ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Sunday, October 15, 2023

ကောဓ (အမျက်)

 

တိုက်ရိုက်ဖွင့်ရင်တော့ အမျက်ပေါ့


ဒေါသလို ရိုက်လိုက်မယ် နှက်လိုက်မယ် 

အော်လိုက်မယ် ဟစ်လိုက်မယ်ဆိုတဲ့ ထင်ရှားတဲ့ အမှတ်အသားမရှိပေမယ့် 

အားလုံးမှာ မသိမသာစွဲကပ်နေနိုင်တာမျိုးမဟုတ်လား


အကြောင်းတခုခုကြောင့် စိတ်မှာမျက်သွားခဲ့ရင် ပြင်ဖို့ဖျက်ဖို့ ခက်တတ်တယ်


လက်သည်းကြားဆူးဝင်သလိုပေါ့ 

လှုပ်မရနှုတ်မရ မျက်တက်မျက်တက် 

အောင့်သက်သက်နဲ့ အတော်ခံရခက်တာမျိုးပေါ့ 


သူရှိနေရင် သာမန်ဖြစ်ရပ်တွေမှာတောင် ငြိုငြိုငြင်ငြင် 

အပြစ်တင်မိရက်သားဖြစ်သွားတတ်တယ်  


လွယ်လွယ်ကူကူပဲဆိုပါတော့ 


သူ့ဘဝသူ့အကြောင်း စာနာကိုယ်ချင်းစာပြီး 

ဝင်ရောက်တွေးကြည့်ပေးဖို့ကို မဖြစ်နိုင်တော့တဲ့အထိပေါ့ 


ပြင်ပြင်းထန်ထန်ပေါက်ကွဲတတ်တဲ့ သဘာဝမရှိပေမယ့် 

ကာလရှည်ကြာအောင် စွဲဝင်နစ်မြုပ်နေတတ်ပြီး 

ဆွဲနှုတ်ထုတ်ပြစ်ဖို့ခက်တဲ့ ကောဓကို သတိပြုမိဖို့ ဆန္ဒပြုရင်း....


သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Mohenjo Daro (2016) မြစ်ညာကတာကျိုးလို့ ရွှံ့ညွန်တွေအောက်ရောက်သွားရတဲ့ ကမ္ဘာ့ဦးကမြို့တော်ကြီး ။ 💥ခုလည်းနီပေါမှာ ကြောက်စရာ

Mohenjo Daro (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း) မြစ်ညာကတာကျိုးလို့ ရွှံ့ညွန်တွေအောက်ရောက်သွားရတဲ့ ကမ္ဘာဦးကမြို့တော်ကြီး ။ မြစ်ဆုံစီမံကိန်းကို ပ...

အထူး