ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Friday, July 17, 2026

ရွှေဘိုမိမိကြီး ( ၁၉၂၇-၂၀၁၀)

 

ရွှေဘိုမိမိကြီး ။ နန်းတွင်းသူခိုးနှင့်မိန်းမစိုး
https://t.me/kolay0002/1377

ရွှေဘိုမိမိကြီး ။ ပေစာထုပ်ကြိုးမှ ဆုတောင်းစာများ
။https://t.me/kolay0002/1385

ဝီကီပီးဒီးယား


ရှာဖွေရန်


အသုံးပြုသူ မီနူး

မိမိကြီး၊ ရွှေဘို

ဘာသာစကား

ပီဒီအက်ဖ် ဒေါင်းလုတ်ယူရန်

စောင့်ကြည့်ရန်

ပြင်ဆင်ရန်

ရွှေဘိုမိမိကြီး ( ၁၉၂၇-၂၀၁၀)ကို ရှေ့နေ ဦးသူ၊ ကျောင်းဆရာမ ဒေါ်သန်းတင်တို့က စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့၌ ၁၉၂၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်းငါးဦးအနက် အကြီးဆုံးသမီးဖြစ်ပြီး အမည်ရင်းမှာ ဒေါ်မိမိကြီးဖြစ်သည်။ မင်းလက်ဝါးနှင့် ဒုတိယကတော် ဒေါ်သက်ရှည် (ခေါ်) ဒေါ်ခင်သက်တို့၏ ဒုတိယသား ဦးမောင်မောင်စိုး၏ မြစ်တော်သူဖြစ်သည်။


ရွှေဘိုမိမိကြီးသည် မန္တလေးမြို့ အေဘီအမ် ခရစ်ယာန်သာသနာပြု မိန်းကလေးအထက်တန်းကျောင်း၌ ပညာသင်ယူခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ရှေ့နေ ဦးဖေတင်နှင့် လက်ထပ်ခဲ့ပြီး သားသမီးငါးဦး ထွန်းကားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ဘိုးဘိုးကြီးတော်စပ်သူမင်းလက်ဝါး၏အကြောင်း ရေးသားချင်စိတ်ဖြစ်ပေါ်မိပြီး ကျွန်မသိတဲ့ မင်းလက်ဝါး ဆောင်းပါးကို စတင်ရေးသားခဲ့ရာ မိမိကြီး ကလောင်အမည်ဖြင့် ဩဂုတ်လထုတ် ရှုမဝမဂ္ဂဇင်းတွင် ဖော်ပြခံရသည်။ ၁၉၇၉ ခုနှစ်တွင် ရွှေဘိုမိမိကြီး ကလောင်အမည်ဖြင့် မင်းလက်ဝါး လုံးချင်းစာအုပ်ကို ထုတ်ဝေသည်။ ၁၉၈၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားပြီးအပြန်၌ ဗုဒ္ဓဝင်နေရာတော် နှစ်ဆယ် ဘုရားဖူးမှတ်တမ်း စာမူကို ပြုစုရေးသားသည်။ ထိုစာမူဖြင့် စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် စာပဒေသာတတိယဆုကိုရရှိသည်။ မင်းလက်ဝါးအကြောင်း ဖတ်ရှုလေ့လာခဲ့ရာမှ မင်းလက်ဝါး၏ တူတော်သူလှေသင်းအတွင်းဝန်မင်း ဦးရွှေမောင် အကြောင်းစာအုပ်ကို ၁၉၈၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။


၁၉၈၆ ခုနှစ်တွင် ရွှေဘိုမြို့မှ မန္တလေးမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ပေစာထုပ်ကြိုးမှ ဆုတောင်းစာများ အမည်ဖြင့် စာပေဗိမာန်စာမူဆုပြိုင်ပွဲ၌ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေပထမဆုကို ရရှိခဲ့သည်။ ထိုစာအုပ်ဖြင့် ၁၉၉၃ ခုနှစ်တွင် အမျိုးသား စာပေဆု ချီးမြှင့် ခံရသည်။ ၁၉၉၅ ခုနှစ်တွင် မဟာလူရည်ချွန် ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင် စာမူဖြင့် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် စာပဒေသာ ပထမဆုရရှိခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ပခုက္ကူဦးအုံးဖေ စာပေဆုကို ကုန်းဘောင်ဖြူဝန်းမိုး ကျမ်းစာမူဖြင့် တတိယဆုရရှိခဲ့သည်။ ရွှေဘိုမိမိကြီးသည် လူမှုရေးလုပ်ငန်းအနေဖြင့် မန္တလေးဗြဟ္မစိုရ်အသင်း၏ နာယက အဖြစ် ကွယ်လွန်ချိန်အထိဆောင်ရွက်ခဲ့သည်။


ရွှေဘိုမိမိကြီး၏ အခြားထင်ရှားသော စာအုပ်များမှာ ရွှေဘိုနိဒါန်း(ဦးသန်းထွန်းနှင့်ပူးတွဲ)၊ ရွှေရည်မင်းစံ ဆောင်းပါးများ (၁၉၈၉)၊ ဗုဒ္ဓသာသနာပြုပုဂ္ဂိုလ်ကျော် အနာဂါရိကဓမ္မပါလ (၂၀၀၃)၊ နန်းတွင်းသူခိုးနှင့် မိန်းမဆိုး (၂၀၀၄)၊ သရဖူတို့ရဲ့ သရဖူ (၂၀၀၆)၊ ရွှေပြည်လှေသင်း၊ မင်းလက်ဝါး (၂၀၀၈) စသည့်စာအုပ်များ ဖြစ်သည်။


ရွှေဘိုမိမိကြီးသည်အမှတ်-F ၄၁၊ ရွှေစံပယ်(၃)လမ်း၊ FMI City၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့၌ နေထိုင်ရင်း ၂၀၁၀ ပြည့်နှစ် မေလ ၂ ရက် အသက် ၈၃ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သားသုံးယောက်နှင့် သမီးနှစ်ယောက်ကျန်ရစ်သည်။[၁]


ကိုးကား


Bhonebsmမှ လွန်ခဲ့သော ၅ နှစ် အကြာက နောက်ဆုံး တည်းဖြတ်ခဲ့သည်

ဝီကီပီးဒီးယား

Wikimedia Foundation

Powered by MediaWiki

စာမျက်နှာကို Parsoid ဖြင့် လုပ်ဆောင်ထားပါသည်။

အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။

ကိုယ်ပိုင်ရေးရာ မူဝါဒ ကျင့်ဝတ်စည်းမျဉ်း ဆော့ဖ်ဝဲလ်တီထွင်ရေးသားသူများ စာရင်းအင်း ကွတ်ကီး ထုတ်ပြန်ချက် အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ စားပွဲတင်ကွန်ပျူတာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး