ကြေးခေတ်ဆိုသည်မှာ ကြေးနီ၊ သံဖြူအပါအဝင် သတ္တုထည်များအား စနစ်တကျ ကျယ်ကျယ်ပျံ့ပျံ့ အသုံးပြုကြသည့် ခေတ်ကာလဟု ပညာရှင်များသုံသပ်သည်
လွန်ခဲ့သောနှစ်ပေါင်း ၄၅၀၀ မှ ၅၅၀၀ အတွင်းကာလာ
မြတ်ဗုဒ္ဓမမွေးဖွားမီ နှစ်ပေါင်း ၂၀၀၀ မှ ၃၀၀၀ အတွင်းကာလ
ခရစ်မပေါ်မီ နှစ် ၂၅၀၀ မှ ၃၅၀၀ အကြား ခေတ်ကာလဟု အပိုင်းအခြားပြုကြသည်
ထိုင်းနိုင်ငံ ဘန်ချိုင်းဒေသ၌ တူးဖော်တွေ့ရှိခဲ့သည့် ကြေးခေတ်ဆိုင်ရာ အထောက်အထားများက ထိုင်းနိုင်ငံတွင် လွန်ခဲ့သော ဘီစီ ၄၀ဝ၀ ခန့်က ကြေးခေတ် ပေါ်ထွန်းခဲ့သည်ဟု မှတ်ချက်ပြုကြပြီး နယ်မြေ ချင်းဆက်စပ်နေသည့် မြန်မာနိုင်ငံတွင်လည်း ကြေးခေတ်ထွန်းကားနိုင်ကြောင်း ကောက်ချက် ချခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ရှမ်းပြည် နယ်တောင်ပိုင်း၊ မြောက်ပိုင်းနှင့် မကွေးတိုင်း၌ ကြေးလက်နက် အသုံးအဆောင်များ တွေ့ရှိခဲ့၍ ဖြစ်သည်။
၁၉၉၈ ခုနှစ်သည် မြန်မာနိုင်ငံတွင် ကြေး ခေတ်ယဉ်ကျေးမှုထွန်းကားခဲ့ကြောင်း အခိုင် အမာတင်ပြနိုင်သောနှစ်ဖြစ်ခဲ့သည်။ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ညောင်ကန်ရွာအနောက်ဘက်၌ ကြေးခေတ် ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများအား ခိုင်ခိုင်မာမာ တူးဖော်တွေ့ရှိခဲ့၍ဖြစ်ပါသည်။ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ တက္ကသိုလ် များမှ ပညာရှင်များနှင့် နိုင်ငံတကာမှ ပညာ ရှင်များက လေ့လာသုံးသပ်ပြီး စည်းဝေးဆုံး ဖြတ်ချက်အရ တူးဖော်တွေ့ရှိရသော အထောက် အထားများမှာ မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ဝ မှ ၃၀ဝ၀ အတွင်း ကြေးခေတ် ယဉ်ကျေး မှုထွန်းကားခဲ့သည်ဟု တရားဝင်ပြော ကြားခဲ့ပါသည်။
ညောင်ကန်
................
ညောင်ကန်ရွာသည် ဘုတလင်-ညောင်ကန်-ကန္နီကားလမ်းမပေါ်မှာရှိပြီး ဘုတလင်မှ ခုနစ် မိုင်ခန့်ဝေးသည်
ညောင်ကန်ရွာကြီး စတည်သောအခါ မဟာဗောဓိညောင်ပင်ကြီးနှင့် ရေကန်ကြီးကို တွေ့ရ၍ ညောင်ကန်ဟု အမည်တွင်ခဲ့ပါသည်
ထေရဝါဒဗုဒ္ဓသာသနာ၌ ဗုဓ်အစ၊ ဗုဓ် အလယ်၊ ဗုဓ်အဆုံးဟူ၍ ဗုဓ်သုံးဗုဓ်ရှိခဲ့ရာ
ဗုဓ်အစဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်
ဗုဓ် အလယ်ဆိုသည်မှာ အေဒီငါးရာစုအတွင်း အိန္ဒိယမှ သီဟိုဠ်ကျွန်းသြွို့ကချီပြီး အဋ္ဌကထာ များ ရေးသားခဲ့သော ရှင်မဟာဗုဒ္ဓဃောသ
ဗုဓ်အဆုံးမှာ ကုန်းဘောင်မင်းဆက် ဘကြီးတော် စစ်ကိုင်းမင်းလက်ထက် အဋ္ဌကထာကျမ်းပြု အကျော်
ဆရာတော်ဦးဗုဓ် မွေးဖွားခဲ့ရာဇာတိ ဖြစ်သည်
ကြေးခေတ်ရုပ်ကြွင်းများ
...............................
ရှင်မချောက်အနီးတွင် ရှေးဟောင်းသုတေသနဦးစီးဌာနမှ တူးဖော်ထိန်း သိမ်းစောင့်ရှောက်ထားသော မြန်မာ့ကြေး ခေတ်သင်္ချိုင်းဟောင်းနေရာရှိသည်
ကြေးခေတ်လူရုပ်ကြွင်းများ နှင့် မြေအိုးမြေခွက်တွေသာမက အရိုးစုများ၏နံဘေးတွင် ကြေးလှံသွား၊ ကြေးမြား၊ ကြေး ပုဆိန်များ၊ ကျောက်ကွင်း၊ ကျောက်လက်နက်၊ ကျောက်ပုတီးစေ့များကိုပါ တွေ့ရှိခဲ့သည်
လူ့အရိုးစုကြီးများသည် ကြီးမားရှည်လျားကာ မြောက်အရပ်သို့ ဦးခေါင်းပြုပြီး မြှုပ်နှံထား သည်ကိုတွေ့ရ၏။ တူးဖော်တွေ့ရှိရသည့် ငါးနေရာအား အဆောက်အအုံ ငါးလုံးဆောက် လုပ်ပြီး စည်းရိုးကာရံ၍ ထိန်းသိမ်းထားပါသည်။
နိုင်ငံခြားသားပညာရှင် အများအပြားလာရောက် လေ့လာကြပြီး မြန်မာနိုင်ငံတွင် ကျောက်ခေတ် နှောင်းမှ ကြေးခေတ်သို့ ကူးပြောင်းရောက်ရှိ ခဲ့သည်ဟု အတည်ပြုခဲ့ပါသည်
သန်းထွန်းလေး (အင်းတဲရွာ)
အောင်ညီကို ရွှေထည်စက်ဖြတ်နှင့်ရွှေပန်းထိမ်လုပ်ငန်း
"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Wednesday, June 24, 2020
ညောင်ကန်မှကြေးခေတ်သို့
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...
No comments:
Post a Comment