ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Wednesday, September 2, 2026

ဂန္ထဝင် ရှင်းတမ်း


 ဂန္ထဝင်ရှင်းတမ်း

ဒီဝေါဟာရနဲ့ပတ်သက်ပြီး ပထမဆုံးအနေနဲ့ ရေးထုံးကိုအရင်ရှင်းရလိမ့်မယ်ထင်တယ် 


ဆရာမဂျုး စီစဉ်ပြီး ပန်တျာဌေးဌေးမြင့်တို့ ‌ရွှေမန်းသူမြင့်မြင့်သန်းတို့ ငွေလကြယ်စင် အငြိမ့်ဂန္ထဝင် ဆိုတဲ့အငြိမ့်ကကြတော့ 


မန္တလေးကလူရွှင်တော်ကြီး ဦးချစ်စရာလား 

ဦးထင်ပေါ်လားမသိ 


တဝမ်းပူနဲ့ ဂန္တဝင်ကမှန်လား

ထဆင်ထူးနဲ့ ဂန္ထဝင်ကမှန်လား

ဓအောက်ခြိုက်နဲ့ ဂန္ဓဝင်ကမှန်လား

ဒဒွေးနဲ့ ဂန္ဒဝင်ကမှန်လားဆိုပြီး ပြက်လုံးထုတ်တာမှတ်မိသေးတယ်

______________________


Google မှာရှာကြည့်တော့ ပါဠိ ဂန္ထဝံသကနေလာတယ်လို့ဆိုတယ် ဒါပေမယ့် ပါဠိအဘိဓါန်မှာ ဒီလို ဂန္ထဝံသ ရယ်လို့ စာလုံးအတွဲလိုက်မတွေ့ဖူးဘူး (မတွေ့သေးတာလည်း ဖြစ်နိုင်ပါတယ်)


ဂန္ထပုဒ် နဲ့ ဝံသပုဒ် သပ်သပ်စီတော့ရှိတယ်


ဂန္ထဆိုတာက 

ကျမ်းဂမ် ခုခေတ်ဆိုရင် စာပေပေါ့

နှုတ်ငုံဆောင်နိုင်တာကိုလည်းသုံးသလို

ဖန်တီးရေးစပ်တာကိုလည်း‌သုံးတယ်


ဝံသ ဆိုတာက အမျိုးအနွယ် အဆက်အနွယ် 

______________________


ဟိုး ..အရင် ကိုလိုနီခေတ်နှောင်းပိုင်း လွတ်လပ်ရေးလှုပ်ရှားကြစဉ်က 💥ဂန္ထလောက ဆိုပြီ မဂ္ဂဇင်းထွက်ခဲ့ဖူးတယ်ဟုတ် 


ဒါကိုမြန်မာပြန်ကြည့်ရင်

ဂန္ထဆိုတာက စာပေ

လောကဆိုတာက တစုံတခုနဲ့ဆက်စပ်တဲ့နယ်ပယ် အသိုင်းအဝိုင်း


ဒီတော့ စာပေလောကလို့လည်း ယူလို့ရနိုင်သလို 

စာပေနယ်ပယ်ဆိုလည်းမမှားပေါ့

______________________


ဒီတော့ ဒီစကားလုံးကို တကယ့်တကယ်စိစစ်ရင် 


ပါဠိလို ဂန္ထဆိုတာက ကျမ်းဂမ် စာပေကိုပဲ‌ခေါ်တာမို့ စာပေလောကနဲ့သာသက်ဆိုင်တဲ့ စာပေလောကရဲ့မူပိုင်စကားလုံးဖြစ်နေမလာဗျနော်


ဒီတော့

ဂန္ထဝင်အဆိုတော်ကြီးတို့

ဂန္ထဝင်သရုပ်ဆောင်ကြီးတို့

ဂန္ထဝင်အကပညာရှင်ကြီးတို့ဆိုတာတွေက မှားများနေလေမလားမသိ 🤔

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Myanmar dictionary app အညွှန်း

  https://play.google.com/store/apps/details?id=mm.technomation.ka_aha_dictionary

အထူး