ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Monday, June 9, 2025

Running man ep 35


Running man ep 35

Https://www.youtube.com/@thantunlayinde 

.

၃၅

Guests: Daesung (Big Bang), Jung Yong Hwa (CN Blue)

Site: Han River, Nanji Campsite

နွေဦးအကြိုမို့ ပျော်ပွဲစားထွက်ကြဖို့ရည်ရွယ်ရင်း ကစားပွဲဖန်တီးထားတယ် နှစ်ပိုင်းဆက်ပါ


မြစ်အညာကနေ စုန်ဆင်းလာမယ့် မော်တော်ပိုင်ရှင် ဆုန်းဂျီဟျို'က လမ်းခရီးဆိပ်ကမ်းက နှစ်သက်သူတွေကိုရွေးတင်လို့ ကိုယ်ပိုင်အဖွဲ့ဖွဲ့ဖို့ အာဏာရတယ်


သူမစိတ်တိုင်းကျအဖွဲ့ကတော့ ရှေ့အပတ်က ယူအီး'တို့ကိုရှာကြတုန်းကအတိုင်းပါပဲ


အေးရိပ်မပြယ်သေးချိန်မို့ ချမ်းချမ်းစီးစီးကြားက အတူလိုက်ပါခွင့်ရဖို့ ခိုင်းသမျှလုပ်ဆောင်ရင်း ဖားကြရသူများ

မလိုက်ရသူတွေကတော့ သီးခြားအသင်း


ထူးခြားတာက သူတို့သည်လိုအလုပ်ရှုပ်နေစဉ်မှာပဲ စောင့်ကြည့်နေတဲ့ စပိုင်နှစ်ယောက်


အပန်းဖြေစခန်းချရာ နမ်ဂျီ'အရောက်မှာတော့ ဧည့်သည်နှစ်ယောက်အတွက်မစ်ရှင်က ထင်းလေးချောင်းရှာရမှာ 

သဘောကတော့ ချက်ပြုတ်ကြော်လှော်စားဖို့ရာ မီးမွှေးဖို့ပေါ့


လိုက်ပါမှတ်တမ်းပြုပေးမယ့် VJ ခွဲတမ်းချစဉ်မှာပဲ အင်္ကျီအရောင်ထင်ရှားလွန်းပြီး ကင်မရာကိုင်ပုံသိသယလွန်းတာကြောင့် စိတ်မမေးနိုင်ဘဲ စောဒကတက်ခဲ့တဲ့ ဒယ်‌ဆောင်း


သူ့ကြောင့်ပဲ ဖရဲသီးညီအစ်မ'ရယ်လို့ ထိုအမျိုးသမီး VJ တွေမှာ အမည်ရသွားသည်အထိ


အရင်ဆုံးရောက်လာတဲ့ ရွေးချယ်ခံကံထူးရှင်အသင်းကိုမစ်ရှင်ပေးရာမှာ "ဧည့်သည်တွေကို ရှာပါလို့' တွေ'ဆိုတဲ့ ဗဟုဝုစ်ကိန်းထည့်ပြောမိတဲ့ PD ချို'ကြောင့် 


စကားအထအနကောက်ကျွမ်းတဲ့ အပြေးသမားလူလည်ကြီးအပြာအသင်း ဧည့်သည်က တယောက်တည်းမဟုတ်ဘူးဆိုတာ ကြိုတင်သိရှိသွား 😄


အပယ်ခံအသင်းရောက်လာချိန်မှာတော့ ချန်ထားခဲ့ရက်သူကို ဝိုင်းဝန်းသမှတ်ကြတာ စုံလို့ပေါ့ဗျာ

မြွေဟောက်မ 

သစ္စာဖောက်ခေါင်းဆောင်'တဲ့ စုံလို့ပုံလို့ ဂလဲ့စားချေ


အံမယ်အမြဲတကျက်ကျက်ဖြစ်နေတဲ့ ဟားဟား'က ကပ်ဖားသွားသေးတယ် သူတို့ကြောင့်လုပ်ရတာပါဆိုပဲ


ဒီလိုနဲ့ပေါ့ ရှာနေစဉ်အတွင်းမှာပဲ တပိုင်းရပ်လို့ 

နောက်အပိုင်းမှာဆက်ရန်တဲ့

🌹အထူးအချက် 

ယောင်းဝှာ စတုတ္ထအကြိမ် (၇ ၊ ၁၁ ၊ ၁၇)

ဒယ်ဆန်း'ပညတ်ခဲ့တဲ့ ဖရဲသီးVJ


ဒုတိယမြောက်ရေလမ်းခရီး

ပထမဆုံး ဆိပ်ကမ်းကပ်အဖွဲ့သားစုစောင်း

ကြည့်ရန်

Https://t.me/rmkolayinde 

#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်


























































































































 

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

Myanmar dictionary app အညွှန်း

  https://play.google.com/store/apps/details?id=mm.technomation.ka_aha_dictionary

အထူး