"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Saturday, June 8, 2019
တံခါး
{}{}
တံခါးပေါင်းများစွာ ကျွန်တော်တို့ မြင်ဖူးတွေ့ဖူး အသုံးပြုဖူးကြပါတယ်
သူရဲ့ ဂုဏ်သတ္တိကိုတော့ အလွယ်အားဖြင့် လုံခြုံဖို့လို့ အဓိပ္ပါယ်ဖွင့်ရမယ် ထင်တယ်ဗျ
လောကမှာ တံခါးကြောင့် ခံစားကြရတဲ့ ဒုက္ခတွေ ဖြစ်ပေါ်လာတဲ့ အကျိုးတွေဟာလည်း မရေမတွက်နိုင် အစုနဲ့အဝေး ဒုနဲ့ဒေးပေါ့
~~~~~~~~~~~~~~~~~~~~~~~~~~
စားဖိုမှူးရဲ့ ပေါ့လျော့စွာ တံခါးပိတ်ဖို့ မေ့လျော့ခဲ့တာကြောင့် မင်းမြတ်တစ်ပါးဟာ ဘီလူးအလား လူရဲ့အသားကိုမှ ခုံခုံမင်မင် နှစ်နှစ်သက်သက် စွဲလမ်းနှစ်ခြိုက်မိပြီး ဒုက္ခပင်လယ်ဝေရပုံတွေ
ကိုယ်ကျိုးသာကြည့်ပြီး ခက်ခက်ထန်ထန် မျက်နှာပေးနဲ့ မဟုတ်မဟတ်ကြံစည်တတ်တဲ့ အနာထပိဏ်သဌေးရဲ့ အိမ်ဝတံခါးစောင့်နတ်လိုလူတွေ
ရန်သူပတ်လည်ဝိုင်းနေတဲ့ အစ္စရေးတို့ရဲ့ အထပ်ထပ်ပိတ် အဆင့်ဆင့်စစ်ေဆးတဲ့ ဂိတ်တံခါးပေါက်တွေ
တံခါးအားလုံးပိတ် မှောင်မိုက်ခဲ့ဖူးတဲ့ အတိတ်ကာလတွေ
မလုံမလဲနဲ့ အန္တရာယ်ကို ဖိတ်ခေါ်နေသလို ဟာလာဟင်းလင်း ဗလာကျင်း ဖြစ်နေတဲ့ အနောက်က တံခါးတွေ
စသည်စသည်ဖြင့် သတိထားစရာ သင်ခန်းစာယူဖွယ်ရာတွေ တံခါးက ပေးပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~~
တံခါးမှန်သမျှဖွင့်ထားရင် အပြင်က ဖုန် အမှိုက်သရိုက်ကအစ ဝင်လာနိုင်တာကိုတော့ သတိရှိဖို့လိုတယ်
ဘေးအန္တရာယ်ကင်းအောင် တံခါးအားလုံးပိတ် ကိုယ့်အိမ်ထဲမှာပဲ တိတ်တဆိတ်နေမယ်ဆိုရင်လည်း အပြင်က လတ်ဆတ်တဲ့လေနဲ့ သဘာဝရဲ့ အလင်းရောင်ကို ရရှိနိုင်မှာ မဟုတ်ဘူးလေ
ဒီတော့ ဖွင့်သင့်တဲ့တံခါးဖွင့်ပြီး လေနဲ့အလင်းရောင်ကို ခံယူပြီး မလိုလားအပ်တဲ့ ဘေးအန္တရာယ်တွေကို ခုခံဖို့ ကြံ့ကြံ့ခံနိုင်ဖို့ ကိုယ့်မှာ လုံလောက်တဲ့ ကိုယ်ခံအား အမှန်အမှား ခွဲခြားနိုင်တဲ့ အသိပညာ ရှိနေဖို့လိုအပ်ပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်တို့ ငယ်ငယ်က ရပ်ရွာမှာ တံခါးဆိုတာ မည်ကာမတ္တတပ်ဆင်ထားရုံ ပါတယ်ဆိုယုံပါ တကူးတက ဘယ်သူမှ ပိတ်နေဖွင့်နေတာမျိုး မရှိပါဘူး အပ်တိုတစ်ချောင်းတောင် ပြောက်တယ်ဆိုတာမျိုး မကြားဖူးဘူးဗျ
ရပ်ထဲရွာထဲ အားလုံးဟာ တစ်အူတုံဆင်း ညီနောင်သားရင်းတွေလိုပါပဲ တစ်ဦးမရှိချိန် တစ်ဦးက စောင့်လျှောက်ကြည့်ရှုပေးတယ် ထူးထွေကျေးဇူးတင်နေဖို့ မလိုပါဘူး အခြေခံဝတ္တရားတစ်ခုအဖြစ် တည်ရှိနေတာ
ခိုင်မြဲတဲ့ ကိုယ်ကျင့်တရားရှိရာ အဝန်းအဝိုင်းမှာဆိုရင်တော့ တံခါးဆိုတာ မည်ကာမတ္တ ပါတယ်ဆိုယုံကလွဲပြီး သိပ်အသုံးမဝင်တဲ့ အရွက်မျှသာမဟုတ်ပါလားဗျာ..
~~~~~~~~~~~~~~~~~~~~~~~~~
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း
Koloneypoe@gmail.com
ကဗျာ ဆောင်းပါး FB Page
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...

No comments:
Post a Comment