ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Thursday, September 9, 2021

ကြားဝင်ဖြန်ဖြေတယ်ဆိုတာ


ခွန်အားအရသော်၄င်း
ပညာအရသော်၄င်း
အာဏာအရသော်၄င်း
သာသူက ဝင်ရောက်မှ ပိုပြီးထိရောက်တာမျိုးပါ

ဥပမာ
အရပ်ထဲလူနှစ်ယောက် ခိုက်ရန်ဖြစ်ရင်တောင်
ခိုက်ရန်ဖြစ်သူထက် ခွန်အားကြီးသူ 
ဒါမှမဟုတ် ပညာဂုဏ်အားဖြင့်လေးစားရသူ
ရာထူးအာဏာပိုကြီးသူ ကဝင်ရောက်ဖြန်ဖြေမှ မြန်မြန်ဆန်ဆန် ရန်ပွဲအဆုံးသတ်ပြီး ကြေအေးအောင်စွမ်းဆောင်နိုင်မှာပါ

ဒီလိုမှမဟုတ် 
ခွန်အားကမရှိ 
ဂုဏ်အားဖြင့်လည်း လေးစားစရာမကောင်း 
အာဏာအားဖြင့်လည်း မလွှမ်းမိုးနိုင်ဘဲ ဝင်လာရင်တော့ အရှက်ကွဲဖို့သာရှိတယ်

အာဆီယံကိုကြည့်ရအောင်
ခွန်အားအရာလည်း ချိနဲ့နဲ့ 
(နားမထောင်ရင် စစ်ရေးအရ စီးပွားရေးအရ ဘာညာဘာညာ ခြိမ်းခြောက်ဖို့လည်း အင်အားက ချိနဲ့နဲ့)

ပညာဂုဏ်အရလည်း ထူးမခြားနား
(အားလုံးက အာဏာရှင်တစ်ပိုင်း အတူတူနဲ့အနူနူမို့ မသူတော်ချင်းသတင်းလွေးဖို့လောက်သာဖွဲ့ထားတာ)

အာဏာအရလည်း 
သူကအပစ်ရပ်ပါဆိုမှ တိုက်ပွဲခေါ်သံတောင် စလိုက်သေးတယ် တစ်ဖက်တည်း အာဏာမရောက်တာလားဆိုတော့ မဟုတ်ပြန်ဘူး ဟိုတစ်ဖက်ကလည်း အာဆီယံထုတ်ပြန်ချက်မှာ လိုတိုးပိုလျော့နဲ့ လုပ်ခြင်သလိုလုပ် ပြင်ချင်သလိုပြင်ပြီးမှ ထုတ်ပြန်စေတဲ့အထိ တံတွေးစွတ်လိုက် ထိပ်ခေါက်လိုက်မလုပ်ရုံတမယ်

ဒီတော့ ထိုင်နေအကောင်းသား ထမှကျိုးမှန်းသိဆိုသလို 
အာဆီယံရဲ့အနေအထားက လက်ရှိမြန်မာပြည်သူတွေထက်တောင် ဂရုဏာသက်ဖို့ကောင်းနေပါသေးတယ်

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး