သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Tuesday, December 2, 2025

တနေ့ရွှေတနေ့ငွေ

 

တနေ့ရွှေတနေ့ငွေ

.

စကားကိုတနေ့တမျိုး အမျိုးမျိုးဗလောင်းဗလဲပြောတတ်သူကို သမုတ်တာပါ ဒီစကားလေးက ဘယ်ကဘယ်လိုစတင်ဖြစ်ပေါ်လာလဲသေချာတော့မသိဘူး 


ဇာတ်တော်တွေထဲမှာတော့ ဇာတ်လမ်းလေးတခုရှိတယ်ဗျ


အမျိုးသားတယောက်က အလှသတင်းကျော်ဇောတဲ့အမျိုးသမီးကို ရွှေလင်ဗန်းမှာ အကောင်းဆုံးပိုးဖဲပုဝါအသုံးအဆောင်တွေနဲ့ လက်ဆက်နိုင်ဖို့ လာရောက်ကြောင်းလမ်းတယ်


အမျိုးသမီးကပယ်ချလိုက်တယ် 


ဒီလိုနဲ့‌နောက်တနှစ်မှာ ထိုသူထပ်ရောက်လာတယ် 

ဒီတခါမှာ ငွေလင်ဗန်းနဲ့ပါ အမျိုးသမီးကငြင်းလိုက်ပြန်ပါတယ်


ဒီလိုနဲ့ပြန်သွားပြီး နောက်တခေါက်ရောက်လာပြန်တယ် ဒီတခါရှေ့ကထက်ပိုဆိုးတယ် ကြေးလင်ဗန်းကြီးနဲ့ကိုး 


ဒီတော့ အမျိုးသမီးဖက်ကအသိုင်းအဝိုင်းကတင်းတာပေါ့ 

လောကသဘောအရ မရနိုင်ဘူးဆိုရင် ပိုပိုပြီးတန်ဖိုးမြှင့်ကမ်းလှမ်းသင့်တာမဟုတ်လား ခုတော့တခေါက်ထက်တခေါက် ပိုပိုနည်းနည်းသွားတော့ စော်ကားရကောင်းလားဆိုပြီးကောရာမှာ 


ထိုသူက အလှဆိုတာ ရုပ်ခန္ဓာနဲ့ဆက်ဆိုင်တာမို့ ခန္ဓာရဲ့သဘောက တနေ့ပြီးတနေ့ ပျက်စီးချင်းဖက် ယို့ယွင်းခြင်းဖက်ဦးတည်နေတာမို့ အလှရဲ့တန်ဖိုးအတိုင်း သူ့ကမ်းလှမ်းမှုကလည်း လျှော့လျှော့ပေးရတယ်လို့ ဆိုပါတယ်


‌ဒီစကားက ဒီဇာတ်တော်ကနေ ယူတယ်ဆိုရင်တော့ တနေ့ရွှေတနေ့ငွေဆိုတာ ‌ဗလောင်းဗလဲပြောင်းလဲခြင်းသဘောထက် ဆုတ်ယုတ်ပျက်စီးခြင်းသဘောကို ရည်ရွယ်တယ်လို့ ဆိုရမှာပေါ့ဗျာ

.

.

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး