သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, February 15, 2025

မြတ်ဗုဒ္ဒရဲ့လက်ဝဲက အပျိုကြီးအဂ္ဂသာဝိကာ မကြာညို ဥပ္ပလဝဏ်ထေရီ

မြတ်ဗုဒ္ဒရဲ့လက်ဝဲက အပျိုကြီးအဂ္ဂသာဝိကာ မကြာညို

ဥပ္ပလဝဏ်ထေရီ

Https://www.youtube.com/@thantunlayinde 

.

ခေါင်းစဥ်မြင်လိုက်တော့ ဘဝါဘဝကပါရမီအထုံ တည်ငြိမ်ခဲ့သောအဟုန်ကြောင့်

အလှအပ သံယောဇဥ်တို့ ကင်းလွတ်ခဲ့လေရော့သလား ထင်မှတ်နေကြမလား



အမှန်က သိပ်ကဲခဲ့တာရယ် 


သူမအမည်က 'ဥပ္ပလဝဏ္ဏာ'

ဥပ္ပလ'ဆိုတာက ကြာညိုပန်း

ဝဏ္ဏ'ဆိုတာက အဆင်း

ဒီတော့ မကြာညို' ပေါ့


----


အံ့ဩစရာ သူမပါရမီဘဝအစက လူသားမဟုတ်

အတိတ်ကမ္ဘာတသိန်းကာလ ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်မှာ

ဝိမလာ' အမည်ရတဲ့မြွေနဂါးမလေးပေါ့ 


ထိုအရှင်မြတ်ဘုရားရဲ့ လက်ဝဲတော်ရံတန်ခိုးအရာဧတဒဂ်ရထေရီတပါးကို

သဘောအကျကြီးကျလို့ ကြားညိုပန်းဆက်ကပ်လို့ ပြုခဲ့တဲ့တောင်းဆု


----------


ကြာပန်းနဲ့ဆက်ယှက်ခဲ့တဲ့လမ်း

အထုံလို စရိုက်ဝါသနာလိုဆွဲမြဲစွာပဲ 

ပါရမီဘဝတလျှောက်လုံး ကြာပန်းနဲ့ထွေးလုံးရစ်ပတ် ခွဲခြားမရအောင်ဖြစ်ခဲ့တာ


တဘဝမှာများ သူမက ကြာပန်းကနေဖွားမြင်ခဲ့သည်အထိ 

လှမ်းသည့်ခြေတိုင်း ဖဝါးပြင်အောက် ကြာပန်းပွင့်ပေါ်

သားငါးရာဖွားမြင်လို့ အားလုံးပစ္စေကဗုဒ္ဓဖြစ်သွားကြတဲ့ မိခင်ကြီး ပဒုမဝတီ' က သူမပေါ့


---------


နောက်.. တဘဝမှာ အလှအပရူးသွပ်ပုံများ ဒါနပြုလို့တောင်းတဲ့ဆုက 

မြင်သူတကာအရူးအမူးနှစ်သက်သဘောကျခံရသူ ဖြစ်ရပါလို၏တဲ့


ဒီတောင်းဆုကြောင့် 

ဥမ္မာဒ = အရူးအမူး (ရူးသွပ်တာ)

ဒန္တီ = နှစ်သက်သူ တဲ့


သဘောက ဥမ္မာဒန္တီ'ဆိုတာ 

ကိုယ်တိုင်လည်း အလှအပပြင်ဆင်ချယ်သဖို့ ရူးသွပ်သလို

မြင်သူတကာကိုလည်း သူမအလှမှာရူးသွပ်သွားအောင်ဆွဲဆောင်တတ်သူ 

ဆွဲဆောင်နိုင်သူလို့ဆိုပါတော့


-------


ဒီလို အလှအပအပေါ်စုံမက်စွဲလမ်းလို့ 

ထူးထူးခြားခြား ကွန်းမြူးတဲ့အတွေးစိတ်ကူး တောင်းဆုတွေနဲ့သူမ


တဘဝအလှထိပ်ခေါင်ဖြစ်လိုက် အလှမှာသာယာယစ်မူး ကုသိုလ်အထူးမပြုဖြစ်လို့ 

နောက်တဘဝ သာမန်ညောင်းညပြန်ဖြစ်လိုက် 


ထူးထူးခြားခြားကုသိုလ်ပြုဆုတောင်းလိုက်

နောက်တဘဝ တဖန်ပြန်မြင့်တက်လာလိုက်နဲ့ 

သံသရာမှာအနိမ့်အမြင့်အတက်ကျကြမ်းကြမ်းနဲ့ ဖြတ်သန်းလာခဲ့ပေမယ့်


နောက်ဆုံးဘဝမှာတော့ အခြားထေရီတွေနဲ့စာရင် အင်မတန်တည်ငြိမ်စွာဘဲ

ဂေါတမဗုဒ္ဓသာသနာအတွင်းဝင်ရောက်လာတယ်ဆိုရမယ်


ပဋာစာရီထေရီတို့ ဘဒ္ဒါကုဏ္ဍလကေသာထေရီတို့ ကိသာဂေါတမီထေရီတို့ဆိုရင်ကြည့်လေ

အပူတွေတပွေ့တပိုက်နဲ့ အမောတကော ဒလိမ့်ခေါက်ကွေးဝင်ရောက်လာကြတာမဟုတ်လား


လက်ယာရံပညာဧတဒဂ် ခေမာထေရီ'ဆိုရင် မာနကြီးခံလို့

ဘုရားနဲ့တောင်မတွေ့အောင်တမင်ရှောင်နေတာကြည့်

လင်တော်မောင် ဗိန္ဗိသာရက ပရိယာယ်ဆင်လို့ ရောက်အောင်စီမံပေးရတာ


--------


သူမကတော့နောက်ဆုံးဘဝမှာ သူဌေးသမီး ညိုချောမလေး

တောင်းရမ်းသူများလွန်းတော့ အနာဂါတ်အရေးစိတ်မအေးဖွယ်ရာမို့


(အဲ့ကာလကလည်း သိတဲ့အတိုင်း လှလွန်းရင် အာဏာရှိသူမဟုတ်ရင် ဘုရင့်မောင်းမ 

ဖြစ်ရင်ဖြစ် မဖြစ်ရင် ဘုံဆိုင်အဖြစ် ပြည်တန်ဆာအဖြစ် သတ်မှတ်တတ်ကြတာကိုး)


လူဘောင်လောကစွန့်ခွာလို့ သာသနာအရိပ်ခိုလှုံဖို့ ဖခင်ကြီးရဲ့အရိပ်အမြွက်စကားကြောင့်

အပျိုကြီးဘဝနဲ့ ဘိက္ခုနီဘဝတက်လှမ်းရင်း ၂ပါတ်အတွင်းမှာပဲ ရဟန္တာအဖြစ်

ရှင်မောက္ကလာန်'နည်းတူ တန်ခိုးအရာဧတဒဂ်ရ အမျိုးသမီးအဂ္ဂသာဝိကာ ဖြစ်လာပါတော့တယ်


တနည်းအားဖြင့် ကျွန်တော်တို့ တင့်တင့်ထွန်း'ကိုနောက်သလို့ 

သံသရာတခုလုံးပြောင်းဆန်အောက်နှောက်ခဲ့သမျှ အနည်ထိုင်သွားသူကြီးပေါ့


-----------


ပြန်ပြောပါရစေ မှတ်ထားပေးပါ

သူမအမည်က "" ဣဒ္ဓိမန္တဧတဒဂ် အဂ္ဂသာဝိကာ ဥပ္ပလဝဏ်ထေရီ""

.

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

.

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး