`` စဉ်းစားဆင်ခြင်မှုကို နောက်မှာထားပြီး လုပ်ချင်တာတစ်ခုကို ခံစားချက်အလျောက် လုပ်လိုက်တဲ့အပြုအမူတွေက မှားတတ်ကြတာပေါ့ ´´
#ဂျူး
Q. အသိဉာဏ်ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုချင်ပါသလဲ ဆရာမ။
A. အသိဉာဏ်ဆိုတာကို လူအမျိုးမျိုးကတော့ အဓိပ္ပာယ်အမျိုးမျိုး
ကောက်ကြမှာပေါ့။ အသိဉာဏ်ဆိုတော့ အသိလည်းပါတယ်။ ဉာဏ်လည်းပါတယ်။
ဆရာမအနေနဲ့ကတော့ အသိဉာဏ်ဆိုတာ အကောင်းအဆိုး၊ အကျိုးအပြစ်၊ အမှားအမှန်ကို
ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်ကို အသိဉာဏ်လို့ထင်တယ်။
ထားပါတော့၊ ဒီလမ်းကိုသွားရင် အန္တရာယ်ရှိတယ်ဆိုတာမျိုးကို အန္တရာယ်မကြုံခင်မှာ မှန်းဆပြီးတော့ အရိပ်အမြွက်တွေ့ကတည်းက ဒါကိုရှောင်နိုင်အောင် သိနိုင်တဲ့အသိကို အသိဉာဏ်လို့ထင်တယ်။
တချို့ကတော့ အသိဉာဏ်ဟာ ပညာပါပဲလို့လည်း ပြောနိုင်တယ်။ ပညာဆိုတာလည်း အသိဉာဏ်ပဲ။ ပါဠိစကားနဲ့ဆိုရင် ၀ိဇ္ဇာပေါ့။ ၀ိဇ္ဇာနဲ့ အ၀ိဇ္ဇာဆိုတာရှိတယ်။ အ၀ိဇ္ဇာဆိုတာ မသိမှု၊ ၀ိဇ္ဇာဆိုတာက သိမှုပါ။ အဲဒီသိမှုဆိုတာကလည်း အသိဉာဏ်ပဲ။ ပညာဆိုတာလည်း အသိဉာဏ်ပါပဲ။
Q. အသိဉာဏ်က လူတစ်ယောက်ရဲ့ဘ၀မှာ ဘယ်လောက်အထိ အရေးကြီးပါသလဲဆရာမ။
A. အသိဉာဏ်က လူတစ်ယောက်ရဲ့ဘ၀မှာ သေရေးရှင်ရေးလောက် အရေးကြီးတာပေါ့။ အသိဉာဏ်မရှိတဲ့သူ ဒါမှမဟုတ် အသိဉာဏ်နည်းတဲ့သူဟာ လမ်းမှားကိုလိုက်သွားတတ်တယ်။ လမ်းမှားတွေမှာ ပြန်လှည့်လာလို့ရတဲ့ လမ်းမှားရှိတယ်။ ပြန်လှည့်လာလို့မရတဲ့ လမ်းမှားရှိတယ်။ ပြန်နုတ်လို့ရတဲ့ ခြေလှမ်းမျိုးရှိတယ်။ ပြန်နုတ်လို့မရတဲ့ ခြေလှမ်းမျိုးရှိတယ်ဆိုတော့ အသိဉာဏ်ဟာ သေရေးရှင်ရေးတမျှကိုပဲ အရေးကြီးပါတယ်။ မှားသွားရင် ဒီတစ်ဘ၀စာသာမက တမလွန်အထိ နောင်သံသရာထိပါ အကျိုးဆက်ကို ခံရမယ်ဆိုတာ ဗုဒ္ဓဘာသာမှာ ဆုံးမထားတယ်။
Q. လူငယ်ဘ၀မှာ လမ်းမှားရောက်စေတဲ့ အများဆုံးအကြောင်းရင်းက ဘာဖြစ်နိုင်ပါသလဲဆရာမ။
A. လူငယ်ဆိုတာက လက်တည့်စမ်းချင်ကြတယ်။ လေ့လာစူးစမ်းချင်တာက လူငယ်တွေရဲ့သဘာဝပဲ။ အကောင်းဘက်ကတွေးရင်တော့ Curiosity ပေါ့။ စူးစမ်းလေ့လာချင်တာပေါ့။ ဘာကိုမဆို ဥပမာ မီးဆိုလည်း ဒီမီးကျီးခဲလေးကို လှတယ်လို့တွေးပြီး ကိုင်ကြည့်ချင်မိမယ်။ စူးစမ်းလေ့လာမှုဆိုတာ တကယ်တော့ တန်ဖိုးကြီးပါတယ်။ ဒါပေမဲ့ အဲဒီစူးစမ်းလေ့လာမှုကနေပြီးတော့ လက်တည့်စမ်းချင်တဲ့အခါကျတော့ အဲဒါကို အသိဉာဏ်ဆိုတာနဲ့ ထိန်းချုပ်မထားခဲ့ရင် အမှားတွေ လုပ်မိနိုင်တယ်။ အသိဉာဏ်ဆိုတာမှာလည်း ၁၀နှစ်အရွယ်ကလေးက ၁၀နှစ်အသိဉာဏ်ပေါ့။ ၁၅နှစ်အရွယ်ကလေးက ၁၅ နှစ်အသိဉာဏ်ပေါ့။ သူ့အရွယ်နဲ့သူ အသိဉာဏ်လေးတွေရှိတယ်။ လူငယ်တွေမှာ လမ်းမှားလိုက်တာက အဲဒီအရွယ်လောက်မှာရှိတဲ့အသိဉာဏ်နဲ့ အရာရာကို သူတို့က လူကြီးသူမရဲ့ ဆိုဆုံးမမှုမပါတော့ဘဲနဲ့ ကိုယ့်ကိုယ်ပိုင်အတွေးနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ငါကတော့ ဒါလုပ်သင့်တယ်ဆိုတာမျိုး တစ်ထစ်ချဆုံးဖြတ်လိုက်ပြီးတော့ အဲဒီအတိုင်း လုပ်လိုက်မိတာပေါ့။
ဒါကို ပြန်စဉ်းစားရမယ်။
အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် ပြန်စဉ်းစားဖို့လိုတယ်။ စိတ်လိုက်မာန်ပါလုပ်လိုက်တယ်ဆိုရင် လမ်းမှားကိုရောက်သွားနိုင်တယ်။ လူငယ်ရော လူကြီးရောပါပဲ။ အမှားအများဆုံးဖြစ်စေတဲ့အကြောင်းက စဉ်းစားဆင်ခြင်မှုကို နောက်မှာထားပြီး လုပ်ချင်တာတစ်ခုကို ခံစားချက်အလျောက် လုပ်လိုက်တဲ့အပြုအမူတွေက မှားတတ်ကြတာပေါ့။ လူတွေကို လမ်းကြောင်းလွဲစေတဲ့အကြောင်းအရာက အမျိုးမျိုးရှိတယ်။ အများကြီးရှိတယ်။ အခြေခံအားဖြင့်ဆိုရင် အဆိုးအကောင်း၊ အကျိုးအကြောင်းကို စဉ်းစားဖို့အချိန်မပေးတော့ဘဲနဲ့ လုပ်ချင်တာလေးတစ်ခုကို စိတ်လိုက်မာန်ပါလုပ်လိုက်မိတတ်တယ်။
ဒါကြောင့် နေရာတိုင်းမှာ အသိဉာဏ်က လိုအပ်တယ်။
" အသိဉာဏ်က လူတစ်ယောက်ရဲ့ဘ၀မှာ သေရေးရှင်ရေးလောက် အရေးကြီးတယ်ဆိုတဲ့ ဆရာမဂျူးနှင့်တွေ့ဆုံခြင်း " အင်တာဗျူးဆောင်းပါးမှ ကောက်နုတ်ချက်
#လူငယ်နှင့်အသိဥာဏ်
Eternal Light Magazine
"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Wednesday, December 30, 2015
ဂ်ဴး
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...
No comments:
Post a Comment