RM က အရည်အသွေးပိုင်းဆိုင်ရာ ကျဆုံးသွားပြီလား...?
ပထမဆုံးအနေနဲ့ပြောလိုတာက တကိုယ်စာအမြင်ဖြစ်ပါတယ်
ခုနောက်ဆုံးတက်နေတဲ့ အဖွဲ့သားတွေရဲ့ မိတ်ကပ်အပြင်အဆင် တရားလွန်ချယ်သမှုကိုကြည့်ပြီး
ဝမ်းနည်းသလို့ RM ရဲ့ စရိုက်လက္ခဏာပြောက်ဆုံးသွားသလို ခံစားရတယ်
ဘာကြောင့်ဒီလိုပြောရလည်းဆိုတော့ ဟာသကိုပုံပေါ်ရာမှာ စံသတ်မှတ်ချက်အဆင့်တွေရှိပါတယ်
ကိုယ်တွေနိုင်ငံမှာဆိုရင် ထိုင်ပျက်နဲ့ထပျက်ဆိုရာမှာတောင် ပညာသဘာ အနုပညာကြေးကအစ မတူပါဘူး
ထိုင်ပျက်ဆိုတာက မန္တလေးက မိတ်ဆွေတွေပါရင်သိပါလိမ့်မယ်
မန္တလေးမှာ အင်မတန်ကျော်ကြားတဲ့ လူရွှင်တော်ကြီးတွေဖြစ်တဲ့ ထင်ပေါ် ချစ်စရာ ကျော်ကြား တက်တို့း
စသည်ဖြင့် လူရွှင်တော်ကြီးတွေက သူတို့မျက်နှာမှာ ဘာမှမချယ်သပါဘူး
ပြေးလွှားခုန်ပေါက်ရိုက်နှက်နေတာမျိုးလည်း မလုပ်ပါဘူး မတ်တပ်ရပ်ရင်း ရုပ်တည်တည်ကြီးနဲ့ပဲ ပြောနေကြတာ
အဲ့ဒါကိုပဲ ပရိတ်သတ်တွေမှာ အူလှိမ့်နေအောင်ရယ်ရတာ
ထပျက်ဆိုတာကတော့ မိတ်ကပ်တွေကိုးရိုးကားယားလိမ်း အဝတ်အစားတွေကို
အမျိုးသမီးလို ဒွိစိတ်ရှိသူလို ချို့ယွင်းချက်ရှိသူလို မထော်မနှမ်းဝတ်လို့
ပြေးလွှားကန်ကျောက်ထုရိုက်ရင်း ပျက်တာမျိုးပါ
နိုင်ငံတကာမှာ တကယ့်ဒိတ်ဒိတ်ကြဲဟာသ ပြက်ကွက်ဖန်တီးသူ သရုပ်ပြသူတွေကြည့်ကြည့်ပါ
ဥပမာ ချာလီချပလင်တို့ မစ္စတာဘင်း တို့ပေါ့
သူတို့က လုပ်နေတာကအတည်ပါ ဟာသဖြစ်ပါစေတော့ဆိုပြီး အပြောင်အပျက်မျက်နှာပေးနဲ့ လုပ်နေတာမဟုတ်ဘူး
ဇာတ်လမ်းဇာတ်ကွက်အချိတ်အဆက်က ထိမိတော့ သူတို့ခပ်တည်တည်နဲ့ သေသေချာချာလုပ်လေ
လွဲတာတွေကပီပြင်လေ ပရိတ်သတ်မှာ ပါးစပ်မစေ့နိုင်ဖြစ်လေပဲမဟုတ်လား
RMရဲ့ မူလစရိုက်လက္ခဏာက ကွဲပြားတယ်
အားကစားအပေါ်မှာအခြေပြုလို့ ဟာသသဘောတွေဖြည့်ရင်း ဖျော်ဖြေမှုပုံစံဖက်ကို အလေးပေးတည်ဆောက်ထားတာပါ
ဟာသဖြစ်အောင်တမင်သူတို့ တတ်နိုင်သမျှမလုပ်ခဲ့ကြဘူး သူတို့လုပ်နေရင်းနဲ့ကို ပရိတ်သတ်က ရယ်နေရတာပါ
ဥပမာပြောရရင် ဂွမ်ဆူက ထင်ရှားတယ်
သူက တမင်မလုပ်ပဲလွဲတာမျိုး
ကောင်းအောင်လုပ်နေရင်းကို ပိုဆိုးနေတာမျိုး
နောက်ဆုံး ဘယ်လိုကောင်းကောင်းလုပ်လုပ်မရတော့ ရွဲ့ပြီးပေါက်တတ်ကရ လျှောက်လုပ်တာမျိုး
စတာတွေ တကတ်ခြင်းစီကအစ ထိထိမိမိပုံဖော်နိုင်တော့
ဂွမ်ဆူဘာပဲဝတ်ထားဝတ်ထား ဘယ်လောက်ပဲ တည်တည်တံ့တံ့စကားပြောပြော ပရိတ်သတ်တွေသတိမပြုနိုင်ပဲ
သူပေါ်လာရင်ကို ရယ်ချင်နေတာ သူမျက်နှာမြင်ရင်ကို ဘယ်ချိန်ဘာထလုပ်လိုက်လေမလဲလို့ ရင်ခုန်နေရတာဖြစ်ပါတယ်
သူက ရယ်မောစေတာနဲ့ စိုးထိတ်စေတာ စတဲ့နှစ်ချက်ကို
တပြိုင်တည်း ပရိတ်သတ်ကို ပေးနိုင်တဲ့အထိ သူ့ဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်ပါတယ်
ဘာကြောင့်ဒီလိုပြောရလဲဆိုရင် RM အပိုင်းဟောင်းတွေကိုတောင်းတဲ့ Status တွေကို ရာခိုင်နှုံးခွဲကြည့်ရင်
ဘယ်သူက ဘယ်အပိုင်းမှာ ဘာလုပ်တာလေ ဘယ်လိုလုပ်လိုက်တာ စသည်ဖြင့် ဇာတ်ရုပ်ရဲ့ ထူးခြားတဲ့ ပြကွက်တွေကိုပဲ
တောင်းတာများပါတယ် ဘယ်အဝတ်အစားနဲ့ဆိုတာ အင်မတန်နဲပါတယ်
ဒါကိုက RM ရဲ့ စရိုက်လက္ခာဏာအရည်အသွေးပါ
ခုဘာကြောင့် RM ရဲ့ စရိုက်လက္ခဏာကျဆင်းသွားပြီးလားလို့ ထင်မြင်ရလဲဆိုရင်
ခုနောက်ပိုင်းတွေမှာ မကြာမကြာဆိုသလို ဟာသကို ဇာတ်ကွက်နဲ့သရုပ်ဖော်တာမျိုးမဟုတ်ဘဲ
လွန်ကဲတဲ့မိတ်ကပ်ချယ်သမှုတွေနဲ့ ရုပ်ပြောင်တွေလို ပြင်ဆင်ရင်း
ပရိတ်သတ်ကို ရယ်မောဖို့ သူတို့ကိုယ်တိုင် ရယ်သံနဲ့လမ်းကြောင်းပေးနေရလို့ပါ
(ဥပမာ ဆိုမင်ဝင်လာတော့ တောက်လျှောက်ရယ်နေတဲ့ ရယ်သံက တော်တော်လေးကြာတယ်)
ဒါက အရယ်တိုက်တယ်လို့ခေါ်တယ် အကြောင်းအရာက သိပ်မရယ်ရပေမယ့်
ကလေးတွေ မရယ် ရယ်လာအောင် ကိုယ်က ရှေ့ကနေဖြစ်ညှစ်ရယ်ပြရင်း
ကလေးတွေနောက်ကလိုက်ရယ်လာမျိုး လုပ်ဖူးကြတယ်မို့လား အဲ့ဒီသဘောပါ
ဒီလိုဆိုရင်ပြောမယ် ခုက ကြည့်သူတွေလည်းပိုများလာတယ်
ပရိတ်သတ်တွေလည်း တိုးပွားလာတာပဲ
မင်းကဘာကြောင့် RMက စရိုက်လက္ခဏာပျက်စီးသွားပြီလားလို့ ပြင်းထန်တဲ့စကားလုံးသုံးရလဲလို့
မကောင်းတော့ဘူးလို့ ပြောတာမဟုတ်ဘူးနော်
လူတကိုယ်အကြိုက်တမျိုးမို့ ကြိုက်နှစ်သက်သူတွေကတော့ ရှိနေအုံးမှာပါပဲ
ပိုပြီးကောင်းလာတာလည်း ဖြစ်နိုင်တာပါပဲ
အဖွဲ့သားတွေရဲ့ အသက်အရွယ်ကြောင့် စရိုက်လက္ခဏာပြောင်းလိုက်ရတာမျိုးလည်း ဖြစ်နိုင်တာပါပဲ
ခုက အသက်အရွယ်နဲ့ဆိုင်တဲ့ ဂိမ်းတွေလျှော့ချတာကိုပြောတာမဟုတ်ပါဘူး
သူတို့အသက်အရွယ်အရ မုချလျှော့ချရမှာပါပဲ
ပျက်လုံးတွေ ခွင်တွေ ဇာတ်ရုပ်တွေအဆင့်နိမ့်လာတာ
ပေါ့ပျက်ပျက်ဖြစ်နေတာ လျော့တိလျော့ရဲ့ဖြစ်နေတာတွေကိုပြောတာပါ
ဟာသပညာဆိုတာ အသက်ကြီးလို့ မရီရတော့ဘူးဆိုတာမရှိပါဘူး
လုပ်ကွက်ထိမိရင် ပိုပြီးတောင်ရယ်ရပါသေးတယ်
ခုကမူလစရိုက် လက္ခဏာပျက်စီးသွားပြီလို့ပြောတာပါ
RM က မူလ RM နဲ့မတူတော့တာပါ
မူလ RM မှာလည်း တပိုင်လုံး ဘာလှုပ်ရှုားပြေးလွှားတာမျိုးမှမလုပ်ဘဲ စကားကြီးထိုင်ပြောနေတဲ့အပိုင်းတွေရှိပါတယ်
ဒီမှာသူတို့က တမင်ဟာသခွင်ထုတ်တာမျိုး အရယ်တိုက်တာမျိုး မလုပ်ခဲ့ပါဘူး
ဇာတ်ရုပ်ကိုပိုင်နိုင်လို့ အချိတ်အဆက် ဇာတ်ကွက်ထိမိတော့ပြောနေရင်း လုပ်နေရင်းကို ပရိတ်သတ်တွေမှာ ပွဲကျနေတာ
ခုက PD တွေရဲ့ ဇာတ်ကွက်ပုံဖော်ရိုက်ကူးမှု အားနည်းတာလား
ဇာတ်ညွှန်သမားတွေရဲ့ ဇာတ်ကွက်အချိန်အဆက်အားနည်းတာလား
အဖွဲ့သားတွေရဲ့ ပုံဖော်နိုင်မှုအားနည်းတာလား
စတဲ့စတဲ့ အတွေးမျိုးစုံနဲ့....
RM က စရိုက်လက္ခဏာပျက်စီးသွားပြီးလားလို့ ဆိုလိုတာပါ
တချိန်ကတော့ရှိတယ်
ပုဂံရာဇဝင်ပြောရင် တုတ်ထမ်းပြောရတယ်တဲ့
လူတကိုယ်အကြိုက်တမျိုးမို့ ဘယ်မင်းကပိုကောင်းလဲငြင်းကြရင်
စကားနဲ့မနိုင်ရင် တုတ်နဲ့နိုင်အောင်လို့ပါ 😄
ရှေ့တခေတ်ကကောဒီအတိုင်းပါပဲ
ကိုယ်ဖေးဖရိတ်ကိုထိပါးပုတ်ခတ်လာရင် မှန်နေသည့်တိုင် မခံချင်စိတ်နဲ့ မနိုင်နိုင်ရာကိုင်တတ်ကြတာမို့လား
ဒီကနေ့ခေတ်မှာလည်း ထိုနည်း၄င်းပါပဲ
ဒါပေမယ့် ခုခေတ်ပရိတ်သတ်က ဘာပိုသာလဲဆိုတော့ ပြိုင်ငြင်းတာကတပိုင်း
ကိုယ့်ရဲ့ ဖေးဖရိတ်ကို ပိုကောင်းလာအောင် အချင်းချင်း fan group ဖွဲ့လို့ ဆွေးနွေးရင်း
အပြစ်ထောက်ပြလို့ ပိုကောင်းလာစေချင်တာကတပိုင်းဆိုပြီး
မျက်လုံးမှိတ်လို့ ကိုယ့်ဖေးဖရိတ်ဘာလုပ်လုပ်ကောင်းတယ်ဆိုပြီး မျက်ကန်းသဏ္ဍာန်အားပေးတာမျိုး မဟုတ်တော့ဘူး
အချင်းချင်းတော့ မကောင်းရင်ဝေဖန်မယ် အပြင်ကဝေဖန်ရင်တော့ကာကွယ်မယ်
ဒီသဘောကိုပြောင်းလဲသွားတယ်
အနုပညာနဲ့ ပရိတ်သတ်ဆိုတာ ရေနဲ့ကြာလိုပါပဲ
ပရိတ်သတ်က ခံစားနားလည်နိုင်စွမ်းမြင့်လေ
ဖန်တီးသူပညာရှင်တို့မှာ ခပ်ပေါ့ပေါ့မလုပ်ရဲဘဲ ပိုကောင်းအောင်ဖို့ တွန်းအားဖြစ်လေ
သူတို့ကပိုကောင်းလာလေ ခံစားသူပရိတ်သတ်တို့မှာ ပိုမြင့်လာလေ
ပရိတ်သတ်တိုးပွားလာလေပါ
ဒါကြောင့် ၂၁ ရာစုမှာ အကြီးမားဆုံးပြောင်းလဲခြင်းက ကိုယ့်ဖေးဖရိတ်ကို အပြုသဘောဆန်ဆန် ဝေဖန်နိုင်သလို
သူတို့မှာလည်း ဝေဖန်မှုတွေထဲက ကိုယ့်အားနည်းချက်ကိုရှာဖွေလို့ ပိုကောင်းအောင်တည်ဆောက်နိုင်တာပါ
ဘယ်လိုချစ်တာက ပိုကောင်းမလဲ နည်းနည်းခွဲခြမ်းစိတ်ဖြာကြည့်ရအောင်
သူ့အမှားလေးတွေ ချို့ယွင်းချက်လေးတွေကို ခွင့်လွှတ်နားလည်းလို့ ဖုံးဖိကွယ်ဝှက်ပေးမလား
ထောက်ပြပြုပြင်စေလို့ ပိုကောင်းလာအောင်ကော လုပ်မပေးထိုက်ဘူးလား
ဥပမာ သူဟင်းချင်တာငန်တယ်
ဒါကိုခွင့်လွှတ်သည်းခံပြီးပဲစားနေမလား အမြဲကောစားနေနိုင်ပါ့မလား
စားနိုင်တယ်ဆိုရင်ကော ဒီကဖြစ်လာမယ့် သွေးတိုးလို ရောဂါဘယတွေကို
ကိုယ်ကော ကိုယ်ချစ်တဲ့သူတွေ ဖြစ်လာနိုင်တာမို့ လက္ခံနိုင်သလား
ဒါမှမဟုတ် ချစ်ခြင်းအားဖြင့် အသိပေးပြောပြလို့ ပြုပြင်စေပြီး ပိုကောင်းလာစေမလား
ဒီဆောင်းပါးက ဒုတိယတခုကိုရွေးချယ်လိုက်တယ်လို့ပဲဆိုပါစို့
ချစ်လို့ဝေဖန်တယ်လို့ပဲ ပြောပါရစေတော့....
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်
No comments:
Post a Comment