လွန်ခဲ့သောနှစ်ပေါင်း{၂၄၀၀}ကျော်က
တောဖုံးပျောက်ကွယ်ခဲ့သော
ကျိုက်ထီးရိုးစေတီတော်ကို
ဘယ်လိုစတင်တွေ့ရှိခဲ့တာလဲ.....
တိဿရသေ့နှင့် သိကြားမင်းတည်ထား
ခဲ့သော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ
တည်ရှိခဲ့သည်မှာ နှစ်ပေါင်း{၂၅၀၀}
ကျော် ကြာမြင့်ခဲ့ပြီဟု
စစ်ကဲတော်မင်း မောင်ရွှေနော်ရေး
မွန်ရာဇ၀င်အရသိရပါသည်....။
ကျိုက်ထီးရိုးစေတီသည် မွန်ပြည်နယ်
ကျိုက်ထိုမြို့မြောက်ဘက်
{၁၆}မိုင်အကွာရှိ တောင်မြင့်ကုန်း
ပေါ်တွင်တည်ထားပါသည်။
ပေါင်းလောင်းတောင်၏ တောင်ထွတ်
တစ်ခုဖြစ်၍ လုံးတင်တောင်ဟု
ခေါ်ရာမှ ကျိုက်ထီးရိုးစေတီကိုအစွဲ
ပြု၍ ကျိုက်ထီးရိုးတောင်ဟုခေါ်တွင်
ခဲ့ကြတယ်လို့သိရပါသည်။
ပင်လယ်ပြင်အထက်ပေပေါင်း
{၃၆၀၀}ခန့်မြင့်သည်။
ကြီးမား၍မက်စောက်သော
ကျောက်တောင်တစ်ခု၏ အစွန်းတွင်
ပြုတ်ကျလုနီးပါး တင်နေသည်။
ကျောက်တုံးကြီးသည် လုံးပတ်ပေ
{၅၂}ပေခန့်ရှိသည်။
နှမ်းပတ်ကျောက်အမျိုးအစား
ကျောက်တုံးကြီးသည် စေတီတော်
အပါအ၀င် တန်ချိန်{၆၀၀}ခန့်ရှိမည်
ဟုခန့်မှန်းရပါသည်။
ကျောက်တုံးပေါ်တွင် စေတီတစ်ဆူ
တည်ထားသည်။
ဥာဏ်တော်{၁၅}ပေခန့်မြင့်သည်။
ကင်ပွန်းစခန်းမှ ကျိုက်ထီးရိုးရင်ပြင်
တော်အထိ {၇}မိုင်ခန့်ဝေးသည်ဟု
သိရပါသည်။
ကျိုက်ထီးရိုးဟူသောအမည်မှာ
ကျာ-ဣသိ-ယိုင်း-ဟူသည့်
မွန်စကားမှဆင်းသက်လာတယ်လို့
သိရပါတယ်။
အဓိပ္ပါယ်မှာ=ကျာ်=ဘုရား-
ဣသိ-ရသေ့-ယိုင်း=ရွက်သည်
ရသေ့ဦးခေါင်းဖြင့်ရွက်ထားသော
ဘုရားဟုအဓိပ္ပါယ်ရပါသည်။
ထိုမှတစ်ဆင့် ကျိုက်ထီးရိုးဘုရား
ဟု ရွေ့လျှော့လာတယ်လို့ဆိုပါတယ်
စေတီတော်ကြီးတည်ထားပြီးနောက်
နှစ်ပေါင်းများစွာတောဖုံးပျောက်ကွယ်
ခဲ့သည်ဟုသိရပါသည်။
နှစ်ပေါင်း{၂၄၀၀}ကျော်မျှ
ကျိုက်ထီးရိုးစေတီတည်ရှိနေကြောင်း
တွေ့မြင်သိရှိသူမရှိခဲ့ဘူးလို့သိရပါတယ်။
ခရစ်နှစ် {၁၈၂၃}ခုနှစ်
ဘကြီးတော်ဘုရားလက်ထက်
ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲမဖြစ်ပွားမီ
တစ်နှစ်မျှအလိုတွင်
စစ်တောင်းမြို့ဝန် "မင်လှသင်္ခသူ"
သည် ဆင်ပစ်ရန်တောလယ်ထွက်ရင်း
တောဖုံးပျောက်ကွယ်သွားခဲ့သော
ကျိုက်ထီးရိုးစေတီတော်ကို
ပြန်လည်တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
ထိုစဉ်က
ကျောက်တုံးကြီးပေါ်မှစေတီ၏
ဥာဏ်တော်မှာ {၃}တောင်မျှသာ
မြင့်သည်ဟုဆိုပါတယ်။
စစ်တောင်းမြို့ဝန် မင်လှသင်္ခသူ
တွေ့ရှိခဲ့သော ကျိုက်ထီးရိုးစေတီ
တော်ကို ပြန်လည်တွေ့ရှိခဲ့သည့်နှစ်
မှာပင် စေတီတော်လေးကိုငုံလျှက်
ဥာဏ်တော် {၁၅}ရှိ
စေတီတော်သစ်ကိုတည်ခဲ့လေသည်
စစ်တောင်းမြို့မှ စေတီအရောက်
လမ်းပေါက်ခဲ့သည်
နှစ်စဉ်နတ်တော်လရောက်တိုင်း
ပွဲတော်ကျင်းပလာခဲ့သည်ဟု
သိရပါသည်.......။
ပုံတော်ကိုမှန်းကြည့်ရင်သိနိုင်မယ်
လို့ထင်ပါတယ်
ဗဟုသုတ မှတ်စု မန္တလေး
၂၆.၁၂.၂၀၁၅ စနေနေ့
အမှတ်တရ
"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Monday, January 4, 2016
ကျိုက်ထီးရိုးစေတီ
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...
No comments:
Post a Comment