ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Tuesday, July 2, 2019

အလင်းများနှင့်

............... 

အလင်းရဲ့ စွမ်းရည်သတ္တိဟာ အမှောင်ကို ခွင်းနိုင်ခြင်းတဲ့ အလင်းတစ်ခု ထွန်းညှိလိုက်တာနဲ့ အမှောင်ဟာ ချက်ခြင်းရှောင်ခွာထွက်ပြေးရတယ် အလင်းကအရင်ပေါ်ပြီး အမှောင်က နောက်မှ ပြောက်သွားတာမျိုးမဟုတ်ဘူး

ဒီနှစ်ခုဟာ တစ်ပြိုင်တည်း ဖြစ်တည်တယ်  ထို့အတူပဲ အလင်းပြောက်ဆုံးသွားတာနဲ့ အမှောင်ဟာ ခဏမဆိုင်းပဲ ချက်ခြင်းရောက်လာတတ်တယ် 

ဒါကအလင်းရဲ့စွမ်းရည်ပါ 

အလင်းနဲ့အတူ ယှဥ်တွဲပြီး အခြားဖြစ်လာတတ်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေလည်း ရှိသေးတယ်

 မိုးညတွေမှာ ဖယောင်းတိုင်မီး ထွန်းညှိလိုက်ရုံရှိသေး မိနစ်ပိုင်းအတွင်းမှာ အမျိုးစုံသော အင်းဆက်သတ္တဂါလေးတွေဟာ ဘယ်ကနေဘယ်လိုပေါ်လာမှန်းမသိ တစ်ကောင်ပြီးတစ်ကောင် အလျိုလျို​နဲ့ အလင်းရောင်မှာ စုဝေးလာကြတယ်  ဒီထဲမှာ ဟိုတိုက်ဒီတိုက်နဲ့ လှလှပပ မဝဲပျံတတ်တဲ့ အကောင်တွေလည်းပါတယ် နားခိုက်မှာ သွေးစုပ်အမြတ်ထုတ် နာကျဥ်မှုတွေသာ ပေးသွားတတ်တဲ့ သတ္တဝါတွေလည်းပါတယ် ထိခိုက်မိရုံနဲ့ ဆိုးဝါးတဲ့ရနံ့တွေ ပေးတတ်တဲ့ သတ္တဝါမျိုးတွေလည်းပါတယ် အရောင်အသွေးစုံတဲ့ လှပတဲ့ သတ္တဝါလေးတွေလည်းပါတယ် စုံလို့ပါပဲ 

မီးလေးမှိုတ် အိပ်စက်မှပဲ သူတို့ရန်က ဝေးတော့တယ် ဒီလိုမှမဟုတ်ရင် အိပ်စက်ဖို့တောင် သိပ်ခက်တယ်မဟုတ်လား...  

  • သန်းထွန်းလေး (အင်းတဲရွာ)   

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး