ငရဲမှာမကြာဖို့ရာ
*****
နတ်ပြည်ရောက်မယ့်သူလည်းငရဲကျတတ်ပါတယ်။
ငရဲကျတုန်းမကောင်းမှုမပြုဖို့တော့လိုပါလိမ့်မယ်လို့
ဒီညဖတ်မိတဲ့ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးရဲ့
တရားတစ်ပုဒ်ကနေတွေးမိကာရေးသီကုသိုလ်ပြု
မျှဝေလိုမိပါတယ်။
ဖတ်ရှုနာယူရတဲ့ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ရဲ့တရားတစ်ပုဒ်က ဘုရားရှင်လက်ထက်တော်မှာ
ကောသလမင်းကြီး အားကိုးချစ်မြတ်နိုးရသူမလ္လိကာ
မိဖုရားကြီးသေဆုံးသွားတဲ့အခါမှာမင်းကြီးအနေနဲ့
သူ့ရဲ့ထက်မြတ်ပြီးမယားဝတ္တရားလည်းအလွန်ကျေ
ပွန်တဲ့မိဖုရားသေလွန်ပြီးဘယ်ဘဝရောက်သွားလဲ
ဆိုတာကိုသိချင်လို့မြတ်ဘုရားထံမေးလျှောက်ဖို့ရာ
ဘုရားကျောင်းတော်ကိုခုနှစ်ရက်တိုင်သွားရောက်တဲ့
ကောသလမင်းကြီးကိုအကြောင်းပြုဟောကြားတော်
မူတဲ့တရားတော်ဖြစ်ပါတယ်။
မြတ်စွာဘုရားဘဂဝါထံကောသလမင်းကြီးကခုနှစ်
ရက်တိုင်သွားရခြင်းမှာမိဖုရားကြီးသေဆုံးပြီးဘယ်
ရောက်နေလဲဆိုတဲ့အဓိကမေးလိုရာမေးခွန်းကိုမေး
လျှောက်ဖို့သွားတိုင်းရှေ့ခြောက်ရက်လုံးမှာမေးဖို့မေ့
သွားလေ့ရှိခဲ့ရခြင်းကြောင့်ဖြစ်ကာ ခုနှစ်ရက်မြောက်
တဲ့နေ့မှာမှမေးလျှောက်ဖြစ်ရာမိဖုရားကြီးနတ်ပြည်
ရောက်နေကြောင်းမြတ်ဘုရားကဖြေကြားတဲ့အတွက်
ကြားသိရသူကောသလဘုရင်ကြီးမှာဝမ်းမြောက်မြူး
ရွှင်လွန်းပြီးမိလ္လိကာမိဖုရားလိုသူတစ်ဖက်သားအပေါ်
ကောင်းသူအလှူအတန်းရက်ရောသူမျိုးမှနတ်ပြည်
မရောက်ရင်ဘယ်သူရောက်လေမလဲလို့ဝမ်းမြောက်
ဝမ်းသာဆိုကြောင်းဓမ္မပဒအဋ္ဌကထာတွေမှာလည်း
ရေးသားထားကြောင်းကိုပါမောက္ခချုပ်ဆရာတော်က
မိန့်ပါတယ်။
ရှေးဘုန်းရှေးကံကြီးမားခဲ့လို့သာဘုရင်ဖြစ်လာရပြီး
ဘုရင်တန်မဲ့ဥာဏ်ပညာနည်းပါးရရှာတဲ့ကောသလ
ဘုရင်မင်းကြီးဘာကြောင့်ရှေ့ရက်တွေမှာမေ့နေခဲ့
ရတာကမြတ်ဘုရားကမေ့စေခြင်းဖြစ်ပါတယ်။မေ့
စေခြင်းအကြောင်းရင်းကတော့ခုနှစ်ရက်မြောက်ခါမှ
မလ္လိကာမိဖုရားကြီးမှာငရဲကျရာကနေလွတ်မြောက်
ပြီးနတ်ပြည်ရောက်တာမို့ဘုရင်ကြီးကိုသူ့မိဖုရားငရဲ
ကျနေကြောင်းကိုအသိမပေးသေးလိုဘဲနတ်ပြည်
ရောက်တဲ့နေ့မှဖြေကြားလိုတာကြောင့်သာဖြစ်ပါ
တယ်။
ကောသလဘုရင်မင်းမှာဥာဏ်နည်းသူလည်းဖြစ်
လို့(ကံကံရဲ့အကျိုးကိုနက်ရှိုင်းစွာနားမလည်ဘဲ)သူ့
မိဖုရားကောင်းမှုပြုပါရဲ့သားနဲ့အပယ်ငရဲကျရလေ
မလားရယ်လို့အယူလွဲမှားဘာသာတရားအပေါ်မှာ
ယုံမှားသံသယအမှုကိုမဖြစ်စေလိုတဲ့အတွက်မြတ်
စွာဘုရားက ကရုဏာထားကာ မေးခွန်းမေးဖို့(၆)
ရက်လုံးမေ့နေစေခဲ့ရာမှခုနှစ်ရက်မြောက်ရောက်မှ
မေးလျှောက်ဖို့သတိရစေတာဖြစ်ပါတယ်။
ဒီနေရာမှာ ကုသိုလ်ကောင်းမှုပြုသူတန်မဲ့ငရဲကျရ
သူမလ္လိကာမိဖုရားကြီးအကြောင်းကိုဆရာတော်မိန့်
ကြားတာကမိဘုရားကြီးနတ်ရွာမလားမီ(မသေဆုံး
မီ)အခါကာလလေးမှာအရှက်ရစရာအမှားတစ်ခုပြု
မိခဲ့ခြင်းကြောင့်လို့မှတ်သားရပါတယ်။အမှားပြုပေမဲ့
ဘုရင်ကြီးကိုထုတ်မပြောလိုတဲ့အတွက်မိဖုရားကြီး
ကဖုံးကွယ်လိမ်ညာခဲ့ပါတယ်။လိမ်ညာထားခြင်းကို
အခြားသူတွေမသိနိုင်ပေမဲ့မြတ်ဘုရားနဲ့သာဝကကြီး
များကသိနေနိုင်ကြောင်းမိဖုရားကြီးကဥာဏ်ပညာ
ကြီးသူပီပီသိရှိကာလိမ်လည်ခြင်းဆိုတဲ့မကောင်းမှု
ပြုမိခြင်းအပေါ်စိတ်မချမ်းမြေ့ဖြစ်ခဲ့ရရှာပါတယ်။
အမြဲတမ်းကောင်းမှုကုသိုလ်ပြုခဲ့သူဖြစ်ပေမဲ့တစ်ကြိမ်
တစ်ခါမကောင်းမှုပြုခြင်းအပြစ်နဲ့အပြစ်ပြုမိခြင်းရဲ့ကံ
အကျိုးဆက်ကိုဘယ်သူမှရှောင်လွှဲမရသလိုမလ္လိကာ
မိဖုရားကြီးခမျာမှာလည်းငရဲကျခဲ့ရပါတယ်။
အမှားကိုသိမြင်ပြီးအမှန်ပြင်ကာတစ်ဖန်ကောင်းမှုပြု
သူမို့မကောင်းမှုကံအကျိုးဆက်ငရဲမှာကြာကြာမနေ
ရဘဲခုနှစ်ရက်မျှနဲ့သာလွတ်မြောက်ခဲ့ရခြင်းကိုလည်း
သင်ခန်းစာယူနိုင်သလိုမကောင်းမှုတစ်ခါပြုမိရုံနဲ့မထူး
ဇာတ်မခင်းဖို့ရာသတိတရားရစေတာလည်းအမှန်ပါပဲ။
ငရဲမှခုနှစ်ရက်မြောက်မှာလွတ်မြောက်ပြီးနတ်ပြည်
ရောက်ရတဲ့မိဖုရားကြီးအကြောင်းနဲ့ မေးလိုတဲ့မေး
ခွန်းကိုခုနှစ်ရက်ပြည့်မြောက်တဲ့နေ့မှပြန်သတိရတဲ့
ကောသလမင်းကြီးဖြစ်အင်တို့က အသိဥာဏ်ပညာ အရှက်သိက္ခာနဲ့ကိုယ်ကျင့်တရားတို့ကိုအထူးသတိ
ပြုဆင်ခြင်စေနိုင်သလိုနတ်ပြည်ရောက်မယ့်သူလည်း
ငရဲကျတတ်ကြောင်း၊ငရဲကျမယ့်အတူတူလို့လူမိုက်
တွေးမတွေးသင့်ကြောင်းနဲ့မကောင်းမှုတွေထပ်တစ်
လဲလဲမပြုသူမှသာ ငရဲမှာကြာကြာမခံရနိုင်ကြောင်း
သတိပြုဆင်ခြင်နိုင်ရေးဆုံးမလမ်းပြဟောဖေါ်ညွှန်ပြ
ပေးတဲ့ဆရာတော်ဘုရားကြီးနဲ့တကွသံဃာတော်ရှင်
သူမြတ်များ၊မြတ်တရားဒေသနာနဲ့တရားတော်ရဲ့မူလ
ပိုင်ရှင်မြတ်ဘုရားဘဂဝါ`ရတနာသုံးပါး´တို့အားပူဇော်
အမှူးထားလို့နိဗ္ဗာန်ကိုရည်မျှော်ကာဆုတောင်းမေတ္တာ
ပို့သပါတယ်ဘုရား…
သဗ္ဗဗုဒ္ဓါနုဘာဝေန
သဗ္ဗဓမ္မာနုဘာဝေန
သဗ္ဗသံဃာနုဘာဝေန
ပို့သသောမေတ္တာကိုခံယူတော်မူကြပါ။
ပို့သတဲ့မေတ္တာများကိုလည်းခံယူပါတယ်။
ဖတ်ရှုသူအပေါင်းလည်း
ချမ်းမြေ့ကြပါစေ
ကိုမျိုး(မြန်မာစာ)
"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Wednesday, January 6, 2016
ငရဲ
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ကျားကုန် ၁၂ကင်းက ၁ကင်းကို အနိုင်ထိုးနည်း
ကျားကုန်ဆိုတာက အရင်ကုန်အောင်ကျွေးနိုင်သူက အနိုင်ရတဲ့ကစားနည်းပါ ကျွန်တော်တို့ရိုးရိုးဆော့တဲ့ ကျားထိုးနည်းကို ကျားနိုင်လို့ခေါ်ပါတယ်
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...
No comments:
Post a Comment