............................
ရုပ်ဝတ္ထုတွေတွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့ ဒီနေ့ခေတ်အချိန်အခါမှာ ငွေဟာအရင်ကထက်ပိုပိုပြီး လိုအပ်လာတယ် ရှာလို့မဆုံးနိုင်အောင်ပါပဲ
ကျွန်တော်တို့ငယ်ငယ်က မိသားတစ်စုမှာ အမိအဖသာအလုပ်လုပ်ရင် သားသမီးတွေ ဝမ်းဝခါးလှနိုင်ပေမယ့် ဒီနေ့ခေတ်မှာတော့ အိမ်ရှိလူကုန်နီးပါလုပ်ကိုင်တာတောင်မှ ပြေလည်ရုံသာရှိပါတော့တယ်
အကြောင်းအရာများစွာထဲက တစ်ခုကတော့ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ ဆွဲဆောင်မှုနောက်ကို မလွန်ဆန်နိုင်ပဲ ကောက်ကောက်ပါအောင်လိုက်မိရာက အစပြုတာပါ
ဒီဇိုင်းမျိုးစုံ ထွက်ပေါ်လာတဲ့ အဝတ်အစားတွေ အသစ်အသစ်ဖြစ်လာတဲ့ လူသုံးကုန်ပစ္စည်းတွေပေါ့
နည်းပညာတွေ တိုးတက်လာတာသိပ်ကောင်းပါတယ် ဟိုးအရင်က ရပ်ဝေးမြေခြားမိတ်ဆွေတွေကို တွေ့ဖို့ဆုံဖို့ သာကြောင်းမာကြောင်းဆိုဖို့ အချိန်များစွာယူရပေမယ့် ဒီနေ့ခေတ်မှာတော့ ခလုတ်တစ်ချက်သာ နှိုပ်ဖို့လိုပါတယ်
ဒီတော့အဝေးကို သိပ်ကြည့်လွန်းတော့ အနီးနားကပ်နေတာတွေကျ မမြင်မိတတ်တာမျိုး ဖြစ်သွားတတ်တယ် မီးခွက်ထွန်းရင် ပတ်ဝန်းကျင်မှာ အလင်းအားနဲ့ ထင်ထင်လင်းလင်မြင်နိုင်ပေမယ့် မီးခွက်အောက်တည့်တည့်မှာ မှောင်နေတာမျိုးပေါ့
နိုင်ငံနဲ့အဝှမ်းဘာတွေဖြစ်နေလည်း သိနိုင်ပေမယ့် ကိုယ့်အနီးဝန်းကျင် ဘာတွေဖြစ်နေလည်း သတိမမူမိတာမျိုး ဖြစ်သွားတတ်တယ်
ထားပါတော့ ဆိုလိုရင်နဲ့ လမ်းလွဲသွားမှာစိုးလို့
စားဝတ်နေရေးအတွက် နေ့စဥ်လှုပ်ရှားရုံးကန်ရင်း စားလိုက်ကုန်လိုက်နဲ့ စုမိဆောင်းမိတာမျိုးမဟုတ်ပဲ တစ်နှစ်နေလည်းဒါ နောက်တစ်နှစ်လည်း သိပ်ထူးမခြားနားတဲ့ အလုပ်မျိုးကို အလုပ်အကိုင်လို့ပဲ ခေါ်ထိုက်ပါတယ်
ကျွန်တော်တို့ပြောဆိုနေကြသလိုပေါ့ စီးပွားရေး ကြီးပွားရေးတဲ့
စီးပွားရေးဆိုတဲ့နောက်မှာ ကြီးပွားရေးဆိုတာ ရှိနေတယ် ကိုယ်လုပ်တဲ့အလုပ်အကိုင်မှာ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ကြီးပွားဖို့မျှော်လင့်နိုင်တဲ့ အခြေအနေမျိုးရှိရပါမယ်
ဒီလိုဆိုလိုက်တော့ ငွေများများဝင်တာမျိုးကိုမှ ကြီးပွားတယ်လို့ အထင်ရောက်သွားမှာလည်းစိုးမိပါတယ်
တရားဒေသနာတွေနဲ့ မွေ့လျော်သူတွေမှာလည်း သူ့ရဲ့အလုပ်ကိုကျိုးစားအားထုတ်ပြီး အသိဉာဏ်ပညာ တိုးတက်ဖို့လိုတယ်လေ
မြတ်ဗုဒ္ဓဒေသနာတော်ဖြစ်တဲ့ ၃၈ဖြာသောမင်္ဂလာမှာ ကုသိုလ် ပညာ ဥစ္စာရဖို့ သင့်ရာဒေသအမြဲနေတဲ့ အဲ့ဒီသုံးပါးမှာ တစ်ပါးပါးကြီးပွားတိုးတက်နေမယ်ဆိုရင်တောင် နေထိုက်တဲ့ နေပျော်သင့်တဲ့အရပ်ပါ
သန်းထွန်းလေး (အင်းတဲရွာ)
"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...
No comments:
Post a Comment