"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Thursday, June 6, 2019
သဏ္ဍာန်မညီ မိတ္တူ
................
ငါးရာ့ငါးဆယ် နိပါတ်တော်တွေထဲက ဝတ္ထုလေးတစ်ပုဒ်ကို ဖတ်မိရင်း အတွေးစတွေ ဖြန့်ကျက်ဖို့ ဖြစ်လာတယ်
ဇာတ်ရဲ့ဖြစ်စဥ်က ဒီလိုပါ
တစ်နေ့မှာ လှည်းကုန်သည်ငါးရာဟာ တောတွင်းတစ်နေရာမှာ စခန်းချကြတယ် အသောက်အစားလေးလည်း ပါတာပေါ့ သူတို့ တည်းခိုအပြီးမှာ နွားချေးပုံမှာ နွားချေးပိုးတစ်ကောင် ကျက်စားရင်း ကျန်နေခဲ့တယ်
ထိုသူတွေ သောက်စားကြွင်းကျန်ခဲ့တဲ့ သေရည်ကို နွားချေးပိုးလေး အမှတ်မထင် သောက်သုံးမိရာကနေ ဒီဇာတ်လမ်းစတော့တာပဲ
အရည်ကလေးဝင်တော့ ခပ်ထွေထွေ သွေးကလေးကလည်း ဆူဝေဝေကြွတတ
ဒီအချိန်မှာ သူနဲ့မနီးမဝေးလေးမှာ ကျက်စားနေတဲ့ ဆင်တစ်ကောင်ကိုတွေတယ်
သေချာကြည့်လိုက်တော့ အဲ့ဒီဆင်ဆို့တဲ့ သတ္တဝါက သူနဲ့ဘာမှ သိပ်ကွာခြားလှတာမဟုတ်
သူ့မှာလည်းနှာမောင်း
ငါ့မှာလည်းနှာမောင်း
သူလည်းခြေလေးချောင်း
ငါလည်းခြေလေးချောင်း
ဒီတော့လှမ်းပြီး ရန်စတယ် စိမ်ခေါ်တယ်
ဆင်က သူ့ကို လှမ်းခေါ်ရန်စနေတဲ့ အသံသေးသေးလေးက ဘယ်ကလဲလိုက်ရှာတယ် တွေ့တော့ရယ်တာပေါ့ သူကိုစိမ်ခေါ်နေတာ သူ့ရဲ့အသေးဆုံးသွားထက်တောင် များစွာ သေးငယ်တဲ့ သတ္တဝါလေးဖြစ်နေတာကိုး
ဒီတော့ခွန်းတုံ့ပြန်အချေအတင်စကားဆိုမနေတော့ဘဲ သူအပေါ်တည့်တည့် မစင်စွန့်ချပြီး ထွက်သွားတော့တယ်
.
ဒီလိုပါပဲ ကျွန်တော်တို့ဘဝတွေမှာလည်း ရံခါမှာ မတူညီခြင်းများစွာရှိပေမယ့် ကိုယ်မြင်တဲ့တူညီချက်ကလေးကိုပဲကြည့်ပြီး ခြေရာတိုင်းတာ ပုခုံးခြင်းယှဥ်တာ ပြိုင်တာဆိုင်တာမျိုး ဖြစ်ခဲ့ဖြစ်ဖူး ကြုံခဲ့ကြုံဖူးနိုင်ပါတယ်
ဥပမာပေါ့ သူလည်းလူ ငါလည်းလူဆိုတဲ့ သဘောမျိုးနဲ့ အမျိုးသားအမျိုးသမီး တန်းတူဆိုတာမျိုးပါ သဘာဝဗီဇကိုက ကွဲပြားနေတဲ့ ဒီနှစ်မျိုးဟာ ဘယ်လိုက ဘယ်လိုလုပ် တန်းညှိနိုင်မှာလည်း
အမျိုးသားရာထောင်ချီတောင် မစွမ်းဆောင်နိုင်တာမျိုးကို အမျိုးသမီးတစ်ယောက်တည်းက စွမ်းဆောင်နိုင်တာရှိနိုင်သလို အမျိုးသမီးရာထောင်ချီတောင် မစွမ်းဆောင်နိုင်တဲ့ အမှုကိစ္စကို အမျိုးသားတစ်ယောက်တည်းက မပင်မပန်းစွမ်းဆောင်နိုင်တာမျိုးလည်း ရှိမှာပါ
မတူကွဲပြားတဲ့ ဗီဇသဘောတရားတွေ အရည်အချင်းတွေရှိနေတာကိုက သဘာဝအလှမဟုတ်လား အရာရာတိုင်းမှာ သူ့စွမ်းရည်နဲ့သူ သူ့တန်ဖိုးနဲ့သူ ဖြစ်တည်နေတာဘဲဟာ ထူးထွေညှိနေဖို့ လိုအပ်တယ်မထင်မိဘူးဗျ
လူဝတ်ကြောင်ကို ရဟန်းက တန်းညှိနေထိုင်တာ
အိမ်ထောင်ရှင်က လူလွတ်တွေကို တန်းညှိနေထိုင်တာ
ချမ်းသာသူကို ဆင်းရဲသူက တန်းညှိနေထိုင်တာ
စတာတွေဟာ ညှိသူမှာ ပျက်စီးဖို့ရာသာ ဖြစ်နိုင်တာကြောင့် သတိချပ်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း...
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...

No comments:
Post a Comment