သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, February 1, 2026

Sight & Sound in Love (2025) (ဇာတ်ကား🖊 တွေး၊ညွှန်း)



 Sight & Sound in Love (2025) (ဇာတ်ကား🖊 တွေး၊ညွှန်း)

.

ဒီကားလေးက တွေ့ဖူးနေကျ အချစ်ကားလေးတွေနဲ့ ဇာတ်လမ်းတည်ဆောက်ပုံ သိပ်မခြားနားဘူးလို့ ဆိုလို့လည်းရနိုင်ပါတယ်


ဒါပေမယ့် တိမ်းမူးဖွယ်အပြင်အဆင်တွေ

ဇွတ် cute နေတဲ့ပြကွက်တွေ 


အားနည်းချက်ကို အထူတလည်အသားပေးဖော်ပြရင်း ကရုဏာကိုအသုံးချလို့ လက်ခုတ်သံကိုလှည့်စားရယူမယ့် ပြကွက်မျိုးတွေမပါပဲ ပကတိအရှိတရားနဲ့ ရိုးရိုးလေးပဲဇာတ်လမ်းတည်ဆောက်ထားတယ်


ပြီးတော့ ချို့ယွင်းချက်ကိုယ်စီရှိနေကြတဲ့ဘဝမှာ ချောင်မှာထိုင်ငိုင်လို့ ဘဝကိုလက်မြှောက်အရှုံးပေးလိုက်ဖို့ထက် ရှေ့ဆက်ဖို့ အကောင်းဆုံးဆက်လျှောက်နိုင်ဖို့ ကြိုးစားနေကြတဲ့ အားမာန်နဲ့ ရဲရင့်မှုက ဘဝရဲ့ ပြီးပြည့်စုံတဲ့ စစ်မှန်တဲ့ အလှတရားတခုအဖြစ် ပေါ်လွင်သွားစေခဲ့တယ်


သူတို့ရဲ့ ပကတိရုပ်ရည်သွင်ပြင် ဇာတ်ကောင်ရဲ့ အားနည်းချက်အစိတ်အပိုင်းလေးတွေကိုမေ့လို့ ပျောက်ကွယ်သွားလို့ သဘောကျနှစ်သက်သွားစေအောင် ဆွဲဆောင်အားကောင်းခဲ့တယ် 


နောက်ဆုံးအနေနဲ့အနှစ်ချုပ်ရရင် 


နှစ်ဆယ်တစ်ရာစုကို တမတ်တာကျော်လာပြီးကာလမှာ

နည်းပညာအထောက်အကူပစ္စည်းတွေရဲ့ စွမ်းရည်ကြောင့် ကိုယ်ကာယပိုင်း ချို့ယွင်းချက်ရှိသူနဲ့ သာမန်လူတွေကြားမှာ ကွာခြားမှုကျဉ်းမြောင်းသွားပြီဆိုတာ လက်တွေ့ကျကျ ချပြသွားတဲ့ ဒါရိုက်တာ ကိုလည်း ကျေးဇူးတင်မိတယ်


Directed by Sandosh Kesavan

Arun Kumaran and Rupini Krishnan

https://t.me/kolayinde1/1163?single

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

ကိုလေး ☆ အင်းတဲ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး