်
ကမ္ဘာမှာ အတော်အတန်ကြီးစိုးခဲ့ဖူးတဲ့ လူဆိုးဂိုဏ်းကြီးတစ်ခုနဲ့ ဆက်စပ်တဲ့ ပုံလေးတစ်ခုကြားဖူးတယ်
အဖေက သားဖြစ်သူအရွယ်ရောက်လာချိန်မှာ ပညာအစုံသင်ပေးပြီးနောက်မှာ အိမ်ရဲ့အနောက်ဖက်က အတော်အတန်မြင့်တဲ့ သစ်ပင်တစ်ခုကို ခေါ်သွားပြီး သစ်ပင်ရဲ့ထိပ်ဖျားအထိ တက်ခိုင်းတယ် ပြီးတော့ခုန်ချခိုင်းတယ်
သူအရပ် လေးငါးဆယ်ပြန်မက မြင့်တဲ့နေရာကဆိုတော့ ဘယ်ခုန်ချရဲပမလဲ ဒီတော့ အဖေဖြစ်သူကပြောတယ် ရဲရဲသာခုန်ချလိုက်ပါကွာ အောက်မှာ အဖေရှိသားပဲ အဖေဖမ်းထားမှာပိုဆိုပြီး လက်ကိုဆန့်တန်းထားတယ်
ဒီတော့ သားဖြစ်သူက ခုန်ချတာပေါ့ တကယ်ခုန်ချလိုက်ချိန်မှာ ဆန့်တန်းထားတဲ့ လက်ကို အဖေဖြစ်သူက ရုတ်ပစ်လိုက်တယ် သားဖြစ်သူက မြေပြင်မှာ အလူးလူးအလိမ့်လိမ့်ပေါ့
ဒီတော့မှ အဖေဖြစ်သူကပြောတယ် ငါ့သားလောကမှာ အဖေအရင်းတောင်မယုံနဲ့တဲ့
ပညာရှင်အချို့က အင်မတန်အားကောင်းခဲ့တဲ့ ဒီဂိုဏ်းကြီး ပျက်စီးသွားတာ ဒီလို အဖေနဲ့သားတောင် မယုံနဲ့ဆိုတဲ့ ယုံကြည်မှုမျဥ်းသိပ်တိုတာကြောင့်လို့ဆိုတယ်
တကယ်တော့ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းသာမက နိုင်ငံရေး စီးပွားရေး အသင်းအဖွဲ့တိုင်းမှာ တစ်ယောက်နဲ့တစ်ယာက် အထိုက်အလျောက်တော့ ယုံကြည်မှုထားပေးဖို့ လိုအပ်တယ်လေ
သူ့ကိုယ်မယုံ ကိုယ့်သူမယုံဆိုရင် လက်တွဲလို့မှ မဖြစ်နိုင်တာ
တစ်ချို့လည်း ရှိတတ်ပါတယ် ကိုယ်ကယုံကြည်မှုဘယ်လောက်ထားထား အကြိမ်ကြိမ်ဖောက်ဖျက်ပြီး ဘယ်လိုမှကို နေရာပေးလို့မရယူသူတွေ တွေ့ဖူးကြမှာပါ နည်းနည်းလေးအခွင့်အရေးပေးလိုက်တာနဲ့ ဗွေဖောက်လာကြတာမျိုးပေါ့
ဒါ့ကြောင့်ထင်ပါရဲ့ ရှေးဗမာ့စကားပုံမှာ
ကိုယ်ကကျူးကိုယ့်ဒူတောင်မယုံနဲ့ လို့ ဆိုခဲ့ကြတာ
တစ်ကိုယ်ထဲမှာတောင် အပေါ်ပိုင်းနဲ့ အောက်ပိုင်းခွဲထားသေးတယ်
တကယ်တော့ အဖေနဲ့သားတောင် မယုံနဲ့ဆိုရလောက်အောင်အထိ ယုံကြည်မှုမျဥ်း အရမ်းတိုနေတာလည်း မကောင်းသလို လူတိုင်းကို ယုံကြည်တယ်ဆိုတဲ့အထိ ယုံကြည်မှုမျဥ်း အရမ်းရှည်နေတာလည်း မကောင်းပါဘူး
လောကသဘာဝအရ ကောင်းသူဆိုးသူ ဒွန်တွဲနေတာမို့ သင့်တင့်တဲ့ ယုံကြည်မှုမျဥ်းထားရှိနိုင်စေဖို့ ရည်ရွယ်ရင်း.....
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း
Koloneypoe@gmail.com
"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...

No comments:
Post a Comment