မီဒီယာကိုအသုံးချလို့ အာရုံလှည့်စားမှု စိတ်ဓါတ်စစ်ဆင်ရေး
____________________
((ဘောလုံးသမားတယောက်ကြောင့် တကမ္ဘာလုံးက ကလေးတွေအရိုက်ခံရတဲ့ဖြစ်ရပ်))
____________________
ယခုကာလ အာဏာရှင်က သူ့ရဲ့လက်ကိုင်ဒုတ်တွေကိုအသုံးချလို့ ပြည်သူအချို့နဲ့နိုင်ငံတကာကို ဝေဝါးအောင် တော်လှန်ရေးက အာရုံလွှဲအောင်ပြုတာမျိုးမြင်ရတော့ အတိတ်တချိန်က ဘောလုံးသမားတယောက်ရဲ့ အာရုံလှည့်စားမှုဖြစ်ရပ်ကလေး စိတ်ထဲရောက်လာတယ်
သူကတော့အကောင်းဖက်က အသုံးချပြီး အနိုင်ယူသွားတာပါ
____________________
ကျွန်တော်တို့ငယ်ငယ်က ဘောလုံးကမ္ဘာမှာ မင်းသားတွေကအများသားဗျ
ကလပ်အသင်းတိုင်းမှာလည်း အထိမခံနိုင်တဲ့ရွှေပန်းကန်းလိုကစားသမား အနည်းဆုံးတယောက်စီတော့ပိုင်ဆိုင်ခဲ့ကြတယ်
ဒီထဲကမှ စပိန်နိုင်ငံထဲက ကမ္ဘာကျော်အင်အားကြီးကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ၂၀၀၄ ခုနှစ်လောက်က ကြယ်စင်စုအသင်း (galacticos) စီမံကိန်းဆိုပြီး နေရာတိုင်းမှာ တကယ့်ဒိတ်ဒိတ်ကြဲ အကောင်းဆုံးအအောင်မြင်ဆုံး ကစားသမားတွေကို ကြေးမရှောင်ခေါ်ယူဖွဲ့စည်းခဲ့တယ် ထင်သလောက်အောင်မြင်မှုမရခဲ့တာတော့ တကဏ္ဍပေါ့
အဲ့သည်တုန်းက ခုနာမည်ကြီးနေတဲ့ မက်ဆီတို့ ဒိုလေးတို့မပေါ်သေးဘူး သို့တည်းမဟုတ် ပေါ်စပေါ့
ခုပြောမှာက ဒိုလေး အရင်ပေါ်ခဲ့တဲ့ ရော်နယ်ဒို (ဒိုကြီး) နဲ့ပတ်သက်တာ
ခရစ္စတီယာနို ရော်နယ်ဒို ဆိုတဲ့ ကစားသမားလေး နာမည်ကြီးလာချိန်မှာမှ ကွဲပြားအောင် သူ့ကို ဒိုကြီးလို့ခေါ်ကြတာ
အရင်ကတော့ သူ့ကို ရော်နယ်ဒိုလို့ပဲ ခေါ်ကြတာ
၂၀၀၂ ကမ္ဘာ့ဖလားတုန်းက ဘရာဇီနိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းဆိုတာ စောစောကညွှန်းခဲ့တဲ့ ကြယ်စင်စုများစုဝေးရာ ရီးရဲမက်ဒရစ်အသင်းထက် အလုံးကောအရပ်ကော ဘယ်နေရာမှမလျှော့ခဲ့ဘူး နေရာတိုင်းမှာ တကယ့်ဒိတ်ဒိတ်ကြဲတွေချည်းပဲ
ဒီထဲကမှ အားလုံးထက်ပိုလို့ မီဒီယာတွေရဲ့အာရုံစိုက်ခြင်းခံရတာက ကျောနံပါတ် ၉ ဝတ်ဆင်တဲ့ အဓိကတိုက်စစ်မှုး ရော်နယ်ဒို (ဒိုကြီး)
ဖြစ်ချင်တော့ ကမ္ဘာ့ဖလားမစခင်မှာ သူ့ဒူးခေါင်းမှာဒါဏ်ရာပြဿနာပေါ်လာတယ် ဂျာနယ်လစ်တွေကလည်း အမျိုးမျိုးညှောင်ကြတာပေါ့
ဒါဏ်ရာကြောင့် ကမ္ဘာ့ဖလားနဲ့လွဲနိုင်တယ်တို့
ခြေစွမ်းပြဖို့ရုန်းကန်ရနိုင်တယ်တို့
သူ့ဒဏ်ရာကြောင့် ဘရာဇီးဖလားရနိုင်ပါ့မလား စသည်ဖြင့် သတင်းစာရှင်းလင်းပွဲလုပ်တိုင်း ဒီအကြောင်းပဲ မေးကြဖြေနေရတော့ အသင်းရဲ့ပြင်ဆင်မှုနဲ့ အရည်အသွေးထက် သူ့ဒါဏ်ရာသတင်းကိုသာ ပုံကြီးချဲ့နေကြတော့ မီဒီယာတွေရဲ့ အာရုံလွှဲကို တခြားကိုလွှဲပြစ်ဖို့ကြိုးစားခဲ့တယ်
သူ့ရဲ့အားထုတ်မှုက အောင်လည်းအောင်မြင်ခဲ့သလို
အဲ့သည်ကမ္ဘာ့ဖလားမှာ သူ့နိုင်ငံဘရာဇီအသင်းက ဗိုလ်စွဲခဲ့ပါတယ်
သူလုပ်ခဲ့တာက ထူးထူးခြားခြားမဟုတ်ပါဘူး
အဲ့သည်ခေတ်က ကလေးတိုင်းနီးပါး သူ့ကိုတုပြီးလုပ်ကြလွန်းလို့ အရိုက်ခံရသည်အထိဖြစ်ခဲ့ရတဲ့ ကမ္ဘာကျော် လခြမ်းဆံပင်ကေပါ
ဒါက ခုခေတ်ဘောလုံးသမားတွေလို့ ဖက်ရှင်အတွက် အလှသက်သက် မီဒီယာအာရုံစိုက်ခံချင်လို့ ဆံပင်ဆေးဆိုးတာမျိုး တက်တူးထိုးတာမျိုးမဟုတ်ဘဲ သူ့ဒါဏ်ရာအပေါ်သာစိတ်ရောက်နေတဲ့ ကမ္ဘာကြီးတခုလုံးကို လှည့်စားဖို့ တမင်ဖန်တီးသွားတာပါ
ဒီနောက်ပိုင်း ဘယ်သူမှ သူ့ဒါဏ်ရာကိုစိတ်မဝင်စားကြပဲ သူ့ဆံပင်ကေကိုသာ တသသပြန်ပြောနေခဲ့ကြတာ ကနေ့ထက်တိုင်ပေါ့
။
။
။
။
#အရေးတော်ပုံအောင်တော့မည်
#စစ်
အာဏာရှင်မုချအဆုံးသတ်တော့မည်
။
ကိုလေး ☆ အင်းတဲ

No comments:
Post a Comment