"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Tuesday, June 4, 2019
လမ်း
~~~
ခါတိုင်းထက်နောက်ကျပြီးမှ ရောက်တော့ နွေးတယ်ဆိုရုံ ရေနွေးကို ခံတွင်းရှင်းရုံပဲ တကြိုက်သောက်လိုက်တယ် ဒီအချိန်ဆို ဒီဆိုင်လေးက ဒီလိုပဲဆိုတာ သိနေရဲ့နဲ့ လာလာဖြစ်နေတာကလည်း ဒီဆိုင်လေးရဲ့ ဝန်ဆောင်မှု စားကောင်းသောက်ဖွယ်တွေကြောင့်မှ မဟုတ်တာ ရနိုင်တာအားလုံးထက် စွဲလန်းစေတာက ဆိုင်ရှေ့က လမ်းကလေးပါ
တွေ့နေကြအတိုင်းပါပဲ ကတ္တရာစေးနည်းနည်း လမ်းသားကျဉ်းကျဉ်းလေးသာရှိပြီး တစ်ဖက်တစ်ဖက် လောဘပြိုင်ရင်းက မယ်မြန်မာလို ခါးသေးရင်ချီ လမ်းကလေးဆိုပါတော့
ကိုယ့်လို လက်လုပ်လက်စား လူတန်းစားတွေရဲ့ အထွက်လမ်းထိပ်က တစ်ခုတည်းသောဆိုင်လေး
နံနက်မိုးသောက်ကနေ ညနေမိုးချုပ်အထိ လပ်ယားလပ်ယား ပျားပန်းခတ်မျှ သွားသူလာသူတွေနဲ့ ရှုပ်ထွေးပွေလီနေတဲ့ လမ်းမဟုတ်ဘူးလေ အလုပ်အသွား အလုပ်ပြန်ချိန်ကလွဲလို့ သွေ့သွေ့ခြောက်ခြောက် လမ်းကလေးပါ
တစ်ချို့က တာဝန်အတွက် တစ်ချို့က မိသားစုအတွက် တစ်ချို့က ရည်မှန်းချက်အတွက် တစ်ချို့က ဘဝအတွက် ဒီလမ်းကလေးပေါ်ကနေ ဖြတ်လျှောက်ကြိုးစားရုန်းကန်နေကြတာမဟုတ်လား
ဒီလမ်းကလေးမှာ နောက်ထပ်စိတ်ဝင်စားစရာက ကျွန်တော်ထိုင်နေကျ ထောင့်ကလေးမှာ လမ်းဆုံလေး ရှိနေတာပဲ
ဦးတည်ရာအတွက် သွားလာကြတဲ့အခါ သူတို့ခြေလှမ်းဟာ တွေဝေတုံ့ဆိုင်းနေတာမျိုးမရှိဘူး ကိုယ့်လမ်းကိုယ်သွား ပြတ်ပြတ်သားသားပေါ့
တခါတလေ ဝေဝေဝါးဖြစ်နေသူတွေကိုလည်း တွေ့ရတယ် လမ်းဆုံမှာရပ်လို့ ဘယ်လှမ်းရမလို ညာလှမ်းရမလို အနေထားမျိုး စိတ်မရှည်တဲ့ ဆိုင်ကယ်က ဟွန်းတီးလိုက်မှ လန့်ဖြန့်ပြီး ခြေဦးတည့်ရာ ဇွတ်မှိတ်ပြီးလျှောက်လှမ်းလိုက်ရာက ရွေးချယ်မိသား လမ်းပေါ်မှာပဲ လျှောက်လှမ်းသွားတာမျိုး
လမ်းဆုံလမ်းခွတိုင်းမှာ ဖြစ်နေကြ သဘာဝမဟုတ်လား
~~~~~~~~~~~~~~~~~~~~~~~~~
သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း
Koloneypoe@gmail.com
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...

No comments:
Post a Comment