မန်ယူ ကစားကွက်ရဲ့ နံပါတ်၂နဲ့၃ နေရာ
နံပါတ် ၂ ကတော့ နောက်ဆုံးခံစစ်မှုဖြစ်တဲ့အတွက် ပြေးအားနဲ့ ဖျက်အားပိုင်းမှာ သက်လုံကောင်းတဲ့ ကစာသမားမျိုးရှိဖိုလိုပါ ကျွန်တော်တို့ရဲ့ ကပ္ပတိန်ကြီး ဗီဒစ် ပေါ့ သူ့ရဲ့ အဖျက်စွမ်းရည်နဲ့ စိတ်ဓာတ်ကတော့ အထူးတလည် ညွှန်းဆိုနေစရာမလိုပါဘူး ဖျက်ရမယ့်နေရာမှာ သေချာတယ် သူ့ရဲ့ စလိုက် တွေကို ကျော်နိုင်တဲ့သူသိပ်မရှိပါဘူး ဘောလုံးမမှီလိုက်ရင်တောင် လူကိုလှဲချနိုင်ပါတယ် တစ်ဖက်အသင်းအတွက် ညစ်ပတ်သလိုဖြစ်ပေမယ့် အသင်းတိုင်းမှာ ဒီလို အဝါနဲ့ရင်းရဲတဲ့ ကစားသမားတွေလိုပါတယ် သူတို့ကနောက်ဆုံးခံစစ်လူမဟုတ်လား လိုအပ်ရင် မြေကပ်နေတဲ့ ဘောလုံးကိုလည်း ခေါင်းလျှောတိုက်ဖို့ ဝန်မလေးပါဘူး လက်ရှိမန်ယူအသင်းပါဝါကျနေတာ နံပါတ်၂ နေရာရဲ့ လိုအပ်ချက်ကြောင့်လို့ထင်တယ် ခုအဲ့ဒီနေရာမှာ ဘလင်း ကစားနေတယ် သူ့နေရာလည်းမဟုတ်သလို လူကပ်မှုပိုင်းအားနည်းချက်တွေက ပြိုင်ဖက် အသင်းအတွက် ရမှတ်တွေဖြစ်ဖြစ်သွားတာပါ
ကျွန်တော်တို့ရဲ့နည်းပြကြီး ဆာအဲလက်စ် က ဒီနေရာအတွက် ပြင်ဆင်မှု စမ်းသပ်မှုတွေအများကြီး လုပ်ခဲ့ပြီးသားပါ သူနှစ်သက်ပြီး စွမ်းဆောင်ရည်အရကော ပါရမီအရပါ ကောင်းတဲ့ ဖီးဂျုံး ကို မရမကဝယ်ယူခဲ့ပါတယ် ဒါပေမယ့် ဒီနှစ်မှာ ဖီးဂျုံးက ဒဏ်ရာနွံထဲနစ်နေတာမဟုတ်လား
သူပြန်လာရင်တော့ နံပါတ်နှစ်နေရာအတွက် စိတ်ပူစရာမရှိပါဘူး မက်နဲ လည်းရှိတယ်လေ ဒီကောင်လေးက လုံလောက်တဲ့ပွဲထွက်ခွင့်မရသေးတာတော့ခံစားရတယ်
မန်ယူရဲ့နံပါတ် ၃
ဒီနေရာကစားသမားတွေက ဘောလုံးအောက်သွားဖို့လောက်သာ အာရုံထားပြီးဖျက်ရတာမဟုတ်ပါဘူး ပြိုင်ဖက်တိုက်စစ်ထဲက ဘောလုံးကို ဖြတ်တောက်ရယူဖို့နဲ့ ကိုယ့်အသင်းတိုက်စစ် လမ်းကြောင်းထဲ ဘောလုံးရောက်ရှိဖို့တာဝန်ယူရပါတယ် ဒီနေရာအတွက် ကြည့်ဖူးသမျှထဲ အကြိုက်ဆုံးကတော့ ဖာဒီနန် ပါ သူဟာဘောလုံးကို ပျက်ရင်ပြီးစတန်းပုံစံနဲ့ ဘယ်တော့မှမဖျက်ပါဘူး ခန္ဓာကိုယ် လှဲချပြီးဖျက်တာမျိုးလဲရှားပါတယ် ပြီးတော့ အကြိုက်ဆုံးက သူ့ရဲ့ ဖြတ်တင်ဘောစွမ်းရည်ပါ တော်ရုံကွင်းလယ်သမားက ဆရာခေါ်လို့ရတယ်ဆိုတာ ဖာဒီနန် ပါတဲ့ ပွဲတွေကြည့်ဖူးတဲ့သူတိုင်သိမှာပါ ကိုယ်အသင်းကွင်းတစ်ဝက်ဖိ တိုက်စစ်စင်နေတဲ့အချိန်မှာ နံပါတ် ၃ နေရာက ကစားသမားဟာ ဘောလုံးဖြန့်ဝေဖို့ တာဝန်ယူရပါတယ် ဖာဒီနန် ရဲ့ အဝေဘောပေးပို့မှုတွေရဲ့ တိကျမှုနဲ့ အကွက်မြင်မှုတွေကိုတော့ အထူးတလည် မပြောလိုတော့ပါဘူး စမောလင်း သူက လက်ရှိနေရာရဲ့ နံပါတ် ၃ နေရာက ကစားသမားပါ ဖျက်အား လုအားနဲ့ ဘောလုံးလမ်းကြောင်းတွက်ဆမှုတွေနဲ့ အမြင်ဘောတွေမှာ ကောင်းပေမယ့် ပေးပို့မှုစွမ်းရည် နိမ့်ကျနေသေးလေတော့ ကျွန်တော်တို့အသင်းရဲ့ သွင်းဂိုးနဲမှုမှာ သူ့ရဲ့အပိုင်းကိုလဲ ထည့်တွက်ရမှာပါ တစ်ခုတော့ရှိတယ် တွဲဖက်ဖြစ်တဲ့ ၂ နေရာဟာ ဘလင်း ဖြစ်နေတော့ သူ့အနေနဲ့ လွတ်လွတ်လပ်လပ် တိုက်စစ်ကို မလိုက်ပါရဲတာကြောင့်လည်းဖြစ်မှာပါ
တကယ်လိုအပ်တာက ဖီးဂျုံး ပြန် ကျန်းမာလာဖို့နဲ့ အရင်ခြေစွမ်းပြန်ရဖို့ပါ
"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Tuesday, February 16, 2016
မန်ယူနဲ့ကစားကွက်
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ကျားကုန် ၁၂ကင်းက ၁ကင်းကို အနိုင်ထိုးနည်း
ကျားကုန်ဆိုတာက အရင်ကုန်အောင်ကျွေးနိုင်သူက အနိုင်ရတဲ့ကစားနည်းပါ ကျွန်တော်တို့ရိုးရိုးဆော့တဲ့ ကျားထိုးနည်းကို ကျားနိုင်လို့ခေါ်ပါတယ်
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...

No comments:
Post a Comment