ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Tuesday, December 29, 2015

လေဖြတ်ခြင်း

သင်သည်စာကို Share ပေးပါက
----------------------------
အသက်တစ်ချောင်းကို
--------------------
ကယ်တင်နိုင်မည်ဖြစ်ကြောင်း
---------------------------
လေဖြတ်ထားခြင်း ရှိမရှိ သင်ဘယ်လို သိနိုင်မလဲ
★**************************************★

အသားကင်ဆိုင် တစ်ဆိုင်တွင် အမျိုးသမီး တစ်ဦး ချော်လဲကျသည်။ ဖိနပ် အသစ်ဆီးလာ၍ ချော်လဲကျ တာပါဟုပင် သူမကပြောလိုက်သေးသည်။ သူမက အဝတ်စားတွင်ကပ်နေသော ဖုန်များကိုခါ၍ သန့်ရှင်းလုပ်ပီး ပန်းကန် တစ်ချက်ယူကာ ညနေစာ စာသည်။

သူမကို ကြည့်ရသည်မှာ တစ်ညနေလုံးအေးအေးဆေးဆေးပါ။ ညနေခြောက်နာရီ ရောက်တော့ သူမ အမျိုးသားက အသားကင်ဆိုင်ကို ဖုန်းဆက်သည်။ ညနေ ခြောက်နာရီမှာ သူမ ဆုံးပါးသွားပါသည် ဟူ၍။

ဆရာဝန်၏ အဆိုအရ လေဖြတ်ခြင်းကြောင့် သူမ လဲကျသွားခဲ့ခြင်း ဖြစ်ပီး (၃)နာရီးအတွင်း ဆေးရုံ သို့ရောက်ရှိလာပါက အသက်မသေအောင် ကယ်ဆယ်နိုင်သည်ဟု ဆိုသည်။

သို့ဆိုလျှင် အချိန်မှီ ကယ်တင်နိုင်ရန် လူတစ်ဦး လေဖြတ်မဖြတ် ဘယ်လို သိရှိနိုင်မည်လဲ။

ဦးနှောက်နှင် အာရုံကြော ဆရာဝန်များက အဆင့် သုံးဆင့် ၃ ဆင့်ပါဝင်သော စမ်းသပ် နည်းတစ်ခု တည်ထွင်ထားသည်။

၁. S- Smile. ဒဏ်ရာရသူကို လေဖြတ်မဖြတ် သိရှိနိုင်ရန် ပြုံးခိုင်းပါ။

၂. T- Talk. ဝါကျ တစ်ခုကို သဒ္ဒါ မှန်မှန် ၊ ယုတ်တိကျကျ ပြေခိုင်းပါ။
ဥပမာ။ ။ ယနေ့ နေသာသည်။

၃.R- Raise Both Arms.လူနာကို လက်နှစ်ဖက်လုံ မြှောင့်ခိုင်းပါ။

အထက်ပါစမ်းသပ်မူ ၃ ခုအနက် တစ်ခုခု မလုပ်နိုက်ပါက ဆေးရုံသု ချက်ချင်းပို့ပါ။

ထိုနည်းများနှင့် စမ်းသပ်၍ မသေချာပါက လူနာကို လျှာထုတ်ခိုင်းပါ။ လျှာလိပ်နေလျှင်ဖြစ်စေ၊ လျှာ တစ်ဖက်ဖက်သို့ စောင်းနေလျှင်ဖြစ်စေ လေဖြတ်နေခြင်း ဖြစ်နိုင်သည်။

အထက်ပါ နည်းလမ်းများကို သိထားသူမှ လူ ၁၀ ဦးအားမျှဝေပေးပါက အနည်းဆုံး လူတစ်ဦး၏ အသက်အား ကယ်တင်နိုင်မည်ဟု ဆရာဝန်မှ တိုက်တွန်းထားသည်။

ကျမ်းမာခြင်း သည် လတ်တပါး


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

AnnMariya Kalippilaanu (2016) Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)

  AnnMariya Kalippilaanu (2016)  Pilla Rakshasi (2016) (ဇာတ်ကား🖊 တွေး၊ညွှန်း)  . လေးတန်းကျောင်းသူလေးက သူတို့ကာယဆရာကိုရိုက်ဖို့ လူမိုက်ငှား...

အထူး