ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Thursday, February 4, 2016

ဘယ္သန္

ဘယ္သန္ ညာသန္ကြဲျပားရတဲ့အေၾကာင္းရင္း

ကမၻာ့လူဦးေရရဲ႕ ၉၀ ရာခိုင္ႏႈန္းဟာ ညာသန္ေတြပဲျဖစ္ၾကပါတယ္။ ဒီေတာ့ ဘယ္သန္ေတြကို နားလည္ မေပးႏိုင္သူေတြရွိသလို နားလည္ေပးႏုိင္သူေတြလည္းရွိၾကပါတယ္။ အထူးသျဖင့္ ညာသန္မိဘေတြမွာ ဘယ္သန္ကေလးေတြ ေမြးလာတဲ့အခါ ညာသန္ျဖစ္ဖို႔အတင္းပံုသြင္းခံရတာ၊ ညာဘက္နဲ႕မသံုးတတ္လို႕ ဆူပူၾကိမ္းေမာင္းခံရတာေတြ ရွိတတ္ၾကပါတယ္။ ဒါေပမဲ့ ဘယ္သန္ျခင္း၊ ညာသန္ျခင္းေတြဟာ တမင္လုပ္ ယူတာမဟုတ္ပဲ သဘာ၀အတိုင္းျဖစ္လာတာျဖစ္တဲ့အတြက္ အတင္းျပဳျပင္တာမ်ိဳး မလုပ္သင့္ပါဘူး။ ဒီေတာ့ ဘာေၾကာင့္ ဘယ္သန္ျဖစ္ရတာလဲ၊ ဘယ္သန္ေတြရဲ႕ အားနည္းခ်က္အားသာခ်က္ေတြက ဘာေတြလဲ၊ ဘယ္သန္ေတြကို ဘယ္လိုျပဳစုပ်ိဳးေထာင္ရမလဲ။

ဘယ္သန္ ညာသန္ကြဲျပားရျခင္းဟာ အေၾကာင္းရင္းအတိအက်မရွိေပမဲ့ သုေတသနျပဳခ်က္တခ်ိဳ႕အရ ကိုယ္၀န္ေဆာင္မိခင္ အသက္ၾကီးေနရင္ျဖစ္ေစ၊ ကိုယ္၀န္ေဆာင္ကာလအတြင္း စိတ္ဖိစီးမႈမ်ားလြန္းလို႕ ျဖစ္ေစ ဘယ္သန္ေတြေမြးတတ္ေၾကာင္း ေတြ႕ရွိ ရပါတယ္။ ေပါင္မျပည့္ပဲ ေမြးတဲ့ကေလးေတြဟာလည္း ဘယ္သန္ျဖစ္ႏိုင္ေျခပိုမ်ားတယ္လို႕ ဆိုပါတယ္။ ညာသန္ေတြဟာ ဦးေႏွာက္ဘယ္ျခမ္းက ပိုအား သန္တတ္ျပီး ဘယ္သန္ေတြဟာ ဦးေႏွာက္ညာျခမ္းပိုအားသန္တတ္ပါတယ္။ ဒါေၾကာင့္ ဘယ္သန္ေတြဟာ ဦးေႏွာက္ဘယ္ျခမ္းရဲ႕စြမ္းရည္ျဖစ္တဲ့ ဘာသာစကားစြမ္းရည္ဘက္မွာ အားနည္းတတ္ၾကေပမဲ့ ဦးေႏွာက္ဘယ္ျခမ္းရဲ႕စြမ္းရည္ျဖစ္တဲ့ တီထြင္မႈစြမ္းရည္ဘက္မွာ အားသာတတ္ၾကပါတယ္။ ဒါေပမဲ့ IQ ကေတာ့ ထူးထူးျခားျခားကြာဟျခင္း မေတြ႕ရဘူးလို႕ သိရပါတယ္။

ဘယ္သန္ေတြရဲ႕ အားသာခ်က္အခ်ိဳ႕
(၁)ဘယ္သန္ေတြဟာ တီထြင္ဖန္တီးမႈပိုင္းမွာ အားသာတတ္ၾကပါတယ္။ ဘယ္သန္ေတြအား သာတဲ့ ဦးေနွာက္ညာျခမ္းဟာ တီထြင္မႈစြမ္းအားနဲ႕ဆက္စပ္ေနတာေၾကာင့္ျဖစ္ပါတယ္။
(၂)ဘယ္သန္ေတြဟာ တင္းနစ္၊ ေဘ့စ္ေဘာစတဲ့ အားကစားေတြမွာ ညာသန္ေတြနဲ႕ ယွဥ္ျပိဳင္ရတဲ့အခါ သာလြန္ေကာင္းမြန္ၾကပါတယ္။
(၃) ဘယ္သန္ေတြဟာ ႏိုင္ငံေရးဘက္မွာလည္း အားသာၾကပါတယ္။ လူသိမ်ားတဲ့ ဘယ္သန္ေတြထဲမွာ အေမရိကန္သမၼတေတြျဖစ္တဲ့ Barack Obama, Bill Clinton, George H.W. Bush နဲ႕ Gerald Ford တို႕လည္း ပါ၀င္ပါတယ္။
(၄) ဒိတ္ဒိတ္ၾကဲေအာင္ျမင္သူေတြျဖစ္တဲ့ Julius Caesar,Napoleon Bonaparte, Albert Einstein, Bill Gates, Leonardo da Vinci, Marie Curie, Angelina Jolie, Bruce Willis နဲ႕ Jennifer Lawrence  တို႕ဟာလည္း ဘယ္သန္မ်ားျဖစ္ၾကပါတယ္။
(၅)ဘယ္သန္ေတြဟာ အိမ္ေထာင္ေရးသုခကို ပိုမိုရရွိခံစားႏိုင္ေၾကာင္း သုေတသနျပဳခ်က္မ်ားအရ သိရွိရပါတယ္။
(၆) ဘယ္သန္ေတြဟာ ေရေအာက္မွာ ျမင္ႏိုင္စြမ္းရွိဖို႕ သင္ယူမႈမွာပိုမိုျမန္ဆန္စြာ တတ္ေျမာက္ၾက ပါတယ္။

ဘယ္သန္ေတြရဲ႕ အားနည္းခ်က္အခ်ိဳ႕
(၁) ဘယ္သန္ေတြဟာ ညာသန္ေတြထက္ ပိုေၾကာက္တတ္ၾကပါတယ္။ စမ္းသပ္ခ်က္မ်ားအရ သူတို႕အားသန္ တဲ့ ဦးေနွာက္ညာျခမ္းဟာ ေၾကာက္စိတ္ကိုတံု႕ျပန္မႈပိုမိုျပင္းထန္ တတ္တာ ေၾကာင့္လို႕ သိရွိရပါတယ္။
(၂)ဘယ္သန္ေတြဟာ ညာသန္ေတြထက္ ေဒါသပိုၾကီးတတ္ၾကပါတယ္။ ဘယ္သန္ေတြရဲ႕ ဦးေႏွာက္ ဟာ ညာသန္ေတြထက္ ပိုမို႐ႈပ္ေထြးေနျပီး မေကာင္းတဲ့ခံစားခ်က္ကို တံု႕ျပန္မႈပိုအားသန္တယ္လို႕ ဆိုပါတယ္။
(၃) ပစၥည္းေတြကို ကိုင္တြယ္သံုးစြဲရတဲ့အခါ အခက္အခဲၾကံဳေတြ႕ရတတ္ပါတယ္။ ဥပမာ - ကတ္ေၾကး၊ ေရေႏြးအိုးရဲ႕ေရဆူမွတ္ျပဇယားကြက္၊ ကြင္းတပ္ဗလာစာအုပ္ စတဲ့အသံုးအေဆာင္ပစၥည္းေတြဟာ ညာသန္ေတြအတြက္ ဦးစားေပးထုတ္လုပ္ တာေၾကာင့္ ဘယ္သန္ေတြအေနနဲ႕ သံုးရ အဆင္မေျပတာမ်ားျပီး စိတ္ဆိုးေဒါသထြက္ေစတတ္တယ္။
(၄)ဘယ္သန္ေတြဟာ အမွားလုပ္မိမွာ အရမ္းေၾကာက္တတ္ၾကတဲ့အတြက္ တစ္ခုခုဆို ေနာက္က်က်န္ ေနတတ္ၾကပါတယ္။
(၅) ဘယ္သန္ေတြဟာ အာ႐ံုစူးစိုက္မႈအားနည္းတတ္ၾကျပီး စိတ္ခံစားခ်က္ကလည္း မျငိမ္တတ္ ၾကပါဘူး။
ဘယ္သန္ျဖစ္ျခင္း၊ ညာသန္ျဖစ္ျခင္းဟာ ေမြးရာပါသဘာ၀ျဖစ္တဲ့အတြက္ ကေလးငယ္ ေလးဘက္ေထာက္တတ္စ အရြယ္တည္းက သတိထားၾကည့္ရင္ သိသာႏိုင္ပါတယ္။ ကေလးဟာ ဘယ္ဘက္ကိုပဲ အာ႐ံုစိုက္ေနရင္ ဘယ္သန္ျဖစ္ႏိုင္ေျခမ်ားပါတယ္။

ညာသန္မိဘေတြအေနနဲ႕ ဘယ္သန္ေတြရဲ႕သဘာ၀ကို မသိႏုိင္တဲ့အတြက္ ဘယ္သန္ကေလးကို ျပဳစုပ်ိဳးေထာင္ရာမွာ အမွားနည္းေအာင္ ၾကိဳတင္ေလ့လာသင့္ပါတယ္။ ဒါ့အျပင္ ဘယ္သန္ကေလးေတြကို ညာသန္ျဖစ္ေအာင္ အတင္းျပဳျပင္ပါက ဦးေႏွာက္လုပ္ေဆာင္ခ်က္ေတြ မတည္မျငိမ္ျဖစ္ျပီး စကားထစ္ျခင္း၊ ေဒါသအလြန္ၾကီးျခင္းနဲ႕ သင္ယူမႈစြမ္းရည္ခ်ိဳ႕တဲ့ျခင္းတို႕ ျဖစ္လာႏုိင္ပါတယ္။ ဒါေၾကာင့္ မိမိကေလးရဲ႕ အားသန္ရာဘက္ကို ေစာေစာစီးစီးသတိျပဳမိျပီး အားသာခ်က္အားနည္းခ်က္ေတြကို ေလ့လာဖတ္႐ႈကာ မွန္ကန္စြာျပဳစုပ်ိဳးေထာင္ႏုိင္ၾကဖို႕ ေရးသားတင္ျပလိုက္ပါတယ္။

Photo - parade,ireadhands

Win Pa Pa San@ စံ၀န္းနီ (႐ိုးရာေလး)
www.yoyarlay.com
#swn_yyl
#lifestyle_yyl

(Unicode Version)

ဘယ်သန် ညာသန်ကွဲပြားရတဲ့အကြောင်းရင်း

ကမ္ဘာ့လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ညာသန်တွေပဲဖြစ်ကြပါတယ်။ ဒီတော့ ဘယ်သန်တွေကို နားလည် မပေးနိုင်သူတွေရှိသလို နားလည်ပေးနိုင်သူတွေလည်းရှိကြပါတယ်။ အထူးသဖြင့် ညာသန်မိဘတွေမှာ ဘယ်သန်ကလေးတွေ မွေးလာတဲ့အခါ ညာသန်ဖြစ်ဖို့အတင်းပုံသွင်းခံရတာ၊ ညာဘက်နဲ့မသုံးတတ်လို့ ဆူပူကြိမ်းမောင်းခံရတာတွေ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ဘယ်သန်ခြင်း၊ ညာသန်ခြင်းတွေဟာ တမင်လုပ် ယူတာမဟုတ်ပဲ သဘာဝအတိုင်းဖြစ်လာတာဖြစ်တဲ့အတွက် အတင်းပြုပြင်တာမျိုး မလုပ်သင့်ပါဘူး။ ဒီတော့ ဘာကြောင့် ဘယ်သန်ဖြစ်ရတာလဲ၊ ဘယ်သန်တွေရဲ့ အားနည်းချက်အားသာချက်တွေက ဘာတွေလဲ၊ ဘယ်သန်တွေကို ဘယ်လိုပြုစုပျိုးထောင်ရမလဲ။

ဘယ်သန် ညာသန်ကွဲပြားရခြင်းဟာ အကြောင်းရင်းအတိအကျမရှိပေမဲ့ သုတေသနပြုချက်တချို့အရ ကိုယ်ဝန်ဆောင်မိခင်အသက်ကြီး နေရင်ဖြစ်စေ၊ ကိုယ်ဝန်ဆောင်ကာလအတွင်း စိတ်ဖိစီးမှုများလွန်းလို့ ဖြစ်စေ ဘယ်သန်တွေမွေးတတ်ကြောင်း တွေ့ရှိရပါတယ်။ ပေါင်မပြည့်ပဲ မွေးတဲ့ကလေးတွေဟာလည်း ဘယ်သန်ဖြစ်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။ ညာသန်တွေဟာ ဦးနှောက်ဘယ်ခြမ်းက ပိုအား သန်တတ်ပြီး ဘယ်သန်တွေဟာ ဦးနှောက်ညာခြမ်းပိုအားသန်တတ်ပါ တယ်။ ဒါကြောင့် ဘယ်သန်တွေဟာ ဦးနှောက်ဘယ်ခြမ်းရဲ့စွမ်းရည်ဖြစ် တဲ့ ဘာသာစကားစွမ်းရည်ဘက်မှာ အားနည်းတတ်ကြပေမဲ့ ဦးနှောက်ဘယ်ခြမ်းရဲ့စွမ်းရည်ဖြစ်တဲ့ တီထွင်မှုစွမ်းရည်ဘက်မှာ အားသာတတ်ကြပါတယ်။ ဒါပေမဲ့ IQ ကတော့ ထူးထူးခြားခြားကွာဟခြင်း မတွေ့ရဘူးလို့ သိရပါတယ်။

ဘယ်သန်တွေရဲ့ အားသာချက်အချို့
(၁)ဘယ်သန်တွေဟာ တီထွင်ဖန်တီးမှုပိုင်းမှာ အားသာတတ်ကြပါတယ်။ ဘယ်သန်တွေအား သာတဲ့ ဦးနှောက်ညာခြမ်းဟာ တီထွင်မှုစွမ်းအားနဲ့ဆက်စပ်နေတာကြောင့်ဖြစ်ပါတယ်။
(၂)ဘယ်သန်တွေဟာ တင်းနစ်၊ ဘေ့စ်ဘောစတဲ့ အားကစားတွေမှာ ညာသန်တွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါ သာလွန်ကောင်းမွန်ကြပါတယ်။
(၃) ဘယ်သန်တွေဟာ နိုင်ငံရေးဘက်မှာလည်း အားသာကြပါတယ်။ လူသိများတဲ့ ဘယ်သန်တွေထဲမှာ အမေရိကန်သမ္မတတွေဖြစ်တဲ့ Barack Obama, Bill Clinton, George H.W. Bush နဲ့ Gerald Ford တို့လည်း ပါဝင်ပါတယ်။
(၄) ဒိတ်ဒိတ်ကြဲအောင်မြင်သူတွေဖြစ်တဲ့ Julius Caesar,Napoleon Bonaparte, Albert Einstein, Bill Gates, Leonardo da Vinci, Marie Curie, Angelina Jolie, Bruce Willis နဲ့ Jennifer Lawrence  တို့ဟာလည်း ဘယ်သန်များဖြစ်ကြပါတယ်။
(၅)ဘယ်သန်တွေဟာ အိမ်ထောင်ရေးသုခကို ပိုမိုရရှိခံစားနိုင်ကြောင်း သုတေသနပြုချက်များအရ သိရှိရပါတယ်။
(၆) ဘယ်သန်တွေဟာ ရေအောက်မှာ မြင်နိုင်စွမ်းရှိဖို့ သင်ယူမှုမှာပိုမိုမြန်ဆန်စွာ တတ်မြောက်ကြ ပါတယ်။

ဘယ်သန်တွေရဲ့ အားနည်းချက်အချို့
(၁) ဘယ်သန်တွေဟာ ညာသန်တွေထက် ပိုကြောက်တတ်ကြပါတယ်။ စမ်းသပ်ချက်များအရ သူတို့အားသန် တဲ့ ဦးနှောက်ညာခြမ်းဟာ ကြောက်စိတ်ကိုတုံ့ပြန်မှုပိုမိုပြင်းထန် တတ်တာ ကြောင့်လို့ သိရှိရပါတယ်။
(၂)ဘယ်သန်တွေဟာ ညာသန်တွေထက် ဒေါသပိုကြီးတတ်ကြပါတယ်။ ဘယ်သန်တွေရဲ့ ဦးနှောက် ဟာ ညာသန်တွေထက် ပိုမိုရှုပ်ထွေးနေပြီး မကောင်းတဲ့ခံစားချက်ကို တုံ့ပြန်မှုပိုအားသန်တယ်လို့ ဆိုပါတယ်။
(၃) ပစ္စည်းတွေကို ကိုင်တွယ်သုံးစွဲရတဲ့အခါ အခက်အခဲကြုံတွေ့ရတတ်ပါတယ်။ ဥပမာ - ကတ်ကြေး၊ ရေနွေးအိုးရဲ့ရေဆူမှတ်ပြဇယားကွက်၊ ကွင်းတပ်ဗလာစာအုပ် စတဲ့အသုံးအဆောင်ပစ္စည်းတွေဟာ ညာသန်တွေအတွက် ဦးစားပေးထုတ်လုပ် တာကြောင့် ဘယ်သန်တွေအနေနဲ့ သုံးရ အဆင်မပြေတာများပြီး စိတ်ဆိုးဒေါသထွက်စေတတ်တယ်။
(၄)ဘယ်သန်တွေဟာ အမှားလုပ်မိမှာ အရမ်းကြောက်တတ်ကြတဲ့အတွက် တစ်ခုခုဆို နောက်ကျကျန် နေတတ်ကြပါတယ်။
(၅) ဘယ်သန်တွေဟာ အာရုံစူးစိုက်မှုအားနည်းတတ်ကြပြီး စိတ်ခံစားချက်ကလည်း မငြိမ်တတ် ကြပါဘူး။
ဘယ်သန်ဖြစ်ခြင်း၊ ညာသန်ဖြစ်ခြင်းဟာ မွေးရာပါသဘာ၀ဖြစ်တဲ့အတွက် ကလေးငယ် လေးဘက်ထောက်တတ်စ အရွယ်တည်းက သတိထားကြည့်ရင် သိသာနိုင်ပါတယ်။ ကလေးဟာ ဘယ်ဘက်ကိုပဲ အာရုံစိုက်နေရင် ဘယ်သန်ဖြစ်နိုင်ခြေများပါတယ်။

ညာသန်မိဘတွေအနေနဲ့ ဘယ်သန်တွေရဲ့သဘာဝကို မသိနိုင်တဲ့အတွက် ဘယ်သန်ကလေးကို ပြုစုပျိုးထောင်ရာမှာ အမှားနည်းအောင် ကြိုတင်လေ့လာသင့်ပါတယ်။ ဒါ့အပြင် ဘယ်သန်ကလေးတွေကို ညာသန်ဖြစ်အောင် အတင်းပြုပြင်ပါက ဦးနှောက်လုပ်ဆောင်ချက်တွေ မတည်မငြိမ်ဖြစ်ပြီး စကားထစ်ခြင်း၊ ဒေါသအလွန်ကြီးခြင်းနဲ့ သင်ယူမှုစွမ်းရည်ချို့တဲ့ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိမိကလေးရဲ့ အားသန်ရာဘက်ကို စောစောစီးစီးသတိပြုမိပြီး အားသာချက်အားနည်းချက်တွေကို လေ့လာဖတ်ရှုကာ မှန်ကန်စွာပြုစုပျိုးထောင်နိုင်ကြဖို့ ရေးသားတင်ပြလိုက်ပါတယ်။

Photo - parade, ireadhands

Win Pa Pa San@ စံဝန်းနီ (ရိုးရာလေး)
www.yoyarlay.com
#swn_yyl
#lifestyle_yyl



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး