သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, May 17, 2025

Running Man ep 5


Running Man ep 5
Https://www.youtube.com/@thantunlayinde 
.
Guests · Jessica · Nichkhun · Song Ji-Hyo

ဒီထိကို ဆုန်းဂျီဟျို'က အမြဲတမ်းအဖွဲ့ဝင်အဖြစ်မဟုတ်သေးဘဲ လေးပိုင်းဆက်ပါဝင်တဲ့ ဧည့်အဖြစ်သာရှိပါသေးတယ်

ရှေ့အပိုင်းရဲ့အဆက်ဖြစ်တာကြောင့်
အမှိုက်ပုံးတွန်းတာကနေစတယ် 

ဒီပြိုင်ပွဲမှာနောက်ဆုံး ဆောင်းဂျွန်ကီ'ရဲ့မပြတ်သားတဲ့ကန်ချက်နဲ့ စည်းအတွင်းမှာပဲရှိနေခဲ့တဲ့ လီဂွမ်ဆူ'ကြောင့် လူကြီးအသင်းက အနိုင်ရရှိသွားခဲ့ပါတယ်

ထိုနေ့ကို ၎င်းကစားပွဲနဲ့ပဲအဆုံးသတ်လို့ နောက်တနေ့မှာတော့ ရေကူးကန်အတွင်းပြန်လည်ရောက်ရှိသွားတယ် 

အစောပိုင်းမှာတောက်လျှောက်အသုံးပြုခဲ့တဲ့ ဓါတ်ပုံရိုက်ပြိုင်ပွဲအတွက်ပါ ဒီမှာတော့ ဂယ်ရီ'ရဲ့ ထူးခြားတဲ့ပင်ကိုယ်အရည်အသွေးနဲ့ ကလေးအသင်းကအနိုင်ရရှိသွားပါတယ်

နောက် နားချိန်မှာတော့ ယူဂျယ်ဆော့'က ဆိုဒါနဲ့ကိုလာ'ကို သူ့ဇိဝှာရဲ့ အရသာခံနိုင်စွမ်းစကေးပြမှာပါ

နောက်စုဗူးပြန်ရှာကြရာမှာ အမှား‌ကိုတွေ့သွားလို့ ပြစ်ဒဏ်အနေနဲ့ အာကာသယာဉ်မှူးများ အာကာသကိုလွှတ်တင်ချိန်အရှေ့အနောက်တောင်မြောက် ဦးတည်ရာမရှိ ပုံစံမျိုးစုံ ချာချာလည်နေတဲ့ထိုင်ခုံမှာထိုင်လို့ ခံရတဲ့ဒုက္ခကို စာနာနားလည်နိုင်ဖို့ ဖန်တီးထားတဲ့ခုံမှာ ပြစ်ဒဏ်ခံယူရတဲ့ 'ဆုန်းဂျီဟျို

ပြီးနောက်မှာတော့ မြန်မာနိုင်ငံက ဘတ်စ်ကားစီးသူတို့ရဲ့ဒုက္ခကိုစာနာနားလည်နိုင်ဖို့အလို့ငှာ လူပိတ်သတ်ကြပ်ညပ်နေတဲ့ကားပေါ်ကနေဆင်းမှာဖြစ်ပါတယ် 😁

ဒီပြိုင်ပွဲမစခင်မှာ ဂယ်ရီ နဲ့ ကင်ဂျုံကု တို့က သူတို့ရဲ့အကစွမ်းရည်ကို ထုတ်ပြခဲ့ကြပါသေးတယ်

ပြီးနောက်မှာတော့ စုဗူးပြန်ရှာခဲ့ကြပြီး
နောက်ဆုံးငွေရေတွက်စဉ်မှာ
၂၂၉၀၀၀၀
၁၅၃၄၀၀၀ နဲ့ ကလေးအသင်းက အနိုင်ရရှိသွားခဲ့ပါတယ်


ပြစ်ဒဏ်ခံချိန်မှာ ဇရာရဲ့ဒဏ်ကြောင့် နုပျိုသူတွေလိုတောင့်မခံနိုင်ဘဲ အနားယူဖို့တောင်း‌ဆိုနေတဲ့ခန္ဓာအလိုကျ မတ်တတ်ကြီးမှေးစက်နေတဲ့ ကိုနှာခေါင်းကြီး

ငွေရေတွက်ပြီးချိန်မှာ ပွဲစဉ်တလျှောက်အကောင်းဆုံး ရေကုန်ရေခမ်းကြိုးစားခဲ့ပေမယ့် ကံကြမ္မာကကျီစယ်လို့ ရလဒ်ကပြောင်းပြန်ဖြစ်လာတဲ့အခါ စိတ်ပျက်သွားတဲ့ ဆုန်းဂျီဟျို'ရဲ့မျက်လုံးနဲ့ အမူအရာက ကိုယ့်ကိုပါကူးစက်လို့ နာကျင်ရတယ် 😢

တကယ်ပါ သူမရဲ့အားထုတ်မှုက 
ဒီထက်ပိုပြီးထိုက်တန်ခဲ့ပါတယ်
.
.
ကြည့်ရန်
https://t.me/rmkolayinde
.
.
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်
.
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်





































































































No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး