သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, March 17, 2026

ဒို့ခေတ်ယူကျုချန်နယ် နှင့် အတွေးစ


 ဒို့ခေတ်ယူကျုချန်နယ် နှင့် အတွေးစ

.

ဒို့ခေတ်ရဲ့စာဖတ်သူတွေရဲ့ တင်ဆက်မှုတွေနားထောင်ပြီး 

#ဂျန်ဗီကပူးရ် ရဲ့လေသူရဲဇာတ်ကားထဲက ပြောစကားလေးတခုသွားသတိရတယ်


ထိုကားမှာသူမက လေယာဉ်မောင်းဝါသနာပါတာကြောင့် ကြိုးစားပေမယ့် သင်တန်းစာရိတ်တွေကသိပ်ကြီးမြင့်လွန်းတာကြောင့် ဘယ်လိုမှ‌ငွေကြေးမတတ်နိုင်ဘူးဖြစ်နေတယ်တယ်


ဒီအခိုက်မှာ လေတပ်ကအမျိုးသမီးပိုင်းလော့တွေစတင်လက်ခံတာနဲ့ကြုံလာတော့ ဝင်လျှောက်ရာက လေယာဉ်မှူးဖြစ်လာတယ်ပေါ့ ကြားထဲမှာအခက်အခဲအဆင့်ဆင့်ဖြစ်ရတာတွေကတော့ထားပါ ခုပြောလိုတာက အဲ့ဒါမှမဟုတ်ဘဲကို


အဲဒီမှာ လေယာဉ်မှူးဖြစ်လာတော့ သူမမှာမလုံမလဲဖြစ်စရာအတွေးတခုကဝင်လာတယ်


ဘာလဲဆိုတော့ လေယာဉ်မှူးခေါ်စာမှာပါတာက တိုင်းပြည်ကိုတကယ်ချစ်တဲ့ အမိတိုင်းပြည်ကိုကာကွယ်ပေးလိုတဲ့ တိုင်းချစ်ပြည်ချစ် သမီးကောင်းတွေကို နိုင်ငံတော်ကအလိုရှိပါတယ်လို့ဆိုတာကိုး


သူမက လေတပ်ဝင်တယ်ဆိုတာ တိုင်ပြည်ချစ်လို့ရယ်လို့လည်းမဟုတ် ကာကွယ်ပေးချင်တယ်ဘာညာရယ်လိုလဲမဟုတ်ဘဲ လေယာဉ်မောင်းချင်တာသက်သက်ဖြစ်နေတာကိုး


ဒီအတွေးတွေကြောင့် လိပ်ပြာမလုံနိုင်ဘဲ အိပ်မရတဲ့ညတွေများလာတဲ့အချိန် သူမအဖေကိုဖွင့်ဟပြောပြချိန်မှာ 


#အသက်စွန့်ဝံ့တာ #လက်သီးလက်မောင်းတန်းလို့ချစ်ပြသူတွေကိုပဲနိုင်ငံချစ်သူလို့သတ်မုတ်လို့မရဘူး #အဲ့လိုလူတွေနဲ့ချည်းလည်းနိုင်ငံကိုကာကွယ်ဖို့တည်ဆောက်ဖို့ဆိုတာဖြစ်နိုင်ခဲတယ်တဲ့


ကိုယ်ကျရာတာဝန် ကိုယ်ရောက်ရာကဏ္ဍမှာ အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်တာ ပိုကောင်းအောင်အားထုတ်တာလည်း ကိုယ့်အသိုင်းအဝိုင်း ကိုယ့်ဝန်းကျင်ကစလို့ နိုင်ငံအတွက်ကဏ္ဍတခုတိုးတက်စေတာမို့ ဒါလည်းတိုင်းပြည်ချစ်တာပါပဲ တိုင်းပြုပြည်လုပ်ဆောင်တာပဲ နိုင်ငံကိုမြှင့်တင်တာပဲ ကာကွယ်တာပဲတဲ့


သမီးတိုင်းပြည်ချစ်သူဖြစ်ချင်လား အတော်ဆုံးလေယာဉ်မှူးဖြစ်အောင်လုပ်ပေါ့တဲ့


ကိုယ်လည်း ဒို့ခေတ်ကတင်ဆက်တဲ့အသံစာအုပ်တွေနားထောင်ရတိုင်း ဒီအကြောင်းလေးအမြဲသတိရမိတယ် live လွှင့်တိုင်းမှာ နွားကျောင်းသားအမြဲပြောတတ်တာလေးကလည်း ဒီသဘောလို့ထင်တယ် 


#ကျွန်တော်စာဖတ်ချိန်မှာတော်လှန်ဖို့ဘာဖို့ညာဖို့ဒီစိတ်တွေမရှိဘာဘူးတဲ့ 

#လုပ်ချင်တာကိုလုပ်နေတာကိုအကောင်းဆုံးဖြစ်အောင်လုပ်နေတာပါပဲတဲ့


သာမန်အားဖြင့်တော့ အသံတင်ဆက်တာတွေက အသံကောင်းဖို့ စာပီဖို့ အဖြတ်အရပ်ကျနဖို့ ပီသဖို့ ကြည်မြဖို့ကလိုရင်း ဒီလိုဖတ်တတ်ရင်ကောင်းတာပဲလို့ထင်စရာရှိတယ် မှားတယ်လို့တော့မဆိုနိုင်ပေမယ့် အပြည့်အဝမှန်တယ်လို့တော့ မဆိုနိုင်ပါဘူး


ဥပမာဆိုပါတော့ တေးဂီတလောကမှာ ကျွန်တော်တို့ GOAT တပါးလိုမှတ်ယူတဲ့ #ကိုငှက်ကြီး (ခေါ်) #ထူးအိမ်သင် 

သူ့ကိုကျွန်တော်တို့က အသံကောင်းလို့ကြိုက်ကြတယ်လို့ထင်လား 


အသံကောင်းတယ်ဆိုတာဘာကိုခေါ်လဲ အော်နိုင်တာကိုလား ဆွဲငင်နိုင်တာကိုလား အသံလုံးကြီးတာကိုလား မမောတန်းသီဆိုနိုင်တာကိုလား 


ဒီလိုဆိုရင် ဂီတလောကမှာ ကိုငှက်ထက် အော်နိုင် ဆွဲငင်နိုင် မမောမပန်းဆိုနိုင် အသံအားကောင်းသူတွေရှိကြတာဘဲ ဘာကြောင့်သူ့လောက်စွဲစွဲငြိငြိမဖြစ်ရတာလဲ ဒီလိုဆိုရင် ဒါတွေက အရေးပါပေမယ့် အဓိကမကျလှဘူးလို့ဆိုရမလိုဖြစ်သွားတယ်မဟုတ်လား


ကိုယ်တော့ သူ့ရဲ့ခံစားသက်ဝင်နိုင်စွမ်းကြောင့် အများရင်နဲ့ ထပ်တူကျစေတာလို့ထင်တယ်


ပြီးတော့ အလုပ်တခုမှာရိုးသားဖို့လိုတယ်တဲ့ 


အသိပညာပေးလိုက်မယ် အတတ်ပညာပေးလိုက်မယ် ပရိတ်သတ်ကြိုက်မယ်ထင်လို့ ဘာညာစတာတွေထက် ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံးလုပ်နေခြင်း လုပ်ဖို့ကသာ ပိုအရေးကြီးတာမဟုတ်လား


ခု Doh Khit ဒို့ခေတ်ယူကျုချန်နယ်ကိုညွှန်းဆိုချင်တာလည်း ဒါကြောင့်ပါ

အသံစာအုပ်လောကမှာ သူတို့ထက် အသံကောင်းသူတွေရှိကောင်းရှိမယ်

သူတို့ထက် စကားပီပီစာဘောင်ပဲ့ပဲ့ ပြောဆိုနိုင်သူတွေရှိကောင်းရှိမယ်

အသံချိုသာသူ အသံဩဇာကောင်းသူတွေလည်းရှိကောင်းရှိမယ်


သို့ပေမယ့် သူတို့ရဲ့သက်ဝင်ခံစားနိုင်မှု စိတ်နှစ်အားထုတ်မှုက ဖြတ်သွားဖြတ်လာနားထောင်ကြည့်ရင်ကို တဘာသာခြားနားနေတာကို ကြားသိနိုင်ပါလိမ့်မယ်


#ဈရ်ကြီး ဆိုရင် ခံစားရသမျှကို တမ်းတမ်းတတ လွမ်းလွမ်းဆွေးဆွေး ကြေကြေမြေ့မြေ့ ပြောပြတာတွေဆိုရင် ကျာမကြီးငယ်သာသနာ့နွယ်ဝင် ဘယ်နေရာကမဆိုကို ပိုင်နိုင်တာ

အဲ ဒီလိုပြောလို့ အဆွေးသမားသက်သက်လို့ချည်း တလိုင်းမောင်းလို့မထင်လိုက်နဲ့အုံး 


ဆရာမြသန်းတင့်ရဲ့ စုံထောက်ဇာတ်လမ်းဖတ်ပြတာများ လုံးဝအငြိမ် 


#ကိုသောင်းရီ ဆိုရင်လည်း ဟာသကဲတဲ့စာတွေမှာ သူ့အသံကြားတာနဲ့ကို အလိုလိုပြုံးမိသွားသည်အထိ တကူးတကဘာမှပြင်ဆင်အားထုတ်စေရာမလိုအောင်ကို ပါရမီထူးလှသူလို့ထင်ရပေမယ့် သူ့ပထမဆုံးဖတ်ခဲ့တဲ့ (အောင်မြေ ထင်တယ်) စာအုပ်မှာ နည်းနည်းထောင့်တော့ ကိုယ်တော့ပါရမီဆိုတာထက် အားထုတ်မှုကြောင့် အသားကျသွားတာလို့ ယူဆမိတယ် 


ခုတော့သူ့လိုင်းမှာဘုရင်ပဲလို့ ကော့နေအောင်လက်မထောင်လို့ရတယ်


ပြီးတော့ အေးအေးဆေးဆေးထိုင်ပြောတာတာမျိုးဆိုရင်လည်း အတော့်ကိုပေါ့ပေါ့ပါးပါးရှိတယ်


#အမောင်နွားကျောင်းသား ကို ညွှန်းစရာများစွာထဲက ကိုယ်သဘောအကျဆုံးက အမျိုးသမီးသံနဲ့ပြောတာတွေပဲ လွယ်ပါတယ်နှာလေးကပ်လို့ ဘယ်သံလေးခိုးပြောရင်ဖြစ်တာပဲလို့ ထင်နိုင်ကြပေမယ့် ထင်သလောက်မလွယ်ဘူးဗျ 


ယောက်ျားလေးက အမျိုးသမီးသံပြောတာတွေ အသံဇာတ်လမ်းတွေမှာကော အသံစာအုပ်လောကမှာပါ အများအပြားကိုယ်နားထောင်းဖူးပါတယ်


တယ်မစွဲငြိလှဘူး လှောင်နေသလိုလို ရွဲ့နေသလိုလို တမင်လုပ်ထားတဲ့ဟန်ကြီးက သိပ်ပေါ်လွင်နေတယ်လို့ထင်တယ် သူကအသံဟန်မူထိမ်းညှိတာအတော်ကောင်းတယ် ညုတုတု ခရာတာတာကအစ ဒေါနဲ့မောနဲ့ပြောတာတွေမှာတောင် ဟန်လေးမပျက်ဘဲ ပြောနိုင်တာအံ့မခန်းပဲ


ပြီးတော့ အသံအကူတွေ သီချင်းတွေမှာ ကိုသောင်းရီဖတ်တာတွေက အသံအကူသိပ်မထည့်ရပေမယ့် Hazel Vlogs ဈရ်ကြီးနဲ့ကိုနွားတို့ဖတ်တဲ့ စာအုပ်တွေမှာ ဘယ်လောက်တောင်ပြင်ဆင်အားထုတ်ထားလည်းဆိုတာ သိပ်မြင်သာတယ်


တလောက မီးရထားစက်သံကို ခွေးသံနဲ့အတုလုပ်ဖန်တီးပြထားတာကိုတွေ့တော့ ဈရ်ကြီးကိုအတော်သဘောကျသွားတယ် ဖန်းတီးနိုင်မှုနဲ့ အနီးအပါးက ကြားနေကြအသံတွေကိုပဲ အံဝင်ခွင်ကျ သုံးပြသွားတဲ့ ကြားသိအမြင်ကိုပါ


ဒါတွေကြောင့်ဘဲ တော်လှန်ရေးအတွက်ထောက်ကူဖို့ဆိုတဲ့ စိတ်သက်သက်နဲ့ဖွင့်ထားတာထက် နည်းနည်းလေးပိုစိတ်နှစ်ပြီး နားထောင်ကြည့်လိုက်ပါ သူတို့ရဲ့အားထုတ်မှုကို လုံးဝသဘောကျသွားစေရမယ်လို့ မုချအာမခံပါတယ်

.

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး