ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Tuesday, September 30, 2025

မြိုင်ရာဇာတွတ်ပီစာအုပ်များမှ ရသထဲကအသိပညာ

 


မြိုင်ရာဇာတွတ်ပီစာအုပ်များမှ ရသထဲကအသိပညာ

ပညာပေးဇာတ်လမ်းတွေ ဇာတ်ကားတွေအတော်များများ ကိုယ်ကြည့်ဖူးဖတ်ဖူးနားထောင်ဖူးပါတယ်


အများစုကအသိပေးလိုတဲ့ချက်အလက်အပေါ်မှီလို့ ဇာတ်လမ်းရေးဖွဲ့ထားကြတာဆိုတော့ ဗဟုသုတအရာအလို့ငှာ တဒင်္ဂအားဖြင့်တော့ မှတ်သားမိပေမယ့်အရှည်သဖြင့် စွဲငြိသွားတာမျိုးတော့မဖြစ်ဘူး 


ပြန်လည်ခံစားဖို့လည်း စိတ်မပါဘူး


ဆရာဆွေမင်း (ဓနုဖြူ) မှာတော့ စာအုပ်တိုင်းနီးပါးဟာ အတွေးအမြင်အမှားတွေ ယုံကြည်မှုအလွဲတွေကို အသိပညာပေးရင်း ဖြေရှင်းပြတတ်သလို


တခါတခါလည်း အကြောင်းအရာတခုကိုတည်လို့ အထူးပညာပေးဇာတ်လမ်းလေးတွေ ရေးဆွဲတတ်ပါတယ် 


ဒီထဲကမှ အချက်အလက်အသားပေးတဲ့ ခြင်ဆိုးအန္တရာယ်လိုဇာတ်လမ်းမျိုးလည်းရှိပေမယ့်


အများစုက ဇာတ်လမ်းထဲမှာအသိပညာကို ပါးပါးလေးပေးထားတာမျိုးပါ


ပရိတ်သတ်ကြိုက်တာလည်းပေးရင်း ကြိုက်သင့်တာကိုလည်း လက္ခံသူအဆင်ချောအောင် လိုလိုချင်ချင်ရှိအောင် သေသေချာချာထုတ်ပိုးပြင်ဆင်‌ပေးတဲ့သဘောမျိုးပေါ့


ခွေးရူးကိုက်မှမဟုတ်ဘဲ ထိုရောဂါပြန့်ပွားတတ်ကြောင်း

သွေးစုပ်သတ္တဝါဆန်းများ'ဆိုတဲ့စာအုပ်မှာ အသိပညာပေးထားသလို


တောမုဆိုး၏အံ့ဖွယ်ပြဿနာ'မှာဆိုရင်လည်း အရွက်လေးတခုကို ရေနွေးထဲထည့်ခပ်သောက်ရာက ကြောင်သလိုလိုဖြစ်လို့ နောက်ဆုံးကိုယ့်ကိုယ်ကိုသတ်သေဖို့တောင် ကြံစည်မှုဖြစ်သွားပုံကို ဇာတ်လမ်းလေးရေဖွဲ့ထားတာ 


အခြားလည်း TB ရောဂါပညာပေးတွေ AIDS ပညာပေးတွေ အပမှီသလိုလို သရဲခြောက်သလိုလိုဖြစ်တာလေးတွေ ဖြေရှင်းသွားတာ ပညာပေးသွားတာတွေကလည်းနှစ်သက်စရာ

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

သန်းထွန်းလေး ☆ အင်းတဲရွာ



No comments:

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး