ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Sunday, February 24, 2019

သခင်ကိုယ်တော်မှိုင်း

ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား ၁၈၇၆ ခုနှစ် မတ်လ ၂၃ ရက်နေ့ မြန်မာ သက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့တွင် အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့က ပြည်ခရိုင် ရွှေတောင်မြို့နယ် ဝါးလယ်ရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်ဖြစ်ကာ ငယ်နာမည်မှာ မောင်လွမ်းမောင် ဖြစ်သည်။
သခင်ကိုယ်တော်မှိုင်း
Kodawmhine.jpg
မွေးဖွားမောင်လွန်း
မတ် ၂၃၊ ၁၈၇၆
ဝါးလယ်ရွာ၊ ရွှေတောင်မြို့ပြည်ခရိုင်၊ မြန်မာနိုင်ငံ
ကွယ်လွန်ဇူလိုင် ၂၃၊ ၁၉၆၄(အသက် ၈၈)
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
ထာဝရ အိပ်စက်ရာကန်တော်မင်ဉယျာဉ်ဂူဗိမာန်၊ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
ကလောင်အမည်ပဏ္ဍိလေး၊ မောင်သမာဓိ၊ ဆရာလွန်း၊ ဘိုးဘိုးအောင်၊ မစ္စတာမောင်မှိုင်း၊ သခင်ကိုယ်တော်မှိုင်း
အလုပ်အကိုင်ဝတ္ထုရေးဆရာ၊ ကဗျာဆရာ၊ ဂျာနယ်လစ်၊ နိုင်ငံရေးသမား
ကာလ၁၈၉၈–၁၉၆၄
စာပေအမျိုးအစားအမျိုးသားရေး
ဂရုထားမှတ်သားစရာ လုပ်ဆောင်မှုများမစ္စတာမောင်မှိုင်း မှာတော်ပုံ ဝတ္ထု (၁၉၁၆)
ရရှိသည့်ဆုများအလင်္ကာကျော်စွာဘွဲ့ (၁၉၅၀)
စတာလင်ငြိမ်းချမ်းရေးဆု(ဆိုဗီယက်) (၁၉၅၄)
ဒေါက်တာဘွဲ့ (University of Hamburg) (၁၉၆၀)
အိမ်ထောင်ဖက်ဒေါ်ရှင် (၁၉၀၃–၁၉၁၃)
ဆရာကြီးသခင်ကိုယ်တော်မှိုင်း

ငယ်ဘဝနှင့်ပညာရေးပြင်ဆင်

ငယ်စဉ်က ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးထံတွင် စာပေပညာကို ဆည်းပူးလေ့လာ သင်ယူခဲ့သည်။ ၁၈၈၃ ခုနှစ်တွင် ဦးလေးတော်သူ ဦးပဇင်း ဦးသီရိနှင့်အတူ မန္တလေးသို့ လိုက်ပါသွားပြီး မြတောင်ကျောင်းတိုက် ဆရာတော်ဘုရားကြီးထံတွင် ကိုရင်ဝတ်ဖြင့် ပညာဆက်လက်ဆည်းပူးခဲ့သည်။ ရှင်အမည်မှာ ပဏ္ဍိတ ဖြစ်သည်။
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် နောက်ဆုံး မြန်မာဘုရင် သီပေါမင်းနှင့်မိဖုရား ပါတော်မူသည့် မြင်ကွင်းကို စာတော်ဝန် ဦးစံကျောင်း လက်ယမ်းပေါ်မှ မြင်တွေ့ခဲ့ရသည်။ ထိုနေ့မှာပင် စစ်ကိုင်းဘက်သို့ တောထွက်ခဲ့သည်။ စစ်ကိုင်း၊ ချောင်းဦး၊ မုံရွာ၊ အလုံ၊ မောင်းထောင်၊ ဘုတလင်၊ ကန္နီ ဒေသများတွင် (၆) နှစ်ခန့်လှည့်လည်၍ စာပေပညာသင်ယူခဲ့ သည်။ အဂ္ဂိရတ်ဖိုထိုးခြင်းကိုလည်း ဝါသနာပါခဲ့သည်။

အိမ်ထောင်ရေးနှင့်အလုပ်အကိုင်ပြင်ဆင်

၁၈၉၄ ခုနှစ်တွင် အဖ ဦးစံဒွန်းကွယ်လွန်သည်။ ၁၈၉၇ ခုနှစ်တွင် အစိုးရစစ် (၇) တန်းစာမေးပွဲကို မုံရွာမြို့အလွတ်ပညာသင်ကျောင်းမှ ဦးပဏ္ဍိတ ရဟန်းအမည်ဖြင့် ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၈၉၈ ခုနှစ်တွင်မော်လမြိုင်မြို့သို့ သွားရောက်ပြီး မြန်မာ့တိုင်း သတင်းစာတွင် ပဏ္ဍိလေးဟူသော ကလောင်အမည်ဖြင့် စာများ ကဗျာများ ရေးသားခဲ့သည်။[၁]
၁၉၀၀ ပြည့်နှစ် အသက် ၂၄ နှစ်အရွယ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီ ဇမ္ဗူ့ကျက်သရေ ပုံနှိပ်တိုက်တွင် စာစီအလုပ်ဝင်လုပ်သည်။ မကြာမီပင် ထိုပုံနှိပ်တိုက်တွင် စာပြင်ဆရာ ဖြစ်လာသည်။
၁၉၀၃ ခုနှစ်တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင် ငါးကျော်ဖိုရပ်နေ ဆန်စပါးပွဲစား ဦးနု၊ ဒေါ်နှင်းတို့၏သမီး ဒေါ်ရှင်နှင့် အကြောင်းပါခဲ့သည်။ ထိုနှစ်မှာပင် ဇမ္ဗူ့ကျက်သရေ ပုံနှိပ်တိုက်မှ ရန်ကုန်တိုင်း သတင်းစာတိုက်သို့ ပြောင်းရွှေ့ လုပ်ကိုင်သည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း

မောင်လွမ်းမှဆရာလွမ်းဘဝပြင်ဆင်

ဇာတ်စာအုပ်များလည်း အများအပြား ရေးသားခဲ့သည်။ ပြဇာတ်ပေါင်း ၈၀ ခန့် ရေးသားပြုစုခဲ့သည်။ ထို့နောက်မော်လမြိုင်မြို့ မြန်မာတိုင်းမ်သတင်းစာ အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ကာ ပဏ္ဍိလေး၊ မောင်သမာဓိ အမည်များဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ရွှေတောင်မောင်လွမ်း ကလောင်အမည်ဖြင့် မော်လမြိုင်ရာဇဝင် ဝတ္ထုကို ရေးသားထုတ်ဝေခဲ့သည်။
ထိုနောက် ကဝိသာရ မြဉ္ဇူကျမ်း၊ ပရမတ္တသံခိပ်အခြေကျမ်း (ဒုတိယတွဲ)တို့ကို ဆရာလွမ်း အမည်ဖြင့် ရေးသားခဲ့ပြန်သည်။ ၁၉၀၇ ခုနှစ်တွင် မြန်မာတိုင်းမ်သတင်းစာ ထုတ်ဝေမှု ရပ်ဆိုင်းသွားသောအခါ ဟင်္သာတမြို့အမရဝတီစာပုံနှိပ်တိုက်တွင် စာပြုအဖြင့်နှင့် အယ်ဒီတာအဖြစ် ခေတ္တဝင်ရောက်လုပ်ကိုင်သည်။
၁၉၁၀ ပြည့်နှစ်တွင် သူရိယသတင်းစာစတင်ထုတ်ဝေသောအခါ အယ်ဒီတာအဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့သည်။ ခေါင်းဆောင်ကြီးနှင့် ဘုန်းကြီးဒီပနီတို့ကို ရေးသားခဲ့သည်။ ကဗျာ ပရမတ္တသင်္ဂြိုဟ်ကို ရေးသားပြုစု ထုတ်ဝေခဲ့သည်။ မြန်မာရာဇဝင်ချုပ်၊ ရွှေနတ်တောင်ဘုရား စာအုပ်များကို ဆရာလွန်းအမည်ဖြင့် ရေးသားထုတ်ဝေခဲ့သည်။[၂]

ချဉ်ပေါင်ရွက်သည်မောင်မှိုင်းပြင်ဆင်

၁၉၁၂ ခုနှစ် တဝိုက်တွင် ခေတ်ပညာတတ် မြန်မာလူငယ်များအကြားတွင် အမည်ရှေ့၌ မစ္စတာတပ်ခြင်း ခေတ်စားကာ အင်္ဂလိပ်ကို အထင်တကြီး ရှိနေကြသည်။ အသင်းအစည်းအဝေးများတွင်ပင် မစ္စတာမေအောင်၊ မစ္စတာဘဖေ၊ မစ္စတာသိမ်းမောင် စသည်ဖြင့် မှတ်တမ်းတင် ရေးသားနေကြလေရာ ဆရာကြီးမှာ လွန်စွာစိတ်မကောင်း ဖြစ်ရသည်ဟု ဆိုသည်။ တိုင်းပြည်ခေါင်းဆောင်လုပ်ကြရမည့် လူငယ်များအမည်ရှေ့က မစ္စတာအမြီးပြုတ်သွားအောင် လုပ်မှဖြစ်တော့မည်ဟု ကြံစည်မိသည်။
ထိုအချိန်က ဝန်စာရေးဦးကြီး ရေးသားသည့် “ချဉ်ပေါင်ရွက်သည်မောင်မှိုင်း” ဝတ္ထုထွက်နေသည်။ ထိုဝတ္ထုထဲမှ ဇာတ်လိုက် မောင်မှိုင်းသည် လူရှုပ်လူပွေ၊ ကြာသမား မြာပွေသူဖြစ်၍ စာဖတ်သူတို့က အော့နှလုံးနာကြသည်။ ဆရာကြီးသည် ထိုမောင်မှိုင်း အမည်ကို ယူကာ ရှေ့က မစ္စတာတပ်ပြီး မစ္စတာမောင်မှိုင်း ကလောင်အမည်ယူ၍ သူရိယသတင်းစာတွင် ကြာ ဋီကာ ဆောင်းပါးများ ရေးသားသည်။ ထိုနောက် သူရိယသတင်းစာတွင်ပင် မစ္စတာမောင်မှိုင်း အမည်ဖြင့် “ဗိုလ်ဋီကာ” ဆောင်းပါးများ ဆက်လက်ရေးသားခဲ့သည်။ ထိုစဉ်က ဘိလပ်ပြန်ခေါ် နိုင်ငံခြားပြန်များ ယူကေနိုင်ငံမှ ပြန်လာသူများအကြားတွင် ထိုဆောင်းပါးများကြောင့် အတော်ဂယက်ရိုက် ပွက်လောထသွားသည်။ သတင်းစာတိုက်သို့ မေးကြ မြန်းကြ၊ ဆူပူကြ အပြန်အလှန် ဆောင်းပါးများ ရေးသားကြသည်။ ထိုနောက်ပိုင်းတွင် မြန်မာအမည်များရှေ့က မစ္စတာများ ပြုတ်သွားသည်။

အယ်ဒီတာဘဝပြင်ဆင်

ဆရာကြီး အသက် ၄၀ အရွယ် ၁၉၁၄-၁၅ ခန့်တွင် ဇနီးသည် ဒေါ်ရှင် ကွယ်လွန်သည်။ သားသမီးလေးဦးကျန်ခဲ့ကာ အငယ်ဆုံးသမီးလေးမှာ ၁၁ လအရွယ်သာရှိသေးသည်။ ဆရာကြီး အလွန် ကသီလင်တ ဖြစ်ရသည်။ ထိုမျှ ဒုက္ခရောက်သည့် နှစ်ပိုင်းများတွင် ဆရာကြီးသည် အရေးကြီးသည့် ဗိုလ်ဋီကာဆောင်းပါးများကို ရေးသားခဲ့သည်။ စာအုပ် အဖြစ် လည်း ရိုက်နှိပ်ထုတ်ဝေ နိုင်ခဲ့သည်။
ဆရာကြီးသည် ၁၉၂၀ ပြည့်နှစ်ခန့်အထိ သူရိယ သတင်းစာတိုက်တွင် မြန်မာစာဘက်ဆိုင်ရာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ သူရိယတွင် အယ်ဒီတာလုပ်သည်မှာ တိုင်းပြည်အကျိုး အတွက် ဖြစ်သော်လည်း သပိတ်မှောက် ကျောင်းသားများ ကိစ္စမှာ အလွန် အရေးကြီးသော အမျိုးသားရေး ကိစ္စဟု မြင်ကာ စားဝတ်နေရေး အခက်အခဲရှိသည့်ကြားမှ ကျောင်းသားများနှင့် အမ်အေ ဦးမောင်ကြီးတို့၏ တောင်းပန်ချက်အရ သူရိယ သတင်းစာမှ အလုပ်ထွက်ပြီး ဗဟန်း အမျိုးသားကောလိပ်တွင် မြန်မာစာပေနှင့် ရာဇဝင်ဘာသာရပ်များ ပို့ချသင်ကြားသည့် တာဝန်ကို ယူခဲ့သည်။

ရေးသားခဲ့သည့်ဋီကာများပြင်ဆင်

မှန်နန်းရာဇဝင်တော်ကြီးကို ပြင်ဆင်တည်းဖြတ်ကာ ၁၉၂၁ ခုနှစ်မှာပင် ရေးသားထုတ်ဝေခဲ့သည်။ ၁၉၁၉ ခုနှစ်က ရေးသားခဲ့သော ဒေါင်းဋီကာကိုလည်း အမျိုးသား ပညာရေး အဖွဲ့ သင်ခန်းစာ (သင်ရိုး) ကော်မတီကကျောင်းသုံးစာအုပ်အဖြစ် ပြဌာန်း ပေးခဲ့ သည်။ ၁၉၂၁ ခုနှစ်တွင် ဗြိတိသျှ အိမ်ရှေ့စံ ဝေလမင်းသား ဂုဏ်ပြုရတုရေးရန် ဉာဏ်ပူဇော်ခ ၁၀၀၀ ကျပ် (ထိုခေတ်က ရွှေတစ်ကျပ်သားကို မြန်မာကျပ် ၁၀ ကျော်သာရှိ) ချီးမြှင့်ပါမည်ဟု ဦးမေအောင်က ပန်ကြားရာ ဆရာကြီးက ငြင်းပယ်ခဲ့သည်။
၁၉၂၂ ခုနှစ်တွင် မျောက်ဋီကာ၊ ၁၉၂၃ နိုင်ငံရေး အကွဲအပြဲ ခေတ်တွင် မြောက်ကဏ္ဍိ တို့ကိုရေးခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် မူလဂျီစီဘီအေ ဝံသာနုများနှင့် ၂၁ ဦးဂိုဏ်းသားများ စင်ပြိုင်ဖြစ်လာသည်ကို ပြန်လည် ညီညွတ်ကြစေရန် ဗန္ဓုလ ဂျာနယ်မှနေ၍ ခွေးဋီကာ ဆောင်းပါးများ ရေးသား သတိပေးခဲ့သည်။ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်ကြီးကို မော်ကွန်းတင်ထားသော ဘွိုင်းကောက်ဋီကာကိုလည်း ရေးသားကာ ၁၉၂၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

မစ္စတာ မောင်မှိုင်းမှ သခင်ကိုယ်တော်မှိုင်းဘဝပြင်ဆင်

၁၉၂၈-၂၉ ခုနှစ်များတွင် တောပုန်းကြီး စံဖဲ ကြိုးမိန့်ကျသည့် အမှုတွင် အယူခံ ကိစ္စကို ဆရာကြီး ဦးဆောင်ပေးခဲ့ပြီး မြင်းခြံထောင်အထိသွားကာ စံဖဲကို တွေ့ဆုံအားပေးခဲ့ သည်။
၁၉၃၀ ပြည့်နှစ်တွင် ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်လာသည့် အခါ သူရိယ သတင်းစာတွင် ဂဠုန် ဒီပနီ ဆောင်းပါးများရေးသားကာ လွတ်လပ်ရေးအတွက် တောင်သူလယ်သမား တော်လှန်သူများ ဘက်မှ ဆရာကြီးသည် မားမားရပ်ခဲ့သည်။
၁၉၃၄ ခုနှစ်တွင် ရေနံချောင်းမြို့တွင် ကျင်းပသော ပထမအကြိမ် သခင်များ ညီလာခံသို့ တက်ရောက်ပြီး တို့ဗမာ အစည်းအရုံး၏ နာယကအဖြစ် တင်မြှောက်သည်ကို လက်ခံခဲ့သည်။ မစ္စတာ မောင်မှိုင်းမှ သခင်ကိုယ်တော်မှိုင်း အမည်သို့ ပြောင်းလဲခဲ့သည်။ ထိုနှစ်မှစ၍ တစ်နိုင်ငံလုံး အနှံ့အပြားသို့ သခင်လူငယ်များနှင့်အတူ တရားဟောထွက်ခဲ့သည်။ ၁၉၃၆ ခုနှစ် ရွေးကောက်ပွဲတွင် သခင်များ ပါဝင်ယှဉ်ပြိုင်ကြရာ လူငယ်များနှင့် အတူ ဆရာကြီး လိုက်လံ တရားဟောသည်။
၁၉၃၈ ခုနှစ်တွင် သခင်ဋီကာကို ရေးသားသည်။ ရေနံမြေ အလုပ်သမား အရေးတော်ပုံတွင် လည်း တက်ကြွစွာ အားပေးခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် မော်လမြိုင်ညီလာခံကို တက်ရောက် သည်။ ထိုခရိုင်အတွင်း အနှံ့ တရားဟောထွက်ခဲ့သည်။ ၁၉၄၀ သာယာဝတီ ညီလာခံ၊ ၁၉၄၁ ခုနှစ် မန္တလေး ညီလာခံနှင့် ပဲခူး လယ်သမား ညီလာခံများကို တက်ရောက်ခဲ့သည်။ တို့ဗမာ အစည်းအရုံး နာယကအဖြစ် နိုင်ငံတစ်ဝှမ်း နယ်ချဲ့ ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တရားများ ဟောခဲ့သည်။
၁၉၄၁ ခုနှစ်တွင် ဗြိတိသျှ နယ်ချဲ့ တော်လှန်ရေးအတွက် ဆရာကြီး မြေအောက် လျှိုး ခဲ့ရသည်။ ဗြိတိသျှ၏ နံပါတ် တစ် ရန်သူတော်အဖြစ် ကြေညာကာ ဖမ်းဝရမ်း အထုတ်ခံခဲ့ရ သည်။ ဟင်္သာတ ခရိုင် ဒေါင့်ကြီးရွာ၊ ထိုမှတဆင့် ဇလွန် တစ်ဘက်ကမ်း၊ ထိုနောက် သာယာဝတီ၊ အနောက်စံရွေး၊ ဘိုခေါင်၊ ထိုမှ ပဲခူး စသဖြင့် အမျိုးမျိုး ဒုက္ခခံကာ လှည့်လည် တိမ်းရှောင်နေခဲ့ရသည်။
၁၉၄၄-၄၅ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင်လည်း ဆရာကြီးသည် တပည့် သခင်များနှင့် အတူ ရှောင်တိမ်း ပုန်းအောင်းနေရပြန်သည်။

ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ချက်များပြင်ဆင်

၁၉၅၃ ခုနှစ်တွင် တရုတ်ပြည်၊ မွန်ဂိုးလီးယား၊ ဟန်ဂေရီ နှင့် ဆိုဗီယက် ယူနီယံနိုင်ငံများသို့ ခရီးလှည့်လည်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဆရာကြီးအား ငြိမ်းချမ်းရေး စတာလင်ဆု အပ်နှင်းခဲ့ကြသည်။ ၁၉၅၇ ခုနှစ်တွင် သီဟိုဠ် နှင့် အိန္ဒိယ နိုင်ငံများသို့ ငြိမ်းချမ်းရေး ကွန်ဖရက် တက်ရောက်ရန် သွားရောက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် အရှေ့ ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (ဒေါက်တာဘွဲ့) ကို ဆရာကြီးအားအပ်နှင်းခဲ့သည်။ ထိုနှစ်တွင်ပင် အရှေ့ ဂျာမနီ သို့ ဆေးကုသရန် သွားရောက်ခဲ့သည်။ ၁၉၆၃ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမတွင် ကျင်းပသည့် ဟီရိုရှီးမားနေ့ အခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။

ကွယ်လွန်ချိန်ပြင်ဆင်

၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက် ကြသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ချိန်တွင် သားသမီး နှစ်ယောက် မြေး ၁၅ ယောက်၊ မြစ် ၆ ယောက် ကျန်ရစ်ခဲ့သည်။

ရေးသားခဲ့သော စာအုပ်များပြင်ဆင်

  1. ညီတော်မင်းနန် ချွတ်ခန်း ဟောစာသစ် (၁၉၀၂)
  2. ရွှေတိဂုံဘုရားအမှူးကို ကျားအဖူးတက်သော ဇာတ်ဆန်း(၁၉၀၃)
  3. ကျမိုင်းမောင်နှင့် စောမြိုင် ပြဇာတ် (၁၉၀၃)
  4. ကုလားလေး ဗျတ်ဝိ ဗျတ္တ ပြဇာတ် (၁၉၀၃)
  5. မော်လမြိုင် ရာဇဝင် ဝတ္ထု (ပထမတွဲ) (၁၉၀၅)
  6. ကဗျာ သာရမဉ္ဇူ (၁၉၀၆)
  7. ဝရမတ္တ သံခိပ် အဖြေကျမ်း (ဒုတိယတွဲ) (၁၉၀၆)
  8. အလောင်းတော် သုဝဏ္ဏသျှံ ပြဇာတ် (၁၉၀၇)
  9. ချင်းမလေး ဝါနု ပြဇာတ်သစ် (၁၉၀၈)
  10. သူခိုး ထိလပ် ပြဇာတ် (၁၉၀၈)
  11. ကျောက်ဝိုင်းသမိုင်း၊ ရေကင်းသူ မရွှေပွင့် ပြဇာတ်(၁၉၀၉)
  12. ကဗျာ့သာရတ္တ သဂြိုဟ် (၁၉၁၀)
  13. သီရိဓမ္မာသောကမင်းကြီး ပြဇာတ် (ပထမတွဲ) (၁၉၁၁)
  14. ရွှေနန်းတော်သမိုင်းနှင့် ရာဇဝင်ချုပ် (၁၉၁၁)
  15. လက်မှုပညာ ဋီကာ (Hand Book of Useful Recipes) (၁၉၁၃)
  16. ဗိုလ်ဋီကာ (၁၉၁၄)
  17. ကဆုန် ညောင်ရေသွန်းပွဲတော် အတ္ထုပ္ပတ္တိစာတန်း(၁၉၁၄)
  18. ဆောင်းပါး ပေါင်းချုပ်ကြီး (ပထမတွဲ) (၁၉၁၄)
  19. မှာတော်ပုံ ဝတ္ထု (ပထမတွဲ) (၁၉၁၆)
  20. အီနောင် နန်းတွင်း ဇာတ်တော်သစ် (၁၉၁၇)
  21. ဓမ္မစေတီမင်း အတ္ထုပ္ပတ္တိ (၁၉၁၈)
  22. ကေသာသီရိ နန်းတွင်းဇာတ်တော်ကြီး (၁၉၁၈)
  23. ပဲခူး ရာဇဝင် ဇာတ်တော်ကြီး (၁၉၁၉)
  24. ဒေါင်းဋီကာသစ် (၁၉၂၀)
  25. မှာတော်ပုံ ဝတ္ထု (ဒုတိယတွဲ) (၁၉၂၁)
  26. ဘွိုင်းကောက် ဋီကာ (၁၉၂၁)
  27. မှာတော်ပုံ ဝတ္ထု (တတိယတွဲ) (၁၉၂၁)
  28. မှန်နန်း ရာဇဝင်တော်သစ် (ပထမတွဲ) (၁၉၂၂)
  29. မျောက်ဋီကာ (၁၉၂၃)
  30. မျောက်ကဏ္ဍိ (၁၉၂၃)
  31. ခွေးဋီကာ (၁၉၂၅)
  32. ဒေါင်းကဏ္ဍိ (ပထမတွဲ) (၁၉၃၁)
  33. ဂဠုန်ပျံ ဒီပနီ ဋီကာ (၁၉၃၁)
  34. မန္တလေးမြို့ ရွှေရေးဆောင်ဆရာတော်ကြီ: ဦ:ကြည်၏ ထေရုပ္ပတ္တိကထာ (၁၉၃၅)
  35. ခွေးကဏ္ဍိ (ပထမတွဲ) (၁၉၃၆)
  36. ခွေးကဏ္ဍိ (ဒုတိယတွဲ) (၁၉၃၆)
  37. သခင်ဋီကာ (၁၉၃၈)
  38. အာဇာနည် ဗိမာန် ဋီကာ (၁၉၄၈)
  39. ဗမာပြည်တွင်းရေး မည်ကဲ့သို့ ဖြေရှင်းမည်နည်း၊ သခင်ကိုယ်တော်မှိုင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး (၁၉၄၈)
  40. အနာဂတ်ဇာတ်ခုံ ဒီဠုံ ဋီကာ (၁၉၅၀)
  41. လေးချိုးပေါင်းချုပ် (ပထမတွဲ) (၁၉၅၅)
  42. စစ်ကိုင်းပြန် မှာတော်ပုံ (၁၉၇၁)
  43. လက်ရွေးစင် လေးချိုးတရာ (၁၉၇၃)
  44. တို့ဗမာ ဝတ်ရွတ်စဉ် (၁၉၇၆)
  45. အနုသာသန ခေါ် ဂမ္ဘီရပျို့ အဖြေ
  46. ဦးပုည မေတ္တာစာ
  47. မှန်နန်း ရာဇဝင်ချုပ်
  48. ကုန်းဘောင်ပေါ်လစ်တစ်
  49. ကလဟ ဝိနစ္ဆယ
  50. တက္ကသိုလ် ပန်တူဝိနစ္ဆယ
  51. ပဌမတ္ထဝိဘာဝနီ (ကျော်ဋီကာ)
  52. အဝနန်းတော်
  53. မြန်မာ့ဇေယာသဝဏ်
  54. ကျော် ၄ ဆူ ဘုရားတိုင် လေးချိုးကြီးများ
  55. သခင်ညီလာခံ ဩဘာဆောင်းပါးများ
  56. မင်္ဂလာရတုများ
  57. အရေးတော်ပုံ ဆောင်းပါးများ
  58. အရမ်းကာရ ဝိသောဓနီ
  59. စုန်တော်မူ မှာတမ်း

တည်းဖြတ်ခဲ့သောစာအုပ်များပြင်ဆင်

  • မောင်စံသူ၊ ရွှေနန်းဘွဲ့ မှာတမ်း (၁၉၁၃)
  • မဏိကက်၊ နန်းတွင်း ဇာတ်တော်ကြီး (၁၉၁၇)
  • ဦးဘိုးသစ်၊ ကဗျာရေးနည်း နိသျှည်းကျမ်းကြီး(၁၉၂၄)
  • မောင်ချစ်စရာ၊ မြန်မာစာ ညွန့်ပေါင်း ဋီကာ (၁၉၂၅)
  • တောင်တွင်းကြီးမြို့ ဆရာတော်၊ ဟိတသိဒ္ဓက ဝတ္ထု(၁၉၂၉)
  •  ? ၊ ပုံတောင်နိုင် မော်ကွန်း
  • ဦးထွန်းဖေ၊ မြန်မာစာ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်(၁၉၃၃)
  • ဒုတိယ နဝဒေး၊ စကြာမင်းမယ်တော် ဆင်ဖြူရှင်မ ဧချင်း(၁၉၃၄)
  • သခင်လေးမောင်၊ ဒို့ဝတ္တရားကြီး
  • မြဒေါင်းညို (ဦးအောင်သိန်း)၊ ဝသုမြေ (ပထမပိုင်း) (၁၉၃၈)
  • ဦးအုန်းမောင်၊ ကျောင်းသုံး မြန်မာရာဇဝင်သစ်(၁၉၄၈)
  • ဗိုလ်သိမ်းဆွေ၊ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ(၁၉၅၁)
  • မဟာတင်၊ လွတ်လပ်ရေးနှင့် ဗိုလ်ချုပ် မော်ကွန်း(၁၉၅၂)
  • ဆရာရွှေ၊ မြန်မာ ရှေးဟောင်းကဗျာ ညွန့်ပေါင်း
  •  ? ၊ တရုတ် အရပ်ရပ်ရောက်သည့် အရေးတော်ပုံ

ဓာတ်ပုံများပြင်ဆင်

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး