ကောင်းမှုတော်စေတီ
★ ★ ★ ★ ★ ★ ★
ကျွန်တော့်ရဲ့ မွေးရပ်ဇာတိကနေ အသက်မွေးဝမ်းကြောင်း ပြုရာ ဒေသတွေကို လာတိုင်းလာတိုင်း ထုံးသင်္ကန်း ဖြူဖြူဖွေးဖွေးနဲ့ တည်ပုံစန်းကျယ်ပြီး မြင်လိုက် ဖူးလိုက်ရတာနဲ့တင် စိတ်နှလုံးမှာ အေးချမ်းစေတဲ့ ကောင်းမှုတော်စေတီကို အသေအချာ ကျကျနန မဖူးဘူးသေးပေမယ့် ခရီးသွားရင်း မကြာမကြာ မြင်တွေ့ ဖူးမျှော်ဖူးပါတယ်
ယခုထက်တိုင်ပေါ့
ကောင်းသည် ဆိုးသည်တော့ မဝေဖန်လိုပါဘူး ဒါပေမယ့် ကောင်းမှုတော်စေတီကို ထုံးသင်္ကန်းနဲ့ မဟုတ်ဘဲ ရွှေသင်္ကန်း ကပ်ထားတာတွေ့တော့ တစ်မျိုးကြီးဗျ
စေတီသမိုင်း
♕ ♕ ♕ ♕
စစ်ကိုင်းမြို့ မြောက်ဘက် ၆ မိုင်ခန့်အကွာ၌ တည်ရှိပြီး ဘွဲ့အမည်မှာ
***ရာဇမဏိစူဠာ***
ဖြစ်ပါတယ်
ဒါယကာမှာ
***သာလွန်မင်းတရားကြီး***
ဖြစ်ပါတယ်
မြန်မာသက္ကရာဇ် ၉၉၈ (၁၆၃၆) တော်သလင်းလဆန်း ၁၀ ရက် တနင်္လာနေ့မှာ စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ပါတယ်
်
စေတီတော် ပုံသဏ္ဍာန်
➳ ➳ ➳ ➳ ➳ ➳ ➳
စေတီတော်ကို ပစ္စယံ သုံးဆင့်ခံထား၍ သပိတ် မှောက်ထားသကဲ့သို့ တည်ထားပါတယ်
ဉာဏ်တော် ၁၀၁ တောင်
လုံးပတ် ၅၀၂ တောင် ၂ မိုက် ၄ သစ်
ရှိပါတယ်
အုပ်ချပ်ရေပေါင်း ၁၀၁၂၆၅၅၂ ဖြင့် တည်ထားသည်ဟုလည်း သိရပါတယ်
စေတီတော်ကို ကျောက်ဆီမီးတိုင် ၈၀၂ တိုင်ဖြင့် ၀န်းရံထားပြီး
မြန်မာ မွန် ရှမ်း အက္ခရာတို့ဖြင့် ဗုဒ္ဓဖြစ်တော်စဉ်များကို ရေးထွင်းပူဇော်ထားပါတယ်
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ဒီနေရာမှာ သာမန်အငြိမ့်လူပျက်တို့ရဲ့ ဟာသ စကားလေးတစ်ခွန်းက စေတီတော် ဖြစ်စဉ်သမိုင်းကို အနည်းငယ် ညစ်နွမ်းနေးစေတာ သတိချပ်စေလိုပါတယ် ပါးစပ်ရာဇဝင်တစ်ခု သာမန် ဟာသပျက်လုံးတစ်ခုဟာ စေတီသမိုင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး နှောင်းလာနောက်သား ညီ ညီမငယ်တို့ အမှတ်မှား အသိမှားမှာ စိုးတဲ့အတွက် အဆိုပါ ပြက်လုံးကို သိရှိစေရန် ရေးသားပေးလိုက်ပါတယ်
စေတီရဲ့ သမိုင်း အစစ်အမှန် မဟုတ်ပါ
✖✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖
ပန်းရံဆရာက စေတီတော် တည်ရာမှာ ဘယ်ပုံသဏ္ဍာန် တည်ထားရမလည်းလို့ မင်းတရားကြီးကို လာလျှောက်တင်ရာမှာ မိဖုရား သွားမေးဆိုလို့ မိဖုရားကို သွားမေးရာ မိဖုရားက ကလေးနို့တိုက်နေချိန် ပန်ရံဆရာက လာမေးရာ စိတ်မရှည်တာနဲ့ ဒီပုံစံတည်လိုက် ဆိုပြီး ရင်သားကို လှန်ပြပါသတဲ့ .
✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖ ✖
သန်းထွန်းလေး
အင်းတဲရွာ
koloneypoe@gmail.com
koloneypoe.blogspot.com
"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Friday, November 25, 2016
ကောင်းမှုတော်စေတီ
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...
No comments:
Post a Comment