဘီယာသောက်စားတာ ဒါ့အပြင်ဆိုင်ထိုင်လို့ ပေါ်တင်သောက်တာစားတာကို ရှက်စရာလို့မမြင်တော့ဘူးမဟုတ်လား


ဂုဏ်တောင်ယူသလိုလို


ကျွန်တော်တို့ငယ်ငယ်က အမျိုးသမီးများရည်းစားသနားထားရင် အသောက်အစားကင်းရဲ့လားတဲ့ ကြည့်ကြတာ

ခုတော့ယောက်ျားပဲ အသောက်အစားဘယ်ကင်းလိမ့်မလဲလို့

လက္ခံလိုက်ရင်း


ခုများတော့ အမျိုးသမီးငယ်‌လေးတွေပါ 

ထိုအရာနဲ့ယဉ်ပါးလာကြပြီးကို


လွမ်းမိပါပေါ့ 'အရက်ပုန်းဆိုင်များ'

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်

အာဏာရှင်မုချအဆုံးသတ်တော့မည်

.

.

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး