ချောင်းဆိုးခြင်း၏ အကြောင်းရင်းများ
***********************************************************
နေခြည် (ဆေး-၁)
တဟွတ်ဟွတ်ဆိုးမယ်၊ ဒီလိုချောင်းဆိုးရခြင်းအ ကြောင်းရင်းတွေ ဘာကြောင့်ဖြစ်တတ်သလဲ။ အ ကြောင်းရင်းတွေကိုရှာမယ်ဆိုရင်တော့ များစွာဖြစ် နိုင်ပါတယ်။ ချွဲထွက်သလားမထွက်ဘူးလားဆိုတာဟာလည်း ဖြစ်နိုင်ခြေကို စဉ်းစားရာမှာ အထောက်အကူပြုပါတယ်။ သက်ဆိုင်ရာရောဂါရာဇဝင်နဲ့ အလုပ်အကိုင်ဟာလည်း အဆုတ်နဲ့ပတ်သက်ပြီးတော့ ရောဂါများကို ကောက် ချက်ချရာမှာ အရေးပါပြန်တာပါပဲ။ ဒါကြောင့်ချောင်းဆိုးတယ် ချွဲထွက်တယ် ဆိုသူတွေအတွက် အရေးအကြီးဆုံးဖြစ်နိုင်ခြေအချို့ကို ဒီတစ်ပတ်အတွက် ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။
ချောင်းဆိုးချွဲပါသူတွေအနေနဲ့ ဖြစ်နိုင်ခြေရောဂါတွေ ဘာတွေလဲ။
*****************************************************************
၁) ဆေးလိပ်သောက်သူလည်း မဟုတ်ဘဲနဲ့ နာတာရှည်ချောင်းဆိုးရခြင်း၊ ချွဲထွက်ထွက်နေတတ်ခြင်းဟာ ထိပ်ခတ်နာကဲ့သို့ရောဂါတွေမှာ တွေ့ရလေ့ ရှိပါတယ်။ နှာခေါင်းမှနှာရည်ထွက်တာ ပုံမှန်ထက်များတဲ့အတွက် နှာရည် တွေကျတတ်ပြီး မျိုချမိသလိုလည်း ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး မျိုချမိတာ ကြောင့် ချွဲခပ်နေရသလို၊ ချောင်းဆိုးချင်နေသလိုမျိုး မကြာခဏဖြစ်တတ် ပါတယ်။ ထိပ်ခတ်နာဖြစ်တတ်ရတဲ့အကြောင်းရင်းတွေကို ဥပမာဆိုရရင် တော့ တုပ်ကွေး၊ Allergies(ဓာတ်မတည့်ခြင်း)နဲ့ Sinusitis စတဲ့ ရောဂါမျိုး တွေမှာပါ။
၂) လြေ>ွပန်ရုတ်တရက်ရောင်ရမ်းရာကနေလည်း ချောင်းဆိုးချွဲပါဖြစ်တတ် ပါတယ်။ ဥပမာအား ဖြင့် ပုံမှန်တုပ်ကွေးဖျားနာရာကနေ ဖြစ်တတ်တာမျိုး ပါ။ ဒုက္ခပေးတတ်တဲ့ဗိုင်းရပ်စ်နဲ့ ဗက်တီးရီးယားအမျိုးအစားတွေကတော့ အမျိုးမျိုးရှိနိုင်ပါတယ်။ ဖြစ်တတ်သူတွေကတော့ ဆေးလိပ်သောက်သုံးသူ တွေနဲ့ နာတာရှည်လြေ>ွပန်ကျဉ်းတတ်တဲ့ရောဂါရှိသူတွေမှာပါ။ အစပိုင်းမှာ သာမန်ချောင်းဆိုးသလိုဖြစ်ပြီး ချွဲမထွက်တတ်ပေမယ့် နောက်ပိုင်းမှာ ချွဲ ဝါဝါပျစ်ပျစ်တွေ ထွက်တတ်ပါတယ်။ အဖျားလည်းတွဲရှိတတ်ပြီး မောတာ၊ အသက်ရှူရင် ရွှီရွှီမြည်တာ စတဲ့လက္ခဏာတွေလည်း တွေ့ရနိုင်ပါတယ်။
၃) ချောင်းဆိုး၊ ချွဲထွက်ဖြစ်နေတတ်တာဟာ နမိုးနီးယားခေါ် အဆုတ်အအေး ပတ်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ လူကြီး၊ ကလေးမရွေးဖြစ်တတ် ပြီး အသက်ငါးနှစ်အောက်ကလေးတွေရဲ့သေဆုံးမှု ၁၅ ရာခိုင်နှုန်းလောက် ဟာ နမိုးနီးယားရောဂါကြောင့်ဖြစ်နေတတ်တယ်လို့ WHO (ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့အစည်း၊ World Health Organization)က ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီလိုမျိုး နမိုးနီးယားရောဂါဟာ သာမန်မျက်လုံးနဲ့မမြင်နိုင် တဲ့ ဗိုင်းရပ်စ်ပိုး၊ ဗက်တီးရီးယားနဲ့ မှိုတွေကြောင့်ဖြစ်တတ်ပြီး အဆုတ်ရောင် ရမ်းတာ၊ အသက်ရှူခက်ခဲစေတာကိုဖြစ်စေတတ်တဲ့အတွက် ခုခံအားနုနယ် သေးတဲ့ ကလေးငယ်တွေအတွက်တော့ ယနေ့အထိခြိမ်းခြောက်နေဆဲဖြစ် တဲ့ ရောဂါတစ်ခုပါပဲ။
၎) ဆေးလိပ်သောက်သုံးသူတွေမှာ ချောင်းတဟွတ်ဟွတ်ဆိုးနေတတ်ပါ တယ်။ Smoker’s cough လို့လည်း ခေါ်ကြတယ်။ ဆေးလိပ်သောက်သုံးမှု များပြားတာဖြစ်ဖြစ်၊ သက်တမ်းကြာလာတာကြောင့်ပဲဖြစ်ဖြစ် လြေ>ွပန်တွေ နာတာရှည်ရောင်ရမ်းမှုကြောင့် လေပြွန်ကျဉ်းပြီး ချောင်းဆိုး၊ ချွဲထွက်နေ တတ်တာအပြင် အမောမခံနိုင်တာပါ ဖြစ်လာတတ်ပါတယ်။ Chonic Obstructive Pulmonary Disease လို့ခေါ်ကြပြီး ဆေးလိပ်ဆက်သောက် နေမယ်ဆိုရင် ပိုဆိုးလာမယ့် ရောဂါတစ်မျိုးပါ။
၅) အဆုတ်ကင်ဆာဟာ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ရတဲ့ နာမည် ကြီးရောဂါတစ်မျိုးပါ။ အဆုတ်ကင်ဆာ ရာခိုင်နှုန်း၉ဝခန့်ဟာ ဆေးလိပ် သောက်သုံးတာကြောင့် အဓိကဖြစ်တတ်ပါတယ်။ ကျန်ဖြစ်နိုင်ခြေရှိတာ ကတော့ လေထုညစ်ညမ်းမှုတွေရှိနေတဲ့လုပ်ငန်းခွင်မှာ ကြာရှည်လုပ်နေ ရခြင်းဆိုတဲ့အချက်ပါ။ ဥပမာအားဖြင့် မီးခံကျောက်မှုန့်၊ Radon စတဲ့ ဓာတ် ပစ္စည်းတွေနဲ့ ဆက်စပ်နေတာမျိုးပါ။
၆) ပန်းနာရင်ကျပ်ရောဂါရှိသူတွေမှာလည်း တစ်ခါတစ်ရံမှာ အသက်ရှူလမ်း ကြောင်း ပိုးဝင်တာကြောင့် Secondary infection ကြောင့် ချောင်းဆိုး၊ ချွဲပါတာ ဖြစ်တတ်ပါတယ်။
၇) မောမောနေတတ်တာနဲ့အတူ နှလုံးအားနည်းတာကြောင့်လည်း ချောင်း ဆိုးချွဲပါတာဖြစ်တတ်ပါတယ်။ အထူးသဖြင့် ချွဲတွေဟာ အမြှုပ်တွေလိုဖြစ်နေ တတ်တာမျိုးဖြစ်ပြီး ဆေးကုသမှုသေချာခံယူဖို့ လိုအပ်ပါတယ်။
၈) တီဘီရောဂါကြောင့် ချောင်းဆိုး၊ ချွဲပါတယ်ဆိုတာ အဖြစ်များပါတယ်။ ဒါ့အပြင် ညနေဘက်မှာ ကိုယ်ငွေ့ငွေ့ပူနေတတ်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းနဲ့ ညအိပ်လျှင် ချွေးစီးများပြန်နေ တတ်ခြင်း စတဲ့လက္ခဏာတွေလည်းရှိမယ်၊ ပတ်ဝန်းကျင်မှာ တီဘီဆေးစား နေရသူလည်းရှိမယ်ဆိုရင် တီဘီအတွက်ကိုသတိထားစစ်ကြည့်သင့်ပါတယ်။ (ဒါကိုတော့ သက်ဆိုင်ရာဆရာဝန်ကနေ ညွှန်ကြားပေးပါလိမ့်မယ်)
ဒီလောက်ဆိုရင်တော့ ချောင်းဆိုး၊ ချွဲပါတယ်ဆိုတဲ့ ဖြစ်နိုင်ခြေ တွေနဲ့ပတ်သက်ပြီး အကြမ်းဖျင်းမျှ သိလောက်ပြီလို့ထင်ပါတယ်။ နိဂုံးချုပ် အားဖြင့်ဆိုချင်တာကတော့ ချောင်းဆိုးတာသုံးပတ်ကျော်ပြီ၊ ဒါမှမဟုတ် မကြာခဏပြန်ပြန်ပြီး ချောင်းဆိုးနေတတ်တယ်ဆိုရင်တော့ နားလည်တတ် ကျွမ်းသူများနဲ့ သေချာပြသစစ်ဆေးဖို့ကို တိုက်တွန်းချင်ပါတယ်။ သက် ဆိုင်ရာရောဂါများအလိုက် ကုထုံးများပြောင်းလဲတာကြောင့် သာမန်ချောင်း ဆိုးပျောက်ဆေးများနဲ့ ကုသတိုင်း မပျောက်နိုင်တာမို့ လိုအပ်သလိုဆေး ကုသမှုခံယူနိုင်စေရန် အကြံပြုရင်း နိဂုံးချုပ်လိုက်ရပါကြောင်း။
(Flower News Journal, 11-3)
"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Tuesday, January 19, 2016
ချောင်းဆိုးခြင်း
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...

No comments:
Post a Comment