"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Monday, January 21, 2019
ကမ္ဘာမြေပျော့နေပြီ
°°°°°°°°°°°°°
သင့်ရှိနေရာကနေ အောက်ကိုငုံ့ကြည့်လိုက်ပါ ကမ္ဘာတကယ်ပျော့နေပါပြီ
နှစ်ဆယ်ရာစု နှောင်းပိုင်းကာလကစလို့ လူအများပြောလာကြတဲ့စကားက ကမ္ဘာပြားသွားပြီ ကမ္ဘာကျဥ်းသွားပြီ ကမ္ဘာကြီးရွာ ရွာတစ်ရွာသာဖြစ်လာပြီဆိုတဲ့ စကားတွေပါ
တိုးတက်လာတဲ့ နည်းပညာတွေကြောင့် ကမ္ဘာ့ဘယ်နေရာက ဘယ်အကြောင်းအရာကိုမဆို မြင်နိုင်သိနိုင်ခံစားလာနိုင်ပနေပြီကို
ကျွန်တော်တို့နိုင်ငံမှာလည်း နှစ်ဆယ့်တစ်ရာစု အစပိုင်းမှာကတည်းက ပြောင်းလဲခြင်းများစွာပေါ့
ဒီအပြောင်းအလဲကြောင့်ပဲ ကမ္ဘာပျော့ခြင်းသဘောတရား ဖြစ်ပေါ်လာတာပါ
အရင်က ကိုယ်ရပ်တည်ရာ မြေကမ္ဘာဟာ ခိုင်ခိုင်ခံ့ခံ့
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ရာထူး နေရာ ပစ္စည်းဥစ္စာဟာ တည်တည်ငြိမ်ငြိမ်ပါပဲ အဲ့ဒီနေရာတွေကလည်း တစ်ဘဝစာ ထောက်တည်ရာ ရပ်တည်ရာအဖြစ် ခိုင်ခိုင်မာမာရှိနေပါတယ်
အရင်က လုပ်ငန်းခွင်တွေမှာ ရိုးသားရင်ငတ်တယ်ဆိုတဲ့ ပုံစံမျိုးကို ပြောဆိုကြတယ် ဗုဒ္ဓဘာသာထွန်းကားရာနိုင်ငံမှာ ငါးပါးသီလကို နေ့စဥ်နီးပါးရွတ်ဆိုရာနေရာမှာ ဒီစကားကို ကျယ်ကျယ်ပျံ့ပျံ့သုံးနှုံးတာ အံ့သြစရာလည်းကောင်းသလို ထိတ်လန့်စရာလည်းအမှန်ပါ
ဒီနေ့ခေတ်အခါမှာတော့ ကိုယ်ပြုလုပ်ဖန်တီးနေတဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်ခံစာရမယ့် အခြေအနေမျိုးဖြစ်လာတယ် ကိုယ့်ရဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေတိုင်းကို ကိုယ်တိုင်ထိသိခံစားလာနိုင်တယ် မှားယွင်းမှုတွေအတွက် တာဝန်ယူဖို့လည်း လိုအပ်လာတယ်
အချို့ကတော့ ယုံကြည်ချက်အတွက် ခိုင်ခိုင်မာမာရပ်တည်ကြတယ် အချို့က နေရာ ဥစ္စာအတွက် အလိုက်သင့်တွယ်ကပ်နေကြတယ် ရလေမလားမျှော်လင့်ချက်နဲ့ပေါ့
နိုင်ငံရေးလောကမှာတော့ ထင်ရှားတယ် နီသလိုလို စိမ်းသလိုလို အခြေအနေပေါ်လိုက်ပြီး နီလိုက်စိမ်းလိုက်
ဒီနေ့ခေတ်အချိန်က ဒေါင်းကိုဖြစ်စေ ကျီးကိုဖြစ်စေ လူတွေကသူ့ယုံကြည်မှုရပ်တည်ချက်အတွက် နားလည်ပေးကြတယ်
အစစ်အမှန်မဟုတ်တဲ့ ကပ်ပါးတွေအတွက် အမြဲတမ်းပြောင်းနေတတ်တဲ့ ပုတ်သင်တွေအတွက် နေရာမရှိတော့ဘူး
ဒါကြောင့် သင်ရှိနေရာကနေ အောက်ကိုငုံ့ကြည့်လိုက်ပါ ကမ္ဘာတကယ်ပျော့နေပါပြီ
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...

No comments:
Post a Comment