သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Friday, June 23, 2023

ဂျန်ဗီကပူးရ် သို့ ပေးစာ (Letter to Janhvi kapoor)


 ဂျန်ဗီကပူးရ် သို့ ပေးစာ

(Letter to Janhvi kapoor)

......


မင်္ဂလာပါ ... ဂူဂျန်

မင်္ဂလာပါ ... ဂျယ်ရီ

မင်္ဂလာပါ ... မီလီ

မင်္ဂလာပါ ... ဂျန်ဗီ ကပူးရ်


မင်းကငါ့ထက်အသက်ငယ်တော့ ဘယ်လိုခေါ်ရမလဲမသိဘူး

လေးစားသမှု ချစ်ခင်မှုနဲ့ မင်းတို့အသုံးအနှုံးကတော့ မဒမ် လို့ခေါ်တာထင်တယ်


ငါတို့ပြည်မှာတော့ နှမ လို့ခေါ်တယ် 

ရင်းနှီးမှုအားဖြင့် ငါ့နှမ ပေါ့


မင်းတို့ရဲ့အရှေ့ဖက် တံခါးတချပ်လှပ်လိုက်ရုံနဲ့ 

တွေ့ရမယ့်နိုင်ငံမှာငါနေပါတယ်


ဒီမြေမှာ မင်းကိုသဲသဲလှုပ်အားပေးသူတွေ

ချစ်သူတွေအများကြီးရှိတယ်ဆိုတာ သိစေချင်တယ်


မင်းရဲ့အပြုံးလေးတွေ

စကားသံလေးတွေ

လှုပ်ရှားမှုဟန်ပန်လေးတွေက နှစ်လိုဖွယ်အတိ


ဒါပေမယ့် အဲ့ဒါတွေမခံစားဖြစ်တာ ၂ နှစ်ကျော်ကြာခဲ့ပြီ ...


ငါ့နှမတို့နိုင်ငံနဲ့ ငါတို့နိုင်ငံက 

အင်္ဂလိပ်ကိုလိုနီလက်အောက်ခံဘဝကလွတ်ကြတာ မရှေးမနှောင်းပါပဲ


မဟတ္တမ ဂန္ဒီကြီးရဲ့ဦးဆောင်မှုနဲ့

မင်းတို့ရဲ့နိုင်ငံက သွားနေလိုက်တာ ခုဆိုရင် ကမ္ဘာ့ထိပ်တန်းစာရင်းဝင်ဖြစ်နေပြီ


တိုင်ပြည်ကိုစောင့်ရှောက်ကာကွယ်ပေးတဲ့ စစ်တပ်လည်းရှိတာမို့

ချမ်းသာနှစ်ခြိုက်စွာ အိပ်ဆက်ရမှာပါ


ငါတို့ပြည်မှာတော့ ထစ်ကနဲ့ရှိ အာဏာသိမ်းတတ်တဲ့ 

စစ်တပ်ကြောင့် ငါ့နှမ မင်းရဲ့ပရိတ်သတ်တွေမှာ ပူဆွေးအတိပဲ


ခုအာဏာသိမ်းစစ်ကောင်စီကို မင်းတို့ရဲ့အစိုးရက

စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးနေတယ်


အဲ့ဒီပစ္စည်းတွေနဲ့ 

အပြစ်မဲ့ငါတို့ပြည်သားတွေရဲ့အသက်တွေ သေရတယ်

အိမ်တွေ မီးလောင်ရတယ်

ကျောင်းတွေ ပြာကျရတယ်

ကျောင်းသားတွေ အနာဂါတ်ပြောက်ရတယ်

ဘုရားကျောင်းကန်တွေ ပြိုကျပျက်စီးရတယ်


Google မှာ ရိုက်ရှာလိုက်တာနဲ့ အနိတ္ထာရုံမြင်ကွင်းတွေ တွေ့မှာရပါ


ငါ့နှမတို့ ထမ်းဆောင်တဲ့ အခွန်အခတွေကို စီမံခန့်ခွဲပြီး

ရပ်တည်ရှင်သန်နေတဲ့ အစိုးအဖွဲ့အစည်းက ဒီလို လွဲမှားတဲ့အယူအဆတွေနဲ့ စစ်မိစ္ဆာကို အားပေးထောက်ပံ့နေသလိုလုပ်နေတာကို 


ငါ့နှမအပါအဝင် အိန္ဒိယပြည်သားတွေကို သိစေလိုတာပါ  


ဒါတွေက ငါ့နှမနဲ့တော့မဆိုင်ပါဘူး..


ဒါပေမယ့် မင်းတို့အစိုးရရဲ့ အာဏာရှင်အပေါ်ထောက်ပံ့ကူညီသလိုဖြစ်နေတဲ့ လက်နက်ရောင်းချပေးမှုကြောင့် ငါ့နှမ မင်းရဲ့ပရိတ်သတ်တွေရဲ့ နှလုံးပူဆွေးနေရတာကို မင်းကိုသိစေချင်တာပါ


ငါ့နှမတိုပြည်သူတွေကတော့ ကံကောင်းကြတယ်နော်

လွတ်လပ်ရေးရပြီးလာကတည်းက တိုင်းပြည်အပေါ်လုံဝသစ္စာမဖောက်တဲ့ စစ်တပ်ကိုပိုင်ဆိုင်ရတာမို့ပါ


ငါတို့ပြည်မှာတော့ စစ်ခွေးတွေက

နွေဦးမှာခွေးရူးထသလို အာဏာမကြာခဏရူးတတ်တာမို့


ငါတို့အိမ်တွေကလည်း မြေအိုးတွေလို ကွဲကြေလွယ်တယ်

ငါတို့ရည်မှန်းချက်တွေကလည်း ပြာမှုံလို လွင့်ပါးလွယ်တယ်

ငါတို့အသက်တွေကလည်း သစ်ရွက်လို အချိန်မရွေး ကြွေသွားနိုင်ပါတယ်


ဒီစာကြောင့် ငါလည်း 

တသက်လုံး ထောင်ထဲမှာပဲ အချိန်ကုန်သွားနိုင်ပါတယ်

ငါ့အိမ်လည်း ဖျက်စီးသိမ်းယူခံရနိုင်ပါတယ်

ငါအသက်လည်း သေဆုံးသွားနိုင်ပါတယ်


ဒါမျိုးအထိတ်တလန့်ရှင်သန်ရတာမျိုး ငါ့နှမ ခံစားဖူးမယ်မထင်ဘူး


ငါ့နှမ မှ မဟုတ်ပါဘူး ကမ္ဘာ့တဝှမ်းက 

ဘယ်လူမျိုး 

ဘယ်လာသာဝင် 

ဘယ်အသားအရောင်ရှိသူမှ 

ဒီလိုပုံစံမျိုးနဲ့ ရှင်သန်နေထိုင်ရတာမျိုးမဖြစ်ပါစေကြောင်း 

ငါတို့ပြည်သူတွေက လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုပါတယ်


ငါက ဗုဒ္ဓဘာသာဝင်ပါ

ငါတို့နိုင်ငံ အာဏာရှင်လက်အောက်ကလွတ်လို့ အေးချမ်းသာယာချိန်ကျ

မင်းတို့နိုင်ငံမှာရှိတဲ့ ငါတို့မြတ်ဘုရားရှင်သန်ကျင်လည်ခဲ့ရာဒေသတွေကို အရောက်လာဖို့ ကျိုးစားပါအုံးမယ်


အဲ့ဒီအချိန်မှာ မင်းကိုအပြင်မှာတေွ့ခွင့်ရဖို့ ကျိုးစားအုံးမယ်..


Goodluck - Jerry

              - Mili

              - Gun Jan

              - Janhvi Kapoor Madan & My country 


အရေးတော်ပုံ အောင်တော့မည်...


သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး