"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Sunday, November 18, 2018
လူဆိုးလူမိုက်
~~~~~~~~
လူဆိုတဲ့စကားလုံးကို ဘုံထုတ်လိုက်ရင် ဆိုးတာနဲ့ မိုက်တာ ကျန်ခဲ့တယ်
ဆို်းတယ်ဆိုတာက အမူအကျင့်ကို ရည်ညွှန်းတာဖြစ်မယ်
သတ်နေဖြတ်နေ ခိုးနေလုနေ မှောက်မှောက်မှားမှား ကာမဂုဏ်ခံစားနေ လော်လော်လီလီ ပြောနေဆိုနေ မူးရစ်ဝေဝါးနေတ့ဲသူတွေရဲ့ သဏ္႑ာန်ကို ဆိုးတယ်လို့ မှတ်ယူကြတယ်
မိုက်တယ်ဆိုတာကတော့ မှောင်နေမိုက်နေတဲ့နေရာ ဘာမှမမြင်ရသလိုပေါ့ ယောင်ယောင်ကန်းကန်း လျှောက်မိရာလမ်းမှာ စမ်းတဝါးဝါး
ဒါကိုပါဠိစာပေမှာတော့ ဗာလလို့ ရေးတယ်
ဗာဆိုတာကတော့ နှစ်လို့ အဓိပ္ပါယ်ဖွင့်ပြီး
လဆိုတာကိုတော့ ပျက်စီးစေတယ်လို ဖွင့်ဆိုကြတယ်
ကိုယ်ရော တစ်ပါးသူ နှစ်ဖက်စလုံးမှာ ပျက်စီးဆုံးရှုံးစေအောင် ကြံဆောင်သူလို့ ဆိုလိုတယ်
တစ်နည်း ဒီဘဝမှာကော နောက်ဘဝ နှစ်မျိုးစလုံးမှာ ပျက်စီဆုံးရှုံးစေအောင် ကြံစည်တတ်သူလို့ ဖွင့်ကြတယ်
ရှေးဆိုရိုးစကားလေးရှိတယ် မမြင်မကန်းတဲ့
မမြင်လို့ တိုက်မိတာမှန်ပေမယ့် ပကတိမျက်စိက ကန်းနေတာတော့မဟုတ်ပါဘူး
အမှတ်တမဲ့မို့ လုံလောက်တဲ့ အလင်းမရှိလို့ တိုက်မိတာမျိုးပါ်
ရက်ပါအဆိုတော် ကြက်ဖရဲ့ သီချင်းကလေးကလည်း အတော်စဉ်းစားဖို့ကောင်းတယ်
ကန်းနေတဲ့မျက်လုံးကတော့ လမ်းမမြင်
လန်းနေတဲ့မနက်တုံးကပေါ့ ကမ်းမမြင်တဲ့
မမြင်ခြင်းမှာ အကြောင်းအရာနှစ်မျိုးရှိနေနိုင်တယ်လေ အသိပညာကင်းကွာနေရင်လည်း အမှန်ကိုမမြင်နိုင်လို
ကိုယ့်ရဲ့ တစ်ကိုယ်ရည်အတ္တမာနတွေနဲ့ လန်းနေချိန်မှာလည်း လမ်းမှန်ကိုမြင်ဖို့ခက်ခဲနိုင်တာမျိုးလည်း ရှိနိုင်တာကို
သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကိုရွှေထည်စက်ဖြတ်လုပ်ငန်း
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...
No comments:
Post a Comment