သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Sunday, February 15, 2026

Baby Girl (2026) ကလေးခိုးမှု

 


Baby Girl (2026) ကလေးခိုးမှု
.
အိန္ဒိယဒေသအနှံ့အပြားက ဇာတ်ကားတွေကို စိစစ်ကြည့်ရင် အများစုက လွန်ကဲတဲ့ သရုပ်ဖော်မှုတွေနဲ့ ဖော်ကျူးကြတာများတယ် 

မြင်သာတဲ့အသွင်သဏ္ဍာန်ပိုင်းမှာဆိုရင်
လွန်ကဲတဲ့ ခန်းနားထည်ဝါ သန်ရှင်းသပ်ရပ်လှပမှုကိုလည်း ပြသကြသလို့ လွန်ကဲတဲ့ညစ်ပတ်စုတ်ပြတ်မှုကိုလည်း ပြသတတ်တယ်

အကျင့်စရိုက်ပိုင်းမှာဆိုရင်
လွန်ကဲတဲ့ ရိုးဖြောင့်မှု လွန်ကဲတဲ့ ကောက်ကျစ်လှည့်စားမှု
လွန်ကဲတဲ့ ကောင်းမွန်ထက်မြက်မှု လွန်ကဲတဲ့ ဆိုးယုတ်မှု
လွန်ကဲတဲ့စွန့်လွှတ်အနစ်အနာခံမှု လွန်ကဲတဲ့ အာရုံတပ်မက်မှု စွဲလန်းမှုကိုလည်းပြတတ်ကြတယ်

ပြီးတော့အမူအရာပိုင်းမှာလည်း 
ပျော်ရွှင်ရာ စိတ်ညစ်ရာ ချစ်ကြည်နူးရာတွေမှာ လွန်လွန်ကဲကဲ ခံစားမှုကိုဖော်ပြတတ်ကြသလို
လွန်ကဲတဲ့လေးနက်တည်ငြိမ်မှုကိုလည်း သူတို့က သဘောကျကြပြန်ရော ပြတတ်ကြပြန်ရော

ဘယ်လိုလဲဆိုတော့ စုံစမ်းထောက်လှမ်းတဲ့ အကွက်ချစီမံတဲ့ဇာတ်လမ်းတွေဆိုပါတော့ မျက်နှာကြီးတွေက တမင်ကိုခတ်တည်တည်ကြီးတွေနဲ့ အလေးအနက်စဉ်းစားနေပါတယ် လုပ်ဆောင်နေပါတယ်ပေါ့

ကိုယ်တော့ဖြင့် ဒီမျက်နှာထားကြီးတွေတွေ့တိုင်း ဝမ်းများချုပ်နေလို့ သူတို့မျက်နှာကြီး ဒီလိုဖြစ်နေတာများလို့ တွေးမိတွေးမိပြီး ရယ်မိရင်း ဇာတ်လမ်းနဲ့ကင်းကွာကင်းကွာသွားတာ

ပြောချင်တာက အန္ဒိယဒေသအဝှမ်းကထွက်သမျှကားအများစုက လွန်ကဲတဲ့အစွန်းတဖက်ကနေ တင်ပြထားတာမျိုးသာများတယ်လို့ဆိုလိုချင်တာပါ

ဒါပေမယ့် မာလေယာလမ်ကားတွေကတော့ တဘာသာခြားနားတယ်
သဘာဝကျမှုကိုပဲအသားပေးတယ်လို့လည်းယူဆတယ်

ဒီကားလေးက မွေးကင်းစကလေး ခိုးယူခံရခြင်းအကြောင်းပါ
လူ့စိတ်သဘောဆိုတာ ပုထုဇဉ်အားလျှော်စွာ ကောင်းမှုမကောင်းမှုကလည်း ကိန်းသေမဟုတ်ဘဲ အခြေအနေအကြောင်းကြောင်းကြောင့် အခါသင့်သလိုဖြစ်ပေါ်နိုင်တာပဲမဟုတ်လား 

အရိယာသူတော်စင်မဟုတ်ရင် အမြဲတမ်းကောင်းနေနိုင်မှာလည်းမဟုတ်သလို
လူတိုင်းအပေါ် အမြဲယုတ်မာဖို့ချည်းတွေးနေမှာတော့လည်း မဟုတ်လောက်ပါဘူး
သူကောင်းချင်တဲ့သူအပေါ်တော့ မှန်းဆမရအောင် စေတနာ မေတ္တာမိုးတွေစွေနေနိုင်တာပဲမဟုတ်လား

ဇာတ်ကားလေးကဒီသဘောပါ
.
https://t.me/kolayinde1/1247
.
Directed by Arun Varma, 
starring Nivin Pauly, Lijomol Jose, and Sangeeth Prathap. 
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
ကိုလေး ☆ အင်းတဲ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး