"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Thursday, December 13, 2018
ချောင်းဆိုးခြင်းအနုပညာ
%%%%%%%%%%%%%%
လောကမှာ ချောင်းအမျိုးမျိုးရှိတယ်ဗျ
ဆရာအီကြာကွေးကတော့ သူရဲ့ဟောပြောပွဲတွေမှာ ချောင်းဆိုးခြင်းတွေအကြောင်း ဃဂနဏ ခွဲခြားပြောပြဖူးတယ်
ဇာတ်တွေကြည့်ဖူးတဲ့သူသိမှာပါ သရုပ်ဆောင်သူဟာ နောက်ခံတိုက်ပိတ်ကားရဲ့ရှေ့ ကြိမ်ကုလားထိုင်မှာထိုင်ပြီး သတင်းစာမဖတ်ခင် ဆိုးတဲ့ချောင်းမျိုးပေါ့
ဟိတ်ဟန်အပြည့်နဲ့ ရင်ခေါင်းကနေပြီး အားအင်ယူကာ ငါသူဌေးဆိုတဲ့အသိ တိုက်ထဲမှာနေတဲ့ ဟန်မျိုးနဲ့ ဆိုးချလိုက်တာ
**အဟိန်း ** တဲ့ တိုက်ရဲ့ ပဲ့တင်သံနဲ့ ဟိန်းထွက်လာသလိုမျိုးပေါ့
သဌေးချောင်း လို့ခေါ်တယ်ဗျ ဇာတ်ထဲမှာ
ပန်းနာရင်ကျပ်ချောင်း ခံတွင်းရှင်းချောင်း စသည်ဖြင့်ပေါ့ ဒါတွေက ဆိုးတဲ့ချောင်းဖြစ်တဲ့အတွက် သိပ်တော့ အရေးမပါပါဘူး
ထားပါတော့ ကျွန်တော်ပြောချင်တာ အဲ့ဒီချောင်းမဟုတ်ဘူးဗျ
ကြားခဲ့ဖူးတဲ့ အသိပေးချောင်းဟန့်သံလေး တစ်ခုအကြောင်းပါ
လူသားဆန်တဲ့ ချောင်းဆိုးသံလေး တစ်ခုအကြောင်းပါ ၂၀၁၅ . ၆ လပိုင်းလောက်က ဖြစ်မယ်ထင်တယ် နေရာကတော့ ပဲခူးမြို့ရဲ့ ရိပ်သာတစ်ခုမှာပါ အကြောင်းတစ်ခုကြောင့် ရောက်ခဲ့တယ်ဗျ
သူငယ်ချင်းဆိုပေမယ့် တန်ဖိုးခြင်းမတူတဲ့ မြင့်မြတ်တဲ့ အနွယ်ဝင် အကျင့်နဲ့ပြည့်စုံသူ ဆီကပါ
အဲ့ဒီရိပ်သာမှာ တစ်ပါးတစ်ကျောင်းပုံစံမျိုး သီတင်းသုံးကြတယ်ဗျ ကျွန်တော်တို့ရဲ့ ဦးတည်ရာက လုံးချင်းတိုက်တစ်ခုရဲ့ ဒုတိယထပ်ပါ
မြေညီ လှေကားထစ် အထက်မှာ သူငယ်ချင်းဆီက အမှတ်မထင် ကြားမိတာပါ မတိုးမကျယ် အတန်ငယ်လွင်ပြီး အာသီးရဲ့နောက်က ကြွက်သားကနေ အားယူပြီး ပီပီသသ ဟန့့်သံမျိုးပါ
ကျွန်တော်သတိထားမိတယ်ဗျ သူဟာ ကွမ်းစားတတ်ပေမယ့် ကွမ်းသည်းလို့ ဆိုးတာမျိုးတော့ မဟုတ်ဘူး မနက်ကတည်းက ရန်ကုန်ကနေ ပဲခူးကို လာရာလမ်းတစ်လျှောက်မှာလည်း ဆိုးတာမျိုး မရှိခဲ့ဘူး
ဒီအခန်း တက်မှပဲ ရုတ်တရက် ထဆိုးတာဆိုတော့ နေသူကို ရည်ရွယ်တယ်ဆိုတာရိပ်မိသွားတော့တယ်
လူ့သဘောအရ တစ်ယောက်တည်းနေချိန်မှာ ကာယအားဖြင့်လည်း အမျိုးမျိုး အဖုံဖုံ နေနေနိုင်တယ် ဝစီအားဖြင့်လည်း ရေရွတ် နေနိုင်တယ် မနောအားဖြင့်လည်း ရောက်မိရောက်ရာ စေစားနေတတ်တယ်မဟုတ်လား သူ့ရဲ့ ခေျာင်းဟန့်သံကြောင့် သတိကပ်ပြီး ပြင်ဆင်နေနိုင်ဖို့ ရည်ရွယ်ဟန်တူတယ်ဗျ
Human right ဆိုတာက ကျွန်တော်သိပ်နားမလည်ဘူးဗျ စာအုပ်ဆောင်းပါးတွေမှာလည်း ကျွန်တော် ထိထိမိမိ နားမလည်ခဲ့ဖူး ဖတ်သာဖတ်ခဲ့တာ
ဒါပေမယ့် အဲ့ဒီနေ့က ကျွန်တော် နှလုံးသားကစွဲစွဲမိမိနားလည်လိုက်တယ် ကျွန်တော်တို့ဟာ သတင်းစာတွေ တယ်လီဗေးရှင်းတွေကနေ လူ့ခွင့်အရေး ဘာညာဘာညာ အော်နေကြပေမယ့် တစ်ကယ် ထိထိမိမိနားလည်ဖို့ ခက်ပါတယ်
ဒါဟာ အော်စရာမလိုတဲ့ လူ့အခွင့်အရေးနဲ့ လူသားရဲ့ လွပ်လတ်ခွင့်ကိုလေးစားတဲ့ အကောင်းဆုံးပြရုပ် မဟုတ်ပါလား
&&&&&&&&&&&&&&&
သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း
KoloneypoeGmail.com
koloneypoe.blogspot.comhttps://www.facebook.com/aungnyiko.goldsmith.960495596
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...
No comments:
Post a Comment